မြန်မာ့နိုင်ငံအနေဖြင့် အောက်တိုဘာလမှ ဒီဇင်ဘာလလယ်အထိ ပဲမျိူးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂၄၂) သန်းကျော်ရရှိခဲ့ခြင်း

  • Wed, 5 January 2022

မြန်မာ့နိုင်ငံအနေဖြင့် အောက်တိုဘာလမှ ဒီဇင်ဘာလလယ်အထိ ပဲမျိူးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂၄၂) သန်းကျော်ရရှိခဲ့ခြင်း


    မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ (၂၄၂.၄၆၇) သန်း တန်ဖိုးရှိ ပဲမျိုးစုံ(၂၉၁,၂၂၉)တန်ကို လက်ရှိဘတ်ဂျက်ကာလဖြစ်သည့်  အောက်တိုဘာလ(၁)ရက်နေ့မှ ဒီဇင်ဘာလ(၁၇)ရက်နေ့ အတွင်း တင်ပို့ခဲ့ကြောင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထံမှ တစ်ဆင့် သိရှိရပါသည်။

    အဆိုပါကာလအတွင်း   ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ ပဲမျိုးစုံ (၂၇၅,၇၅၂.၃၃၃)တန်ကို တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၂၉.၉၅၅)သန်းရရှိခဲ့ကာ  နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ  (၁၅,၄၄၇.၅၁၇)တန်ကို  တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၄.၅၂၁)သန်း ရရှိခဲ့ပါသည်။

    (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်  စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပဲနှင့် ပဲမျိုးစုံတင်ပို့မှုပမာဏ ကန်ဒေါ်လာ (၁.၅၇)ဘီလီယံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။

    အိန္ဒိယအစိုးရအနေဖြင့် (၂၀၂၁-၂၀၂၂)ခုနှစ် မှ  (၂၀၂၅-၂၀၂၆) ခုနှစ်အထိ ပုဂ္ဂလိကကဏ္ဍ မှမတ်ပဲတန်ချိန်(၂၅၀,၀၀၀)တန်နှင့်  ပဲစဉ်းငုံတန်ချိန် (၁၀၀,၀၀၀)တန်တင်သွင်းရန် မြန်မာနိုင်ငံ အစိုးရနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားခဲ့ပါသည်။

    (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်အတွင်း  မြန်မာနိုင်ငံသည်  ခန့်မှန်းတန်ဖိုးကန်ဒေါ်လာ (၁.၁၉၅) ဘီလီယံဖြင့် တန်ချိန် (၁.၆)သန်း တင်ပို့နိုင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက် များအရ သိရပါသည်။

    မြန်မာနိုင်ငံတွင် ပဲနှင့်ပဲမျိုးစုံ စိုက်ခင်းဧကပေါင်း (၁၁) သန်း ကျော်ရှိပါသည်။ မြန်မာ နိုင်ငံတွင် မတ်ပဲစိုက်ဧကများသည် နှစ်စဉ် တန်ချိန် (၄၀၀,၀၀၀) ဝန်းကျင်ခန့် အထွက်နှုန်းရှိ သည်။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ပဲစဉ်းငုံတန်ချိန် (၅၀၀,၀၀၀) ခန့် ထုတ်လုပ်ခဲ့ ပါသည်။

    အိန္ဒိယမှ အများဆုံးဝယ်ယူသည့် မတ်ပဲသည် မြန်မာနိုင်ငံတွင် အဓိကစိုက်ပျိုး ပါသည်။ မြန်မာပဲမျိုးစုံနှင့် နှမ်းကုန်သည်ကြီးများအသင်း၏ ထုတ်ပြန်ချက်အရ ပဲတီစီမ်းနှင့် ပဲစဉ်းငုံအပါအဝင် အခြားပဲမျိုးစုံကို မြန်မာအပါအဝင် အာဖရိကနှင့် ဩစတြေးလျတို့တွင်ပါ စိုက်ပျိုးနေကြောင်း(၃၀.၁၂.၂၀၂၁)  ရက်နေ့တွင်ထုတ်ပြန်ခဲ့သော  The GLOBAL  NEW LIGHT OF MYANMAR သတင်းဆောင်းပါးမှတစ်ဆင့် သိရှိရပါသည်။

https://www.gnlm.com.mm/myanmar-earns-over-$242-million-from-various-pulses-export-from-October-to-mid-December




ဆက်စပ် သတင်းများ