ဆန်သိုလှောင်မှု များလာခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာ
- Thu, 20 July 2023
ဆန်ဈေးနှုန်းမြင့်တက်ရခြင်း၏ အကြောင်းအရင်းများ အနက်မှ ဆန်သိုလှောင်ခြင်း သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်း အောင်က Global New Light of Myanmar (GNLM) သို့ ပြောကြားခဲ့ပါသည်။
လက်ရှိကာလ၌ မူဆယ် လက်ကားဈေးကွက်တွင် ဆန်နှင့်ဆန်ကွဲများ အရောင်းအ ဝယ် နည်းပါးနေပြီး တရုတ်-မြန်မာ နယ်စပ်မှတစ်ဆင့် တင်ပို့မှုမှာလည်း ရပ်တန့်နေကြောင်း မူဆယ်ဆန်ကုန်သည်များကပြောကြာထားပါသည်။
အဆိုပါကိစ္စများဖြစ်ပေါ်လာရခြင်းသည် ပြည်တွင်းစျေးနှုန်းမြင့်တက်လာခြင်း အပါအဝင် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅% ကို မြန်မာကျပ်ငွေဖြင့်လဲလှယ် ဆောင်ရွက်ရန်သတ်မှတ်ချက် (၆၅-၃၅% ကိစ္စ)နှင့် ရန်ကုန်မှတဆင့် ပင်လယ်ရေလမ်းကြောင်း တင်ပို့မှုများလည်းရှိနေခြင်းကြောင့်ဖြစ်ကြောင်း ဦးရဲမင်းအောင်က ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံကို တင်ပို့သည့်ပမာဏမှာ အနည်းငယ်ကျသွားသော်လည်း တရုတ်နိုင်ငံသို့ ဆက်လက်တင်ပို့နေမြဲဖြစ်ပါသည်။ နယ်စပ်မှတဆင့့် ယူနန်သို့တင်ပို့မှုမှာ အလွန်ရှားပါးသည်။ ယခုကဲ့သို့သော ကိစ္စအတွက် အကြောင်းပြချက် အမျိုးမျိုးရှိကြောင်း၊ အဓိက အကြောင်း အရင်းမှာ ပြည်တွင်း၌ဈေးနှုန်းမြင့်တက်နေခြင်းနှင့် (၆၅-၃၅%) ကိစ္စများကြောင့် ဖြစ်နိုင်ကြောင်း၊ ဖော်ပြပါ အကြောင်းပြချက်များသာမက ဒေသထွက်ကုန်ဈေးနှုန်းများ တိုးမြင့်လာခြင်းကြောင့် ပြည်တွင်းဆန်ဈေးနှုန်းများမှာလည်း မြင့်တက်လာခဲ့ပါသည်။ စျေးနှုန်း မြင့်တက်လာချိန်တွင် ပြန်လည်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိသူ အရေအတွက်မြင့်မားလျက် ရှိနေပါသည်။
ရန်ကုန်မှ ကွမ်ကျိုးနှင့် အခြားတရုတ်ဆိပ်ကမ်းများသို့လည်း ပင်လယ်ရေကြောင်းမှ တဆင့် တင်ပို့ရသည်။ အချိန်ကာလအားဖြင့် မိုးရာသီမှာတင်ပို့လေ့ရှိပြီး သာမာန်အားဖြင့် မေလမှာဖြစ်နိုင်ကြောင်း၊ ဇွန်လနဲ့ဇူလိုင်လများတွင် တန်ချိန် (၅၀,၀၀၀)သာ တင်ပို့နိုင်ပြီး ကျန်လများနှင့်ပွင့်လင်းရာသီများတွင် တန်ချိန် (၂၀၀,၀၀၀)ခန့် တင်ပို့ခဲ့ပါသည်။
မိုးရာသီကာလတင်ပို့မှု့အနေဖြင့်ဇွန်လ၊ ဇူလိုင်လနှင့် သြဂုတ်လများတွင် ပမာဏ နည်းပြီး၊ ကာလတူနှင့်နှိုင်းယှဉ်ပါက ပြည်တွင်း ဆန်ဈေးနှုန်းကမြင့်တက်လာခဲ့ပါသည်။ ဆန်ကွဲများကို နယ်စပ်မှတစ်ဆင့်တင်ပို့လျက်ရှိပြီး ပြည်တွင်း၌ဆန်ကွဲလိုအပ်မှုမှာ မွေးမြူရေးကဏ္ဍသာမက စက်မှုကဏ္ဍ အတွက်ပါမြင့်မားလျှက်ရှိနေပါသည်။ ဆန်ကွဲဈေးနှုန်းမြင့်တက် လာပြီး နိုင်ငံအတွင်း ဆန်ကွဲလိုအပ်ချက်ပမာဏမြင့်တက်လာလျက်ရှိပြီး ကျိုးကြောင်းဆီ လျော်သည့် ဈေးနှုန်းဖြစ်ပေါ်လာနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။
ထိုသို့သောကိစ္စရပ်များကြောင့် နယ်စပ်မှတဆင့်တင်ပို့မှုပမာဏကျဆင်းသွားခဲ့ပြီး ဖြေ ရှင်းရမည့်နည်းလမ်းကို ကျွန်တော်တို့စဉ်းစားနေပါကြောင်း၊ ဆန်ကိုခွဲတမ်းစနစ်ဖြင့်တင်ပို့ခြင်း ဖြင့် နယ်စပ်မှတစ်ဆင့်တင်ပို့မှုမှာ နည်းပါး လာပါကြောင်းပြောကြားခဲ့ပါသည်။
ယခုလောလောဆယ် ကုန်းကြောင်းနယ်နမိတ်မှတဆင့် ဆန်တင်ပို့နိုင်ရေးအတွက် ယူနန်အစိုးရဖြင့် ဆွေးနွေးနေပါသည်။ ပင်လယ်ရေကြောင်းတင်ပို့မှု ပမာဏကျဆင်းသွားသော်လည်း ၀င်ငွေမှာကျဆင်းသွားခြင်း မရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင် မြင့်မားသော၀င်ငွေ ရရှိခဲ့ပါကြောင်း၊ ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀-၄၀၀) ကျော်ရရှိခဲ့ပါကြောင်း၊ ပမာဏ လျော့ကျသွားသော်လည်း ဝင်ငွေအပြောင်းအလဲမရှိခဲ့ပါကြောင်း၊ ယခုကာလများ အတွင်း တန်ချိန် (၅၀,၀၀၀) နှင့် (၁၀၀,၀၀၀) ကြားတင်ပို့နိုင်ခဲ့ကြောင်း၊ တစ်နှစ်ကို တန်ချိန် (၂) သန်း တင်ပို့ရန် မျှော်မှန်းထားပါကြောင်း ဦးရဲမင်းအောင် ကပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ဆန်ဈေးနှုန်းမှာ မြင့်မားလျက်ရှိနေသော်လည်း တရုတ်နိုင်ငံက ဈေးလျော့ ဝယ်ယူမှုများရှိနေသည့့်အတွက် အမြတ်အစွန်း ကောင်းစွာမရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် မူဆယ် ဆန်ကုန်သည်များသည်ဆန်နှင့်ဆန်ကွဲများကိုကုန်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်း မပြုကြောင်း၊ ထို့အပြင် ဘဏ္ဍာရေးမူဝါဒ အပြောင်းအလဲများသည်လည်း ကဏ္ဍ အချို့ကို ထိခိုက်စေပါကြောင်း ပြောကြားခဲ့ပါသည်။
မူဆယ် ဆန်လက်ကားရောင်းချသူများအနေဖြင့် ဆန်နှင့် ဆန်ကွဲ ဝင်ရောက်မှုအလွန် နည်းပါးခဲ့ပါသဖြင့် အရောင်းအဝယ်မှာ လုံးဝလျော့ကျသွားခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် ပို့ကုန်ပမာဏ နည်းပါးလာပြီး ရောင်းအားမှာလည်း ရပ်တန့်နေကြောင်း၊ ဧပြီလ နှောင်းပိုင်းမှာ ယခုလိုအခြေအနေမျိုးကြုံရပါကြောင်း၊ မူဆယ် ဆန်လက်ကား ကုန်စည် ဒိုင်သည် ဆန် နှင့် ဆန်ကွဲများကို အဓိကထားလုပ်ဆောင်နေပြီး ယခုအခါ ကုန်စည်ဒိုင်၏ လည်ပတ်မှုမှာ တည်ငြိမ်နေကြောင်း ပြောကြားခဲ့ပါသည်။
မိုးစပါးရာသီ အောက်တိုဘာလမှာ အရောင်းအဝယ်စတင်ကြောင်း၊ ဘဏ္ဍာရေးမူဝါဒ ပြောင်းလဲသောအခါတွင် လိုင်စင်များကို ရုတ်သိမ်းခြင်းမပြုဘဲ မြန်မာနိုင်ငံဘက် မှတင်ပို့ နိုင်ပြီး တရုတ်နိုင်ငံဘက်မှ မတ် (၁) ရက်မှစတင်လက်ခံမည်ဖြစ်သည်။ သို့သော်လည်း ဆန်နှင့် ဆန်ကွဲများသည် ငွေကြေးမူဝါဒအပြောင်းအလဲကြောင့် အမြတ်ကောင်းစွာ မရရှိခဲ့ပေ။
ထို့နောက် ပြည်တွင်းတွင် ဆန်နှင့် ဆန်ကွဲရောင်းလိုအား ပြတ်လပ်လျက်ရှိကြောင်း၊ ပြည်တွင်း၌ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး တရုတ်ဘက်တွင် စျေးနှုန်းမြင့်တက်ခြင်းမရှိကြောင်း၊ နောက်ပိုင်းတွင် ဘဏ္ဍာရေးမူဝါဒအပြောင်းအလဲများရှိလာပြီး ကုန်သွယ်မှုလုပ် လိုင်စင်များ ရုတ်သိမ်း၍မရသော်လည်း ကုန်သည်များဘက်မှ အမြတ်အစွန်းမရနိုင်သည့် အတွက် တရုတ်ကို တင်ပို့နိုင်မှာမဟုတ်ကြောင်း ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက GNLM သို့ ပြောကြား ခဲ့ပါသည်။
ဖေဖော်ဝါရီ (၅) ရက်က လှိုင်သာယာစက်မှုဇုံ ကနောင်ခန်းမတွင် ပြုလုပ်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့်အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပို့ကုန်ဝင်ငွေ၏(၆၅%) နှင့် (၃၅%)ကိစ္စကို ဖြေလျှော့ပေးရန် အစီအစဉ်ပြောကြားခြင်းကို (၂၃-၇-၂၀၂၃) ရက်နေ့ထုတ် Global New Light Of Myanmar သတင်းအရသိရှိရပါသည်။
Source https://www.gnlm.com.mm/increasing-rice-hoarders-cause-price-high/#article-title
တင်ပြသူ ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ (၁၉) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန