ပဲစင်းငုံ တစ်တန်ဈေးနှုန်း ကျပ် (၃) သိန်းအထက်သို့ ပြန်လည်ရောက်ရှိ

  • Thu, 13 July 2023

ပဲစင်းငုံ တစ်တန်ဈေးနှုန်း ကျပ် (၃) သိန်းအထက်သို့ ပြန်လည်ရောက်ရှိ



ဇွန်လ (၂၈)ရက်နေ့တွင်  ပဲစဉ်းငုံဈေးသည်  (၁)တန်လျှင်  ငွေကျပ်  (၂.၉)သန်းမှ  ငွေကျပ်  (၃.၀၁၅)သန်းသို့  မြင့်တက်ခဲ့ပြီး ၊ (၂)ရက်အတွင်း  (၁)တန်လျှင်  ငွေကျပ်(၁၀၀,၀၀၀) သိသိသာသာ  မြင့်တက်ခဲ့ကြောင်း  ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်  (ဘုရင့်နောင်)မှ  သိရှိရပါသည်၊၊

ဇွန်လ (၅)ရက်နေ့တွင် ကာလပေါက်ဈေး  (၁)တန်လျှင် ကျပ် (၃.၃၃)သန်းအထိ ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ ပြည်ပဝယ်လိုအားရှိပြီး လက်ကျန်နည်းနေခြင်းကြောင့် စျေးနှုန်း မြင့်တက်လာရခြင်း ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ ယခုနှစ် ပဲစိုက်ရာသီတွင် ပဲစင်းငုံ နှင့် ပဲတီစိမ်းများကို အဓိကထား စိုက်ပျိုးသင့်ကြောင်း (၂၀၂၃)ခုနှစ်၊ မေလ (၁၂)ရက် နေ့တွင် အသိပေးပြောကြားခဲ့သည်။

အိန္ဒိယတွင် မတ်ပဲ နှင့် ပဲစင်းငုံ စျေးကွက်အားကောင်းနေပြီး စိုက်ပျိုးသူအများစုသည် ၎င်းတို့ကို အဓိကသီးနှံအဖြစ် ရွေးချယ်စိုက်ပျိုးလျက်ရှိကြသည်။

မတ်ပဲနှင့် ပဲစင်းငုံ  အခွန်ကင်းလွတ်တင်သွင်းခွင့်မူဝါဒကို  (၂၀၂၄) ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ  သက်တမ်းတိုးခဲ့ပြီး စိုက်ပျိုးသူများနှင့်  တင်ပို့ရောင်းချသူများ အပါအဝင် ရောင်းလိုအား ကွင်းဆက်တလျှောက်ရှိ ပါဝင်သူများအားလုံးအတွက် အကျိုးခံစားခွင့်များ ပိုမို ရရှိအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယခုနှစ်တွင် အဓိက သီးနှံအဖြစ်ရွေးချယ် သင့်သည်ဟု အဆိုပါအသင်းမှ ဖော်ပြထားပါသည်။

မြန်မာနိုင်ငံသည် လွန်ခဲ့သည့် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတင်ပို့မှု တန်ချိန် (၁.၉)သန်းကျော်မှ အမေရိကန်ဒေါ်လာ (၁.၄)ဘီလီယံကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။

မြန်မာနိုင်ငံမှ မတ်ပဲ၊  ပဲတီစိမ်းနှင့်  ပဲစင်းငုံများအား  ပြည်ပဈေးကွက်သို့  အဓိကတင်ပို့ နေပြီး၊  ၎င်းတို့အနက် မတ်ပဲ နှင့် ပဲစင်းငုံကို အိန္ဒိယသို့ပို့ဆောင်ကြပြီး  ပဲတီစိမ်းများကို  တရုတ် နှင့် ဥရောပသို့တင်ပို့လျက်ရှိပါသည်။

အိန္ဒိယ၌   မတ်ပဲနှင့် ပဲစင်းငုံ ဝယ်လိုအားနှင့်  စားသုံးမှုလိုအပ်ချက်များ  တိုးလာနေ  ပါသည်။  (၂၀၂၁) ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့က  လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ အရ အိန္ဒိယနိုင်ငံမှ မတ်ပဲ တန်ချိန်(၂၅၀,၀၀၀) နှင့် ပဲစင်းငုံ တန်ချိန်(၁)သိန်းကို  (၂၀၂၁-၂၀၂၂)  ဘဏ္ဍာနှစ်မှ  (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ်အထိ (၅)ဆက်တိုက် တင်သွင်းသွားမည်ဖြစ်ပါသည်။ အဆိုပါ အစိုးရချင်း သဘောတူချုပ်ဆိုထားသည့် စာချုပ်သည် အိန္ဒိယနိုင်ငံမှ သတ်မှတ်ထားသော ပဲမျိုးစုံ နှစ်စဉ်ခွဲတမ်းအပေါ် သက်ရောက်မှုရှိမည် မဟုတ်ပါ။ မြန်မာနိုင်ငံမှ တင်ပို့သူများအနေဖြင့် အဆိုပါနှစ်စဉ်ခွဲတမ်းအရ အိန္ဒိယသို့ ပဲမျိုးစုံ တင်ပို့ခွင့်ရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်မတ်ပဲတန်ချိန်  (၄၀၀,၀၀၀) ခန့်နှင့်  ပဲစင်းငုံတန်ချိန်  (၅၀,၀၀၀)ခန့်  ထွက်ရှိပါသည်။ အိန္ဒိယနိုင်ငံမှ  အဓိကဝယ်ယူသော မတ်ပဲကို  မြန်မာနိုင်ငံတွင်သာတွေ့ရများပြီး ပဲစင်းငုံ၊ ပဲတီစိမ်းနှင့်  ကုလားပဲတို့ကို အာဖရိကနှင့် သြစတြေးလျနိုင်ငံများတွင်လည်း  စိုက်ပျိုး ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပဲ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရကြောင်းကို (၁-၇-၂၀၂၃) ရက်နေ့ထုတ် Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source
    https://www.gnlm.com.mm/pigeon-pea-price-rebounds-to-above-k3-mln-per-tonne/

တင်ပြသူ            ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ                ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်
စစ်ဆေးသူ        ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု- ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





ဆက်စပ် သတင်းများ