ဇွန်လအတွင်း မြန်မာနိုင်ငံသည် မောင်တောမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချင်းတက် တန်ချိန် (၁,၀၀၀) ကျော် တင်ပို့
- Thu, 13 July 2023
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်တောမှတဆင့်
အမေရိကန်ဒေါ်လာ (၀.၂၇၉)သန်း တန်ဖိုးရှိသော ချင်းတက်တန်ချိန် (၁,၀၀၀)ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအရ
သိရှိရပါသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတစ်ခုဖြစ်သည့်
မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းမှတဆင့် ဇွန်လအတွင်း ပို့ကုန်ပမာဏ
အမေရိကန်ဒေါ်လာ (၁)သန်းနှင့် သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ (၀.၀၃)သန်းခန့်
စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ (၁.၀၃)သန်း ပြည့်မီရန် မျှော်မှန်းထားပါသည်။
သို့သော်လည်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းသည်
မျှော်မှန်းထားသည့်အတိုင်း မပြည့်မီခဲ့ဘဲ (၃၈%)ခန့်သာ
ဆောင်ရွက်နိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံသည် မောင်တောနယ်စပ်မှတဆင့်
စိုက်ပျိုးရေးထွက်ကုန်များ၊ မွေးမြူရေး ထွက်ကုန်များနှင့်
ပြုပြင်ထုတ်လုပ်ထားသော ကုန်ချောပစ္စည်းများကို တင်ပို့လျက်ရှိပါသည်။
ပြီးခဲ့သည့်လအတွင်း မောင်တောနယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့
တင်ပို့ခဲ့သည့် ကုန် ပစ္စည်းများမှာ အမေရိကန်ဒေါ်လာ (၀.၂၇၉)သန်း တန်ဖိုးရှိ
ချင်းတက် တန်ချိန်(၁,၀၈၆.၅)၊ အမေရိကန်ဒေါ်လာ (၀.၀၁)သန်းတန်ဖိုးရှိ
ကွမ်းသီး (၁၀)တန်၊ အမေရိကန်ဒေါ်လာ (၀.၀၀၄)သန်း တန်ဖိုးရှိ အုန်းသီး
(၁၃)တန်၊ အမေရိကန်ဒေါ်လာ (၀.၀၁၁)သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် တန်ချိန်
(၆၃.၃)၊ အမေရိကန်ဒေါ်လာ (၀.၀၃၅) သန်းတန်ဖိုးရှိ ဒညှင်းသီး တန်ချိန်(၁၁၈)
နှင့် အမေရိကန်ဒေါ်လာ (၀.၀၀၃)သန်းတန်ဖိုးရှိ မန်ကျည်းသီးမှည့် (၅)တန်တို့
ဖြစ်ပါသည်။
ထို့ပြင် အမေရိကန်ဒေါ်လာ (၀.၀၀၃) သန်းတန်ဖိုးရှိ
ငါးကြင်း (၂.၅)တန်- ၈တင် -၊ အမေရိကန် ဒေါ်လာ (၀.၀၀၁)သန်းတန်ဖိုးရှိ
ပုဇွန်ခြောက် (၀.၅)တန်နှင့် အမေရိကန်ဒေါ်လာ (၀.၀၀၃)သန်း တန်ဖိုးရှိ
ငါးလေးခြောက် (၄)တန်တို့အားလည်း တင်ပို့ခဲ့ပါသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ
(၀.၀၀၃) သန်းတန်ဖိုးရှိ ဖိနပ် (၅,၉၀၀)ရံ၊ အမေရိကန်ဒေါ်လာ (၀.၀၀၁)
သန်းတန်ဖိုးရှိ ဆန် ကြာဇံ (၀.၅)တန်၊ အမေရိကန်ဒေါ်လာ (၀.၀၀၅)သန်းတန်ဖိုးရှိ
လုံချည် (၁.၉)တန်၊ အမေရိကန် ဒေါ်လာ (၀.၀၀၆)သန်းတန်ဖိုးရှိ သနပ်ခါး
(၁၁.၅)တန်၊ အမေရိကန်ဒေါ်လာ (၀.၀၂၁)သန်း တန်ဖိုးရှိ ယိုစုံ (၆၄)တန်ချိန်အား
မောင်တောမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပါသည်။
တင်သွင်းခဲ့သည့်ကုန်ပစ္စည်းများမှာ
ပလတ်စတစ်ပိုက် ၀.၅ တန် (အမေရိကန်ဒေါ်လာ ၀.၀၀၁ သန်း)၊ 37 PVC တိုင်ကီ
(အမေရိကန်ဒေါ်လာ ၀.၀၀၁ သန်း)၊ လက်နှိပ်တွင်းရေတုံကင် ၂၀ ခု(အမေရိကန်ဒေါ်လာ
၀.၀၀၁ သန်း)၊ သတ္ထုရေအိုး ၁.၁ တန် (အမေရိကန်ဒေါ်လာ ၀.၀၀၃ သန်း)၊
ကျားဝတ်တီရှပ်အင်္ကျီ ၃,၅၀၀ ထည် (အမေရိကန်ဒေါ်လာ ၀.၀၀၄ သန်း)
တို့ဖြစ်ပါသည်။
ပို့ကုန်ဈေးနှုန်းများမှာ ကွမ်းသီး တစ်တန်လျှင်
အမေရိကန်ဒေါ်လာ (၁,၀၀၀)၊ ဆီးသီးခြောက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၁၇၀)၊
ချင်းတက် တစ်တန်လျှင် အမေရိကန် ဒေါ်လာ (၂၀၀)၊ ဒညှင်းသီး တစ်တန်လျှင်
အမေရိကန်ဒေါ်လာ (၃၀၀)၊ လက်နှိပ်ရေတုံကင် တစ်ခုလျှင် (၄၂,၀၀၀) ကျပ်၊ PVC
တိုင်ကီတစ်ခုလျှင် (၈၄,၀၀၀) ကျပ်၊ ရှပ်အင်္ကျီတစ်ထည်လျှင် (၂,၁၀၀) ကျပ်၊
ပလတ်စတစ်ပိုက် တစ်တန်လျှင် ကျပ်(၃.၁၅)သန်း နှင့် သတ္ထုရေအိုး တစ်တန်လျှင်
ကျပ်(၆.၄၆)သန်း တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံသည်စစ်တွေ ဘူးသီးတောင် မောင်တော ကုန်သွယ်ရေးလမ်းကြောင်းနှင့် စစ်တွေအငူမော်မောင်တောကုန်သွယ်ရေး လမ်းကြောင်းများမှတဆင့်
ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် နယ်စပ်ကုန်သွယ်မှု ပြလုပ်လျက်ရှိပြီး
အများစုမှာ မောင်တောရှိ ကညင်ချောင်း စီးပွားရေးဇုန်မှ ဖြစ်ပါသည်။
စစ်တွေမှ
မောင်တောသို့ ကုန်စည်ပို့ဆောင်ခမှာ အတက်လမ်းအတွက် တစ်ပိဿာလျှင်
(၇၀-၁၁၀)ကျပ် အတွင်း ရှိပြီး အဆင်းလမ်းအတွက် တစ်ပိဿာလျှင်
(၅၀-၈၀)ကျပ်အတွင်း ကုန်ကျစရိတ်ရှိကြောင်း (၈-၇-၂၀၂၃)ရက်နေ့တွင်
ထုတ်ပြန်ခဲ့သော https:// www.gnlm. com.mm ၏ သတင်းအချက်အလက်များအရ
သိရှိရပါသည်။
Source https://www.gnlm.com.mm/myanmar-ships-over-1000-tonnes-of-fresh-ginger-to-bangladesh-via-maungtaw-in-june/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန