မြန်မာနိုင်ငံသည် မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ နေ့စဉ် ဆန်အိတ် (၁၀,၀၀၀) ခန့် တင်ပို့လျက်ရှိခြင်း

  • Wed, 5 January 2022

မြန်မာနိုင်ငံသည် မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ နေ့စဉ် ဆန်အိတ် (၁၀,၀၀၀) ခန့် တင်ပို့လျက်ရှိခြင်း


    မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ဆန်နှင့် ဆန်အကျိုး အကြေ(HS Code 10064000) အိတ်ပေါင်း(၁၀,၀၀၀)ခန့် ပို့ဆောင်လျက်ရှိကြောင်း မူဆယ်ဆန် လက်ကား ရောင်းဝယ်ရေးဌာန၏ ဒုဥက္ကဌ ဦးမင်းသိန်း၏ ပြောကြားချက်အရ သိရှိရပါသည်။

    အစောပိုင်းတွင် တရုတ်နိုင်ငံသို့ တင်ပို့မှုပမာဏမှာ ဆန်နှင့်ဆန်အကျိုးအကြေအိတ်ပေါင်း (၆၀,၀၀၀) ခန့်ရှိပါသည်။

    ကုန်သွယ်မှုအခြေအနေသည် ယခင်ကဲ့သို့ ချော့မွေ့မှုမရှိပါကြောင်း၊ လတ်တလောတွင် မြန်မာနှင့် တရုတ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးအတွက် တစ်ခုတည်းသော စစ်ဆေးရေး ဂိတ်တစ်ခုသာ ရှိသေးကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံအတွက် ဆန်အိတ်ပေါင်း(၁၀,၀၀၀) တင်ဆောင်ထားသော ကုန်တင်ကား(၁၀-၁၂)စီးခန့်သာ ထွက်ခွာကြောင်း ဦးမင်းသိန်းမှ ပြော ကြားခဲ့ပါသည်။

    ကိုဗစ်-၁၉ ဆိုးကျိုးများကြောင့် တရုတ်နိုင်ငံသည် မြန်မာနှင့် နယ်စပ်ဖြတ်ကျော်မှုအားလုံး ကို ပိတ်ခဲ့ပါသည်။ ကုန်းတွင်းနယ်နမိတ်အတွင်းရှိ ကျဉ်စမ်းကျော့ကို နိုဝင်ဘာလ(၂၆) ရက်နေ့မှ စတင်ကာ အစမ်းဖွင့်လှစ်ခဲ့ပါသည်။

    မြန်မာနိုင်ငံသည် ရော်ဘာ၊ ပဲမျိုးစုံ၊ ဇီးသီးခြောက်၊ ဖရဲ၊ သခွားမွှေးနှင့် အခြားသော စားသောက်ကုန်များအပါအဝင် ကုန်တင်ကားအစီးရေ(၄၀)ခန့်ကို ကျဉ်စမ်းကျော့မှတဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်တင်ပို့လျက်ရှိပါသည်။

      လက်ရှိဘက်ဂျက်ကာလ (၂၀၂၁-၂၀၂၂) အတွင်းတွင် အောက်တိုဘာလ(၁)ရက်နေ့မှ နိုဝင် ဘာလ(၃၀)ရက်နေ့အထိ မြန်မာနိုင်ငံသည် ပြည်ပကုန်သွယ်မှုမိတ်ဖက်များသို့ ဆန်နှင့် ဆန်အကျိုးအကြေ တန်ချိန်(၅၀၀,၀၀၀)ကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (MRF) မှ ထုတ်ပြန်ထားပါသည်။

    နယ်စပ်ကုန်သွယ်ရေးဇုန်များမှတဆင့် အိမ်နီးချင်းနိုင်ငံများသို့ ဆန်နှင့် ဆန်အကျိုးအကြေ တန်ချိန်(၂၇,၀၀၀)ကျော်တင်ပို့ခဲ့ပြီး ပင်လင်ရေကြောင်းကုန်သွယ်မှုမှတဆင့် နိုင်ငံတကာ ဈေးကွက်သို့ တန်ချိန် (၄၇၀,၀၀၀)ကျော် တင်ပို့ခဲ့ပါသည်။

    လွန်ခဲ့သည့် ဘဏ္ဍာနှစ် (၂၀၂၀-၂၀၂၁)ခုနှစ်တွင် ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် (၂) သန်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၀၀) ဝင်ငွေ ရရှိခဲ့ပါသည်။

    မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံပေါင်း (၆၀)နီးပါးသို့ ဆန်တင်ပို့ခဲ့ပြီး ၎င်းတို့ထဲမှ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်အကျိုးအကြေ များကို အဓိကဝယ်ယူသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။

    (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့်  တရုတ်နိုင်ငံမှ ဆန်တင်သွင်းသည့် မြန်မာနိုင်ငံရှိ ကုမ္ပဏီ (၄၇) ခုအား ခွင်ပြုခဲ့ကြောင်း (၃၀-၁၂-၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်သော THE GLOBAL NEW LIGHT of MYANMAR ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။

https://www.gnlm.com.mm/myanmar-daily-conveys-about-10000 -rice-bags-to-china-through-muse-border/#article-title

ဆက်စပ် သတင်းများ