ထောပတ်သီးဈေးကွက်သည် နိုင်ငံခြားဝယ်လိုအား မြင့်မားလာသောကြောင့် ဈေးနှုန်းကြီးမြင့်နိုင်ချေရှိ
- Fri, 3 November 2023
ထောပတ်သီးဈေးကွက်သည် နိုင်ငံခြားဝယ်လိုအား မြင့်မားလာသောကြောင့် ဈေးနှုန်းကြီးမြင့်နိုင်ချေရှိ
ယခုနှစ် ပွင့်လင်းရာသီတွင် ပြည်ပနိုင်ငံများမှ ဝယ်လိုအား နှင့်ဈေးနှုန်းများမြင့်တက်လာပြီး ဈေးကွက်အလားအလာ တိုးမြင့်လာကြောင်း မြန်မာနိုင်ငံ ထောပတ်သီးထုတ်လုပ်ရေးနှင့် တင်ပို့ ရောင်းချသူများ အသင်းမှသိရပါသည်။
ထောပတ်သီး ၁ ကီလိုလျှင် ကြမ်းခင်းဈေး ၃၅၀၀ ကျပ်ဖြစ်ပြီး ယခင်နှစ်က ၁ ကီလို လျှင်၂၅၀၀ ကျပ် ထက် ၁၀၀၀ ကျပ်မြင့်တက်လာပါသည်။ ထောပတ်သီး၏ အရည်အသွေးပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပါသည်။
Hass ထောပတ်သီး ခူးဆွတ်ရာသီစတင်ပြီဖြစ်သောကြောင့် ထောပတ်သီးအထွက်နှုန်းလည်း တိုးလာနိုင်ကြောင်း အသင်းက ပြောပါသည်။
Hass ထောပတ်သီးသည် အောက်တိုဘာလကုန်တွင် ဈေးကွက်သို့ စတင် ၀င်ရောက်မည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံက မြန်မာ့ထောပတ်သီးကို ဝယ်ယူရန် အဆိုပြုလာပါသည်။ ထောပတ်သီး ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်သူများသည် ခိုင်မာသော စျေးကွက်ရှိရန်နှင့် နိုင်ငံတကာ ဈေးကွက်များကို ပိုမိုထိုးဖောက်နိုင်ရန် ကြိုးပမ်းအားထုတ် ကြမည်ဖြစ်ပါသည်။
စားသောက်ကုန်လုပ်ငန်းအပြင် ထောပတ်သီးအခြေခံထုတ်ကုန်များအတွက် စျေးကွက် ဖန်တီးမှုကို ပံ့ပိုးပေးရန်လိုအပ်ပါသည်။ ထောပတ်သီး အနုအရင့်ကိုခွဲခြားရွေးချယ်ရန် အသိပညာပေး လှုပ်ရှားမှုတစ်ခု လိုအပ်ပါသည်။
တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် တရားဝင်ကုန်သွယ်မှုအတွက် G-to-G သဘောတူညီချက် များရရှိ ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ထောပတ်သီးကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တို့တွင် စိုက်ပျိုးပါသည်။
ထောပတ်သီးသည် နှစ်ရှည်သီးပင်ဖြစ်ပြီး စိုက်ပျိုးပြီး သုံးနှစ်အကြာတွင်စတင် ခူးဆွတ်ရပါသည်။ ထောပတ်သီးရိတ်သိမ်းရာသီသည် အောက်တိုဘာလဖြစ်ကြောင်း (၂၅.၁၀.၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/avocado-market-sees-high-potential-upon-foreign-demand-high-prices/
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန