လာမည့် (၂၀၂၃-၂၀၂၄)ရာသီတွင် သကြားစက်များက ကြံတစ်တန်လျှင် ကျပ် (၁၂၀,၀၀၀)အထက်ဖြင့် စျေးနှုန်းသတ်မှတ်ပေးမည်ဖြစ်
- Wed, 18 October 2023
လာမည့် (၂၀၂၃-၂၀၂၄)ကြံရာသီတွင် ကြံတစ်တန်လျှင် ပေါက်ဈေး (၁၂၀,၀၀၀) ကျပ်အထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သကြားစက်များမှ ကြံစိုက်ပျိုးသူများအား အသိပေးထားသည်။(၂၀၂၃-၂၀၂၄) ကြံရာသီအတွက် ကြံဝယ်ဈေးသည် တစ်တန်လျှင် ကျပ် (၁၁၀,၀၀၀) ဖြစ်သည်ဟု ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက ထုတ်ပြန်ခဲ့သည့် သကြားစက်များ၏ အသိပေးချက်တွင် ဖော်ပြထားသည်။ သကြားစက်များအနေဖြင့် အောက်တိုဘာ လဆန်း ပိုင်းတွင် တစ်တန်လျှင် ငွေကျပ် (၁၂၀,၀၀၀)အထိ ဈေးနှုန်းမြင့်ပေးခဲ့သည်။
ထို့ကြောင့် ကုမ္ပဏီမှ စိုက်ပျိုးသူများအား စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရန်နှင့် စိုက် ဧကများ တိုးချဲ့ကြရန် တိုက်တွန်းခဲ့သည်။ ကုမ္ပဏီမှ ကြံကြမ်းခင်းဈေးကို ပြီးခဲ့သည့် ရာသီက တစ်တန်လျှင် ကျပ် (၉၀,၀၀၀-၁၀၀,၀၀၀) အတွင်း သတ်မှတ်ပေးခဲ့သည်။
ယခုနှစ်တွင် သကြားဈေးနှုန်းများ မြင့်တက်လာခြင်းအပြင် ကုမ္ပဏီမှ စိုက်ပျိုးသူ များ၏ သွင်းအားစု ကုန်ကျစရိတ်များ မြင့်မားလာခြင်းနှင့်အတူ စျေးနှုန်းမြင့်တင်ကာ ထုတ်လုပ်မှု တိုးလာစေရန် ကြံနှင့်သကြားလုပ်ငန်းရှင်များက အသိပေးခဲ့ကြောင်း သိရသည်။
သို့သော်လည်း ယခုနှစ်တွင် စက်သုံးဆီဈေးနှင့် ဓာတ်မြေသြဇာဈေးနှုန်းများ တဟုန်ထိုးတက်နေသောကြောင့် သကြားစက်များကို တတ်နိုင်သမျှ စျေးတိုးမြှင့်ပေးနိုင်ရန် ကြံစိုက်ပျိုးသူများက တောင်းဆိုထားသည်။
ယခုနှစ်တွင် သကြားဈေးနှုန်းသည် လက်ကျန်နည်းပါးပြီး ပြည်ပနိုင်ငံများမှ တင်သွင်းမှုမရှိခြင်းကြောင့် ဈေးနှုန်းအမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်။ လက်ရှိ သကြား ပေါက်ဈေးသည် (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်တွင် တစ်ပိဿာလျှင် ကျပ် (၁,၀၀၀)အောက်မှ အောက်တိုဘာလလယ်တွင် တစ်ပိဿာလျှင် ကျပ် (၃,၈၀၀)အထိသို့ မြင့်တက်ခဲ့သည်။
သကြားဈေးနှုန်းများမြင့်တက်လာပြီးနောက် ကြံစိုက်ပျိုးသူများ အဆင်ပြေချောမွေ့စေရန်အတွက် ငွေရည်ပုလဲသကြားကုမ္ပဏီမှ (၂၀၂၃-၂၀၂၄)ရာသီအတွက် ကြံစိုက် ဧကခင်းသစ်များ စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် ငွေကျပ် (၂၀၀,၀၀၀) ကြိုတင်၍ ပေးအပ်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးသူများအား အသိပေးခဲ့ပါသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်သကြားထုတ်လုပ်မှု တန်ချိန်သည် (၄၅၀,၀၀၀)ခန့်ရှိသည်။ အစောပိုင်းတွင် မြန်မာနိုင်ငံမှ သကြားကို တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့ထံ တင်ပို့ခဲ့ပြီး လက်ရှိတွင် ဗီယက်နမ်နိုင်ငံသို့သာ တင်ပို့ထားကြောင်း အသင်းဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေး က ပြောသည်။
ကြံကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် အများဆုံး စိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) နှင့် (အနောက်ခြမ်း)၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးမှုကိုတွေ့ရှိရပါသည်။
ကြံကို ဒီဇင်ဘာလမှ ဇန်နဝါရီလတွင် စိုက်ပျိုးကြပြီး နောက်နှစ်၏ နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ခုတ်သိမ်းနိုင်သည်။ မြန်မာနိုင်ငံတွင် ကြံစိုက်ပျိုးမှုရာသီသည် (၄)နှစ်ကြာ တစ်ကြိမ်ဖြင့် လည်ပတ်လျက်ရှိကြောင်းကို (၁၃.၁၀.၂၀၂၃) ရက်နေ့က ဖတ်ရှုခဲ့ရသည့် Global New Light of Myanmar ၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။
Source https://www.gnlm.com.mm/sugar-mills-to-set-offering-price-of-sugarcane-higher-at-k120000-per-tonne-in-upcoming-2023-2024-season/
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက််စွဲ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
စစ်ဆေးသူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန