ပီရူးနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂,၁၃၃) သန်း ရရှိနေ
- Mon, 26 June 2023
ယခုနှစ် ပထမလေးလပတ် အတွင်း လယ်ယာထွက်ကုန်များ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂,၁၃၃) သန်းရှိပြီး အဆိုပါပမာဏသည် (၂၀၂၂) ခုနှစ် အလားတူကာလထက် (၈.၈) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပီရူးဗဟိုအရံဘဏ်၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။ ငွေကြေးအဖွဲ့အစည်းက ရလဒ်ကို သင်္ဘောဖြင့် တင်ပို့မှုမှ (၈.၆) ရာခိုင်နှုန်း နှင့် စျေးနှုန်းအရ (၀.၃) ရာခိုင်နှုန်းဖြစ်ကြောင်း အဓိကအားဖြင့် သတ်မှတ်ထားပါသည်။
ဗဟိုအရံဘဏ်၏ အဆိုအရ ယခုနှစ်၏ စတုတ္ထလတွင် လတ်ဆတ်သော ထောပတ်သီး များကို ပိုမို ရောင်းချ ရကြောင်း မှတ်တမ်းပြုဖော်ပြခဲ့သည်။ ၎င်းသည် အမေရိကန်ဒေါ်လာ (၅၂၁) သန်းတန်ဖိုးရှိ တင်ပို့မှုကို ထင်ဟပ်လျက်ရှိပြီး ၂၀၂၂ ခုနှစ် ဧပြီလနှင့် နှိုင်းယှဉ်ပါက (၇) ရာခိုင်နှုန်း တိုးလာသည်ဟု ဆိုပါသည်။
ပြည်ပသို့ တင်ပို့သည့် ပမာဏများမှာ နည်းပါးသော်လည်း ဈေးနှုန်းများမှာ အလားတူ ကာလအတိုင်း ဖြစ်ခဲ့ပါသည်။ လယ်ယာထွက်ကုန် တင်ပို့မှုပမာဏသည် ၂၀၂၂ ခုနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ပျမ်းမျှအားဖြင့် (၆.၂) ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၎င်းသည် ထောပတ်သီး တင်ပို့မှုမှဖြစ်ကြောင်း စျေးနှုန်းအနေဖြင့်လည်း (၀.၈) ရာခိုင်နှုန်း မြင့်တက်လာကြောင်း BCR မှဖော်ပြခဲ့သည်။
ယခုနှစ်၏ ပထမရလဒ်များအရ ဘလူးဘယ်ရီသီးတင်ပို့မှုသည် ၂၀၂၃ ခုနှစ် တွင် ကောင်းမွန်သော လမ်းကြောင်းပေါ်တွင် ဆက်လက် တည်ရှိ နေလိမ့်မည် ဖြစ်ကြောင်း ထောက်ပံ့ ပို့ဆောင်ရေး အော်ပရေတာကုမ္ပဏီ Scharff ၏ ခန့်မှန်းချက်အရ သိရသည်။ သင်္ဘောဖြင့် တင်ပို့ခြင်း တိုးတက်လာမှုသည် အဓိက လမ်းကြောင်းများဖြစ်သည့် အမေရိကန်နှင့် နယ်သာလန် နိုင်ငံတို့မှ ဝယ်လိုအားမြင့်မားလာမှုအပေါ် တစ်စိတ် တစ်ပိုင်းအားဖြင့် မူတည်နေကြောင်းကို ၁၄.၆.၂၀၂၃ ရက်နေ့က ဖတ်ရှုခဲ့ရသည့် www.freshplaza.com ကွန်ယက်၏ သတင်း ဆောင်းပါးမှတဆင့် သိရှိခဲ့ရသည်။
Source https://www.freshplaza.com/asia/article/9537900/peruvian-agri-exports-already-total-us-2-133-million/
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၁) ရက်
တည်းဖြတ်သူ ဦးသောင်းထိန် ၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
စစ်ဆေးသူ ဒေါ်ဌေးဌေးရီ ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန