အီတလီစပျစ်သီးရာသီအတွက် မျှော်လင့်ချက်ကောင်း
- Wed, 28 June 2023
ယခုနှစ် စပျစ်သီး ဝယ်လိုအားများကြောင်း၊ တစ်နှစ်ပတ်လုံး အိန္ဒိယစပျစ်သီးများ ဝယ်လိုအားများပြီး ဈေးအနည်းငယ်မြင့်တက်လာနိုင်ကြောင်း၊ အီဂျစ်စပျစ်သီးရာသီမှာလည်း မထင်မှတ်ဘဲ ကောင်းနေကြောင်း၊ ဝင်လာသော ကွန်တိန်နာများအားလုံးကို ခွဲဝေပြီးဖြစ်ကြောင်း Luciën က ပြောပါသည်။
တင်သွင်းသူသည် အခြားနှစ်များထက် အနည်းငယ်စောပြီး မေလလယ်တွင် ပထမဆုံး စစ္စလီ စပျစ်သီးများကို စတင် တင်သွင်းခဲ့ပါသည်။ မေလလယ်တွင် ဥရောပ၏ ရာသီဥတုမှာ ကောင်းမွန်သော်လည်း ဆိုးရွားသော ရာသီဥတုက အီတလီစိုက်ပျိုးထုတ်လုပ်ရာ နေရာအများစုတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ သို့သော်လည်း စပျစ်သီးများ အလုံအလောက် စျေးကွက်ထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အီတလီ Black Magic နှင့် Victoria စပျစ်သီးများကို (၂.၅၀-၃)ယူရိုဖြင့် ရောင်းချ ပါသည်။ ပထမဆုံး အစေ့မဲ့စပျစ်သီး အဖြူနှင့်အနီများသည် နောက်အပတ်တွင် စစ္စလီကျွန်းမှ ရောက်ရှိလာမည်ဖြစ်ပြီး ပထမ Puglian စပျစ်သီးများသည် (၂)ပတ်အတွင်း ရောက်ရှိလာမည် ဖြစ်ကြောင်း၊ ထို့အပြင် ရောင်းလိုအားများ တက်လာပြီး ဈေးနှုန်းများကျဆင်းလာနိုင်ကြောင်း Luciën က ရှင်းပြပါသည်။
ဇူလိုင်လ ပထမပတ်တွင် အီဂျစ်စပျစ်သီး နောက်ဆုံးအသုတ်ကို ရရှိမည်ဖြစ်ကြောင်း၊ အီတလီ စပျစ်သီးများဈေးကွက်တွင် အရေအတွက်များလာသည်နှင့်အမျှ အီဂျစ်စပျစ်သီး များ၏ အရည်အသွေးများ လျော့နည်းသွားနိုင်ကြောင်း၊ ရာသီဥတုဆိုးရွားမှုကြောင့် စပိန် စပျစ်သီး အထွက်နှုန်းကိုလည်း သိသိသာသာ ထိခိုက်စေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
အီတလီတွင် အစေ့မဲ့စပျစ်သီးစိုက်ပျိုးမှု သိသိသာသာ တိုးလာနေကြောင်း Autumn Crisp အမျိုးအစား အများအပြားထုတ်လုပ်သူက ပြောကြားခဲ့ပါသည်။ သို့သော် ယင်းတို့သည် စက်တင်ဘာလအထိ Dutch စျေးကွက်သို့ ရောက်ရှိလိမ့်မည်မဟုတ်ပေ။ အစေ့မဲ့ စပျစ်သီးသည် စားသုံးသူများ၏ လိုအပ်ချက်ကို ရှင်းရှင်းလင်းလင်း ဖြည့်ဆည်းပေးခဲ့ပါသည်။ သို့သော်လည်း ဂျာမနီနှင့် နယ်သာလန် တို့တွင်ရှိသော ကုန်သည်များသည် Italias နှင့် Victorias စပျစ်တို့ကို ရောင်းချနေဆဲဖြစ်ပါသည်။ ထိုစပျစ်သီးများသည် ပတ်ဝန်းကျင်တွင် အမြဲရှိနေမည်ဖြစ်ပြီး ၎င်းတို့သည် အရသာအရှိဆုံးဖြစ်နေဆဲဟု Luciën က ပြောကြားခဲ့ကြောင်း (၂၁.၆.၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Fresh Plaza သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9539632/good-expectations-for-italian-grape-season/
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၈) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန