ပြည်ပဝယ်လိုအား ခိုင်မာအားကောင်းလာခြင်းကြောင့် ထောပတ်ပဲဈေးကွက် လှုပ်လှုပ်ရှားရှားဖြစ်လာ
- Thu, 13 July 2023
မြန်မာနိုင်ငံ အထက်ပိုင်းဒေသသည် ထောပတ်ပဲအများဆုံး ထွက်ရှိသည့်ဒေသများ ဖြစ်သည်။ ယခင်နှစ် ပေါက်ဈေးမှာ ထောပတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် (၁၈၀,၀၀၀) မှ ကျပ်(၂၀၀,၀၀၀) ဖြစ်ခဲ့ပြီး ယခုနှစ်တွင်အရွယ်အစားပေါ်မူတည်၍ တစ်အိတ်လျှင် ငွေကျပ် (၃၀၀,၀၀၀)မှ (၃၂၀,၀၀၀)အထိ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း စိုးဝင်းမြင့် ကုန်စည်ဒိုင် ထံမှ သိရသည်။
ယခုရက်ပိုင်းတွင် ထောပတ်ပဲများသည် ဈေးကောင်းရရှိနေပါသည်။ တောင်သူများသည် စိုက်ပျိုးရန်အတွက်သာ မျိုးစေ့အဖြစ် သိုလှောင်နိုင်ကြပြီး ကုန်သည်များကသာ ထောပတ်ပဲ များကို လက်ထဲတွင် သိုလှောင်ကြပါသည်။ ပြည်ပဝယ်လိုအားအပြင် ပြည်တွင်း၌ ထောပတ်ပဲ စားသုံးမှုသည် မြင့်မားလျက် ရှိနေပါသည် ။ ထောပတ်ပဲကို တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ဥရောပသို့ နှစ်စဉ် တင်ပို့လျက်ရှိပါသည်။ နောက်ပိုင်းတွင် ထောပတ်ပဲများကို တရုတ်နှင့် အိန္ဒိယတို့က အများဆုံး ဝယ်ယူကြပြီး ဂျပန်နှင့် ဥရောပဈေးကွက် များသည် အရွယ်အစား ကြီးမားသည့် ထောပတ်ပဲစေ့များကို ကြိုက်နှစ်သက်ကြပါသည်။ ထောပတ်ပဲသည် ဆောင်း ရာသီတွင် စိုက်ပျိုးနိုင်သည့် ဆောင်းသီးနှံဖြစ်ပြီး ဝယ်လိုအားမှာ တစ်နှစ်ထက်တစ်နှစ် တိုးလာ သည်ဟု ဦးစိုးဝင်းမြင့်က ရှင်းပြသည်။
ထောပတ်ပဲကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အဓိကအားဖြင့် စိုက်ပျိုးကြပြီး မကွေးတိုင်းဒေသကြီးရှိ မင်းဘူး၊ ဆိပ်ဖြူ၊ စလင်းမြို့နယ်များ တွင်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးရှိ မလှိုင်၊ တောင်သာနှင့် နွားထိုးကြီးမြို့နယ်များ နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေး၊ ကလေးဝ၊ ရွှေဘိုနှင့် ကဘော်ချိုင့်ဝှမ်းဒေသများတွင် အများဆုံး စိုက်ပျိုး သည်ကို (၉.၇.၂၀၂၃) ရက်နေ့က ဖတ်ရှုခဲ့ရသည့် Global New Night of Myanmar ၏ သတင်းဆောင်းပါးမှတဆင့် သိရှိခဲ့ရသည်။
Source https://www.gnlm.com.mm/strong-foreign-demand-makes-butter-bean-market-bustling/
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၂) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
စစ်ဆေးသူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန