ပြည်တွင်းဈေးကွက်တွင် တန်းနိမ့်၂၅မှတ်ဆန်ဈေးနှုန်းများ ပြန်လည်ကျဆင်းလာ
- Mon, 16 October 2023
ပြီးခဲ့သည့်လများတွင် တန်းနိမ့်၂၅မှတ်ဆန်များဈေးနှုန်းမြင့်တက်ပြီးနောက်ပိုင်း ဆန်အမျိုး အစားများပေါ် မူတည်၍ တစ်အိတ်လျှင် ကျပ် ၂,၀၀၀ မှ ၁၀,၀၀၀ အထိ ကျဆင်းသွားခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း (ဝါးတန်းဆန်ဒိုင်) မှ သိရှိရပါသည်။
လက်ရှိတွင် တန်းနိမ့်၂၅မှတ်ဆန်၏ ဈေးနှုန်းများမှာ မျိုးကွဲများ (ပေါ်ကျွဲ၊ ခွံနီ၊ ငစိန်၊ ဧည့်မထနှင့် သီပု စသည့်) အပေါ်မူတည်၍ တစ်အိတ်လျှင် ကျပ် ၆၀,၀၀၀ မှ ၈၈,၀၀၀ ကြားရှိကြောင်း အဆိုပါ ဆန်အမျိုးအစားများ၏ ဈေးနှုန်းများမှာ တစ်အိတ်လျှင် ကျပ် ၆၈,၀၀၀ မှ ၉၈,၀၀၀ အထိ မြင့်မားခဲ့ပါကြောင်း၊ စက်တင်ဘာလကုန်ပိုင်းက ဆန်တစ်အိတ်လျှင်ကျပ် ၁၀၀,၀၀၀ နှုန်းပေါက်ခဲ့သည့် ဖျာပုံနှင့် ဒေးဒရဲဒေသများမှ တန်းမြင့်ပေါ်ဆန်း ဆန်ဈေးနှုန်းများသည် အောက်တိုဘာလဆန်းပိုင်းတွင် တစ်အိတ်လျှင် ကျပ် ၉၆,၀၀၀ မှ ၉၈,၀၀၀ နှုန်းဖြင့်ဈေးနှုန်းကျဆင်း ခဲ့ပါသည်။
သို့သော်လည်း မြောင်းမြ၊ ပုသိမ်နှင့် ရွှေဘိုမှ တန်းမြင့်ပေါ်ဆန်း ဆန်ဈေးနှုန်းများမှာ တစ်အိတ်လျှင် ကျပ် ၁၀၀,၀၀၀ မှ ၁၂၅,၀၀၀ အတွင်း မပြောင်းလဲဘဲရှိနေပါသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ဆက်စပ်အသင်းများ၊ ဆန်စပါးကုမ္ပဏီများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် ကုန်သည်များပူးပေါင်း၍ သက်ဆိုင်ရာရောင်းချမှု အစီအစဉ်များဖြစ်သည့်အရပ်ဘက်ဝန်ထမ်းများနှင့် စက်ရုံလုပ်သားများအတွက်ရောင်းချခြင်း၊ ဆန်စပါးကုန်စည်ဒိုင်များတွင်ရောင်းချခြင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ဖြန့်ဖြူးရောင်းချခြင်းအစီအစဉ်၊ လှည့်လည်ရောင်းချသည့်ရွေ့လျား ဈေး ကွက်အစီအစဉ်နှင့် မြို့နယ်အချို့ရှိအခွန်လွတ်ဈေးများတွင် ရောင်းချခြင်းစသည့်အစီအစဉ် အမျိုးမျိုး အသုံးပြု၍ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဆန်များကိုရောင်းချပေးခဲ့ပါသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ပေါ်ဆန်းနှင့် ဧည့်မထဆန်မျိုးကွဲများအတွက် ထောက်ပံ့ ပေးသည့်နှုန်းထားဖြင့် ရောင်းချပေးခြင်းအစီအစဉ်ကို ဝါးတန်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင် လက်ကား အရောင်းစင်တာ များတွင် သြဂုတ်လ ၇ ရက်နေ့က စတင်ခဲ့ပါသည်။ စားသုံးသူတစ်ဦးချင်းစီသည် နိုင်ငံသားစိစစ်ရေးကတ်ကိုပြသ၍ တစ်လလျှင်ပေါ်ဆန်း ဆန်တစ်အိတ်နှင့် ဧည့်မထဆန် တစ်အိတ် ဝယ်ယူခွင့်ရှိပါသည်။
ဆန်ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၁၀,၀၀၀ - ၁၂၀,၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၉၄,၀၀၀ - ၉၇,၀၀၀ ကျပ် ၊ ဧည့်မထဆန် (၁၀ မှတ် ဆန်) တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀၊ ဧည့်မထ (၂၅ မှတ် ဆန်)တစ်အိတ်လျှင် ကျပ် ၆၀,၀၀၀ နှုန်းရှိပါ ကြောင်းကို (၄-၁၀-၂၀၂၃) ရက်နေ့ထုတ် Global New Light of Myanmar သတင်း အရသိရှိရပါသည်။
Source https://www.gnlm.com.mm/low-grade-rice-prices-fall-back-in-domestic-market/#article-title
တင်ပြသူ ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန