မြေပဲဈေးနှုန်း ကျဆင်းသွားသည့်အတွက် မြေပဲဆီဈေးနှုန်းကျဆင်း

  • Fri, 1 December 2023

မြေပဲဈေးနှုန်း ကျဆင်းသွားသည့်အတွက် မြေပဲဆီဈေးနှုန်းကျဆင်း


နိုဝင်ဘာလ (၂၀)ရက်နေ့တွင် မုံရွာနှင့် မန္တလေးဈေးကွက်များ၌ မြေပဲဈေးနှုန်းများ ကျဆင်းမှုကြောင့် မြေပဲဆီဈေးနှုန်းများ ကျဆင်းသွားခဲ့ပါသည်။ အဆိုပါရက်များ၌ မုံရွာ ကုန်စည်ဒိုင်တွင် မြေပဲဆီ လက်ကားဈေးနှုန်းသည် တစ်ပိဿာလျှင် (၁၁,၅၀၀)ကျပ်နှင့် နှမ်းဆီ လက်ကားဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၂,၀၀၀)ကျပ် ရှိပါသည်။ ဇူလိုင်လ အစောပိုင်းတွင် မြေပဲဆီ ဈေးနှုန်းသည် တစ်ပိဿာလျှင် (၁၃,၀၀၀)ကျပ်မှ (၁၃,၅၀၀)ကျပ်အထိနှင့် နှမ်းဆီဈေးနှုန်းမှာ တစ် ပိဿာလျှင် (၁၂,၀၀၀)ကျပ်မှ (၁၂,၅၀၀)ကျပ်အထိ ဈေးနှုန်း မြင့်တက်ခဲ့ပါသည်။

နိုဝင်ဘာလ (၂၆)ရက်နေ့၊ နောက်ဆုံးအပတ်၌ စားအုန်းဆီလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄,၉၀၀)ကျပ်အထိ ရှိပါသည်။ မန္တလေးဈေးကွက်တွင် မြေပဲဆီ လက်ကားဈေးနှုန်း နှင့် စားအုန်းဆီ လက်ကားရည်ညွှန်း ဈေးနှုန်းများကြား ကွာဟချက်မှာ ခန့်မှန်းခြေ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်မှ (၇,၀၀၀)ကျပ်အထိရှိပါသည်။ (၁၈)လီတာဆံ့ စားအုန်းဆီပုံး၏ ဈေးနှုန်းကွာဟချက်မှာ တစ်ပိဿာလျှင် (၃,၀၀၀)ကျပ်မှ (၅,၀၀၀)ကျပ်ရှိပြီး ကွာဟချက် ကျဉ်းမြောင်းလာပါသည်။

ရန်ကုန်ဈေးကွက်တွင် စားအုန်းဆီ လက်လီရည်ညွှန်းဈေးနှုန်း နှင့် မြေပဲဆီဈေးနှုန်းတို့၏ ကွာဟချက်မှာ တစ်ပိဿာလျှင် (၁၀,၀၀၀)ကျပ်အထိရှိပြီး မြေပဲဆံဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇,၀၀၀)ကျပ်အထိ ရှိခဲ့ပြီး စားအုန်းဆီဈေးနှုန်းထက်ပို၍ မြင့်တက်ခဲ့ပါသည်။

ဝယ်လိုအား ကျဆင်းခြင်းနှင့် ပြည်ပဝယ်လိုအား မရှိခြင်းတို့ကြောင့် လက်ရှိ မြေပဲဆံ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁,၀၀၀)ကျပ်ခန့် ကျဆင်းသွားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ နှစ်လယ် ပိုင်းတွင် မြေပဲဆံဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇,၀၀၀)ကျပ်အထိ ကျဆင်းသွားခဲ့ပါသည်။

မြေပဲဆံ အရည်အသွေးပေါ်မူတည်၍ မြေပဲဆီထုတ်လုပ်မှုမှာ အမျိုးမျိုး ကွဲပြားလျက်ရှိပါ သည်။ မြေပဲဆံတစ်ပိဿာလျှင် မြေပဲဆီ (၃၈-၄၃)ကျပ်သား နှင့် မြေပဲဖတ် (၅၀)ကျပ်သားခန့် ထွက်ရှိပါသည်။ အမြင့်ဆုံးထွက်ရှိမှုမှာ မြေပဲဆီ (၄၅)ကျပ်သား ဖြစ်ပါသည်။

လက်ရှိတွင် တရုတ်ဝယ်လက်များသည် အချဉ်ဓာတ် စမ်းသပ်မှုအောင်မြင်သောကြောင့် မိုးနှမ်းများကို မျက်စိကျလျက်ရှိသဖြင့် နှမ်းဈေးနှုန်းမှာ (၁၅)ပိဿာဝင်ဆန့်သော (၁)တင်းလျှင် (၁၀၀,၀၀၀)ကျပ်အထိ မြင့်တက်လာခဲ့ပါကြောင်း (၂၂-၁၁-၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.gnlm.com.mm ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/peanut-oil-price-dips-tracking-decline-in-peanut-price/ 


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ