မန္တလေးဈေးကွက်အတွင်း ဂျပန် နှမ်းဖြူနေရာယူလွှမ်းမိုးလျက်ရှိ

  • Wed, 28 June 2023

မန္တလေးဈေးကွက်အတွင်း ဂျပန် နှမ်းဖြူနေရာယူလွှမ်းမိုးလျက်ရှိ


ဂျပန်နှမ်းဖြူမှာ ဈေးကွက်အတွင်း ဈေးကောင်းရရှိလာသောကြောင့်  ကုန်သွယ်မှု  အားကောင်းနေကြောင်းကို  မန္တလေးနှမ်းကုန်သည်များ ၏ ပြောကြားချက်အရ သိရှိရပါသည်။ ဂျပန်နှမ်းဖြူမျိုးကို ကျောက်ဆည်မြို့နယ်မှ အဓိကရရှိသည်။ ပြီးခဲ့သည့်နှစ်တွင် နှမ်း  (၃-တင်းအိတ်)  တစ်အိတ်လျှင်  (၂၇၀,၀၀၀) ကျပ် မှ  (၃၇၃,၀၀၀) ကျပ်အထိ  စျေးနှုန်းမြင့်တက်ခဲ့ကြောင်းကို  မန္တလေးမြို့ရှိ  ကုန်စည်ဒိုင်ပိုင်ရှင်  ဦးစိုးဝင်းမြင့်ထံမှ သိရှိရပါသည်။


လွန်ခဲ့သည့် ဆယ်စုနှစ်ကာလတစ်ခုက ဂျပန်နိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သော ဂျပန်နှမ်းဖြူသည် ၎င်း၏ ထူးခြားထင်ရှားသော အရည်အသွေးများနှင့်  ပုံမှန်နှမ်းဖြူနှင့်    နှိုင်းယှဉ်ပါက  အရောင်ပိုဖြူပြီး  အစေ့ထူသောကြောင့် ဈေးနှုန်းပိုရကာ အမြတ်စွန်း များစွာ ရရှိခဲ့ပါသည်။  ရရှိနိုင်သော နှမ်းမျိုးကွဲများအနက်  ဂျပန်နှမ်းဖြူနှင့် နှမ်းနက် (အထူးသဖြင့် စမုံ မျိုးကွဲ) သည်  ဈေးကွက်တွင် ဝယ်လိုအား မြင့်မားလာခဲ့ပါသည်။ တရုတ်ဝယ်လက်များသည်  ဂျပန်နှမ်းဖြူ  ရောင်းလိုအား တစ်ခုလုံးကို  စိတ်အားထက်သန်လျက် ရှိပြီး အလှကုန်၊ သရေစာ  နှင့်  တိုင်းရင်းဆေးလုပ်ငန်းများတွင်  ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် ဝယ်ယူလျက်ရှိကြသည်။ 


ဇူလိုင်လတွင် အထွက်နှုန်းများမည်ဟု ခန့်မှန်းထားသောကြောင့်  ဂျပန်နှမ်းဖြူ ဝယ်လိုအားသည် ပိုမိုမြင့်တက်လာနိုင်ပြီးဈေးနှုန်း ကို မြင့်တက်စေမည်ဟုခန့်မှန်းထားပါသည်။ 


ဤနှမ်းမျိုး၏ ထူးခြားချက်တစ်ခုမှာ ရိတ်သိမ်းချိန် ရက်(၁၀၀)ခန့်ရှိပြီး တစ်နှစ် ပတ်လုံး စိုက်ပျိုးနိုင်မည်ဖြစ်သည်။ စီးပွားဖြစ် တန်ဖိုးရှိထုတ်ကုန်ဖြစ်သည့် ဂျပန်နှမ်းဖြူကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် စိုက်ပျိုးလေ့ ရှိပါသည်။  အဆိုပါဒေသများအနက် ကျောက်ဆည်နှင့် လယ်တွင်းခရိုင်တို့မှ ဂျပန်နှမ်းဖြူသည် ဝယ်သူများအကြား ဦးစားပေး ကြိုက်နှစ်သက်မှု အများဆုံးဖြစ်ကြောင်း ကို (၂၁−၆−၂၀၂၃) ရက်နေ့ထုတ်  Global New Light Of Myanmar  သတင်းအရသိရှိရပါသည်။


Source https://www.gnlm.com.mm/japanese-white-sesame-gains-prominence-in-mandalay-market/


တင်ပြသူ ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၈) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ