ရန်ကုန်ဈေးကွက်တွင် အာလူးများဈေးနှုန်းမြင့်တက်

  • Mon, 26 June 2023

ရန်ကုန်ဈေးကွက်တွင် အာလူးများဈေးနှုန်းမြင့်တက်



ဟဲဟိုး  အာလူးလက်ကားဈေးသည်  ယခုနှစ်အတွင်း  ရန်ကုန်ဈေးကွက်တွင်  သိသိ သာသာ  မြင့်တက်လာခဲ့ပါသည်။  ၂၀၂၃ ခုနှစ် ၊ ဇွန်လ (၁၃) ရက် နှင့် (၁၄)ရက်တို့တွင် A1 အမျိုး အစားသည် တစ်ပိဿာ (၃.၆ ပေါင်)လျှင် (၂၂၅၀)ကျပ်၊ OK နှင့် S1 အမျိုးအစားမှာ  (၂၅၅၀)ကျပ် နှင့်  S2 အမျိုးအစားမှာ  (၂၄၅၀) ကျပ်  အသီးသီး ရှိခဲ့ပါသည်။ 


၂၀၂၃ ခုနှစ် ၊ မေလ (၂၅)ရက်နေ့မှ  (၁၅)ရက်အတွင်း  အာလူး အမျိုးအစားပေါ်  မူတည်၍  တစ်ပိဿာလျှင် ငွေကျပ် (၆၀၀)ခန့် ဈေးမြင့်တက်ခဲ့ပါသည်။ ဇွန်လ (၁၃)ရက်နှင့် (၁၄)ရက်တွင် ရန်ကုန်ဈေးကွက်၌ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့် ဈေးမြင့်တက်ခဲ့ပြီး  ယခင်နှစ်  ကာလတူ နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့် တက်ခဲ့ပါသည်။ 


၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ ခုနှစ်များတွင်  ကြက်သွန်နီနှင့်  ကြက်သွန်ဖြူဈေးများ  မြင့်တက်ခဲ့သော်လည်း  အာလူးမှာ တသမတ်တည်း မြင့်မားလျက်ရှိကြောင်း ပုံမှန်ဖောက်သည်တစ်ဦး ဖြစ်သည့် ကိုအောင်၏ ပြောကြားချက်အရ သိရှိရပါသည်။


အရွယ်အစား ကြီးမားသော  အချို့အာလူးများသည်  ဈေးကွက်တွင်  ဈေးနှုန်းမြင့်မားသည့် OK နှင့် S1 အမျိုးအစားများဖြစ်ပါသည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကဲ့သို့ လပေါင်းများစွာ သိုလှောင်၍မရဘဲ အာလူးမှာ အအေးခန်းသိုလှောင်ရုံများ လိုအပ်ပြီး ၎င်းအခြေအနေများသည် ကုန်သည်များအား ဈေးကွက်သို့အမြန်ရောင်းချရန် တွန်းအားပေးလျက်ရှိပါသည်။


ပွဲစားများသည် မရောင်းချမီ တရုတ်မျိုးကွဲအာလူးများကို ဂရုတစိုက်  စစ်ထုတ်ကြ ပါသည်။  ထို့ကြောင့် ကုန်သည်များသည်  ကြက်သွန်နှင့်မတူဘဲ  အာလူးများမဝယ်ယူမီ သတိထား ကြရမည် ဖြစ်ကြောင်း (၁၅.၆.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော  Global New Light of Myanmar  သတင်းဆောင်းပါးအရ သိရှိရပါသည်။

 

Source https://www.gnlm.com.mm/potato-prices-surge-in-yangon-market/#article-title


တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

- ၂ -


ဆက်စပ် သတင်းများ