ရော်ဘာဈေးနှုန်း တစ်ပေါင်လျှင် (၁၄၀၀) ကျပ်အထက် ပြန်လည်မြင့်တက်လာ

  • Mon, 26 June 2023

ရော်ဘာဈေးနှုန်း တစ်ပေါင်လျှင် (၁၄၀၀) ကျပ်အထက် ပြန်လည်မြင့်တက်လာ




မွန်ပြည်နယ်တွင် ရော်ဘာဈေးသည် တစ်ပေါင်လျှင် (၁၄၀၀)ကျပ်အထက် ဈေးပြန်လည် မြင့်တက်လာမှုနှင့် ကြုံတွေ့ရခြင်းမှာ နိုင်ငံတကာဈေးနှုန်းများ မြင့်တက်မှုကြောင့် ဖြစ်ပါ သည်။ လက်ရှိတွင် နေလှန်းရော်ဘာပြား (ပြည်တွင်းအဆင့်-၃) စျေးနှုန်းများမှာ တစ်ပေါင်လျှင် (၁၄၀၅) ကျပ် ခန့်ရှိပြီး)  မှိုင်းခံရော်ဘာပြား(Ribbed Smoked Sheet Rubber) စျေးနှုန်းမှာ တစ်ပေါင်လျှင် (၁၄၂၅) ကျပ်ဝန်းကျင်ဖြစ်ပါသည်။


အရှေ့တောင် အာရှနိုင်ငံများ၏ ရော်ဘာထုတ်လုပ်မှုနှင့် ကမ္ဘာ့ဈေးကွက်ဝယ်လိုအား တို့သည် မြန်မာ့ရော်ဘာဈေးနှုန်းအပေါ် လွှမ်းမိုးလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်းအရေးပါ သောရော်ဘာထွက်ရှိမှု အချက်အချာဖြစ်သည့်မွန်ပြည်နယ်အတွက် အဆိုပါဆက်စပ်မှုမှာ မှန်ကန်မှုရှိပါသည်။


မြန်မာနိုင်ငံ၏ နှစ်စဉ်ရော်ဘာထုတ်လုပ်မှုမှာ တန်ချိန် (၃)သိန်းဝန်းကျင်ခန့်ရှိပြီး၊ တရုတ် နိုင်ငံသည် မြန်မာ့ရော်ဘာတင်ပို့မှု၏ (၇၀)%အတွက် အဓိကဦးတည်ရာနေရာ ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံသည် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်နှင့် အခြားနိုင်ငံများသို့လည်းရော်ဘာ တင်ပို့လျက်ရှိသည်။


၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အနေဖြင့် ပြည်ပဈေးကွက်သို့ ရော်ဘာတန်ချိန် (၃၀၀,၀၀၀)ခန့် တင်ပို့နိုင်ရန်ရည်မှန်း ထားပါ သည်။ ယခင်ဘဏ္ဍာရေးနှစ် (၂၀၂၂-၂၀၂၃ခုနှစ်)တွင် ရော်ဘာထုတ်လုပ်မှုသည် တန်ချိန် (၃၆၀,၀၀၀) ကျော်လွန်ခဲ့ပြီး တန်ချိန် (၂၀၀,၀၀၀)အား ပြည်ပကုန်သွယ်မှု မိတ်ဖက်များသို့ တင်ပို့နိုင်ခဲ့ပါသည်။


 မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း ရော်ဘာစိုက်ပျိုးမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈-၂၀၁၉ ခုနှစ် ရော်ဘာစိုက်ပျိုးရာသီတွင် မြန်မာနိုင်ငံတွင် ရော်ဘာ စိုက်ဧက (၁.၆၂၈) သန်းကျော်ရှိပြီး မွန်ပြည်နယ်တွင် (၄၉၇,၁၅၃) ဧက၊ တနင်္သာရီတိုင်း ဒေသကြီးတွင် (၃၄၈,၃၄၄) ဧကနှင့် ကရင်ပြည်နယ်တွင် (၂၇၀,၇၆၀) ဧက ရှိကြောင်းသိရှိရပါ သည်။



ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်(၂၀၂၀-၂၀၂၁ခုနှစ်) တွင် မြန်မာနိုင်ငံသည် ရော်ဘာတင်ပို့မှု မှ အမေရိကန်ဒေါ်လာ(၄၄၉) သန်းကျော် ၀င်ငွေရရှိခဲ့ပါကြောင်းကို (၁၅-၆-၂၀၂၃) ရက်နေ့ ထုတ် Global New Light of Myanmar သတင်းအရသိရှိရပါသည်။


Source https://www.gnlm.com.mm/rubber-price-rebounds-surpasses-k1400-per-pound/#article-title


တင်ပြသူ ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၁) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန










ဆက်စပ် သတင်းများ