ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် ငွေကျပ် (၁၁၀,၀၀၀) အထိရောက်ရှိနေ
- Mon, 26 June 2023
ဝါးတန်းဆန်ဗဟိုလက်ကားဈေး၏ အချက်အလက်များအရ စပါးဈေး မြင့်တက်လာ ပြီးနောက် ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ငွေကျပ် (၁၁၀,၀၀၀)အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ရွှေဘိုပေါ်ဆန်း စပါးဈေးနှုန်းသည် တင်း(၁၀၀)လျှင် ငွေကျပ် (၃)သန်းအထိ တက်လာခဲ့သည်။
အလားတူ ရန်ကုန်ဈေးကွက်အတွင်း အခြားဆန်အမျိုးအစားများ၏ ဈေးနှုန်းများ သည်လည်း အမြင့်ဆုံး ဈေးနှုန်းအထိ မြင့်တက်လာခဲ့သည်။ ပေါ်ဆန်းဆန် ဈေးနှုန်းများသည် ထုတ်လုပ်သည့်နေရာ (မြောင်းမြ၊ ဒေးဒရဲ၊ ဖျာပုံ၊ ပုသိမ်) ဒေသအပေါ် မူတည်၍ တစ်အိတ်လျှင် ငွေကျပ် (၈၆,၀၀၀) မှ (၉၃,၀၀၀) အထိရှိနေသည်။ ပေါ်ဆန်းဆန် (အသစ်) ဈေးနှုန်းသည် တစ်အိတ်လျှင် ငွေကျပ် (၈၇,၀၀၀) အထိရှိနေပါသည်။ လက်ရှိအချိန်တွင် မြန်မာ့ဆန် လက်ကား ဗဟိုဌာန (ဝါးတန်း)၏ အချက်အလက်များအရ ကျားပျံတစ်အိတ်လျှင် (၉၂,၀၀၀)ကျပ်၊ ခွံနီ တစ်အိတ်လျှင် (၇၇,၀၀၀)ကျပ်၊ ငစိန်တစ်အိတ်လျှင် (၅၈,၀၀၀)ကျပ်၊ သက်တမ်းတို ရက်(၉၀) ဆန်တစ်အိတ်လျှင် (၇၄,၀၀၀)ကျပ်၊ ဧည့်မထတစ်အိတ်လျှင် (၆၂,၀၀၀)ကျပ်၊ ပေါ်ကျွဲ တစ်အိတ်လျှင် (၇၈,၀၀၀)ကျပ် နှင့် ကြားဖြတ်ရာသီတွင် စိုက်ပျိုးသည့် ဆန်တစ်အိတ်လျှင် (၆၄၀၀၀)ကျပ် အသီးသီး ရှိနေပါသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စက် ပိုင်ရှင်များ၊ ဆန်ကုန်သည်များ၊ ကုမ္ပဏီများနှင့် ပူးပေါင်း၍ ဆန်ဈေးနှုန်း တည်ငြိမ်စေရန်၊ မှန်ကန်သော ဈေးနှုန်းနှင့် မှန်ကန်သောထုတ်လုပ်မှု့ဖြင့် ဈေးကွက်ကို ထိန်းကျောင်းကာ ဆန်စက်ပိုင်ရှင်များအား ရေတို၊ ရေရှည် ဟန်ချက်ညီသော စွမ်းဆောင်မှု့များရရှိစေရန် တွန်းအားပေးမည်ဖြစ်ကြောင်း ဧပြီလ (၂၄)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော MRF ၏ အမိန့်ကြော်ငြာစာအရ သိရသည်။
ထို့အပြင် ဆန်ဈေးတက်လာစေရန် ဒစ်ဂျစ်တယ်ပလပ်ဖောင်းများပေါ်တွင် စားသုံးသူ များ၏ စိုးရိမ်ပူပန်မှုကို နှိုးဆွကာ မလိုလားအပ်သော ကောလာဟလများ ဖြန့်ဝေသူများကို ဆန်စပါးလုပ်ငန်း၏ ရေရှည်အကျိုးအတွက် စစ်ဆေးသွားမည်လည်းဖြစ်သည်။ ထိုသို့ပြုလုပ်သူများကို အဖွဲ့ချုပ်က သက်ဆိုင်ရာ အာဏာပိုင်များထံ အစီရင်ခံတင်ပြမည်ဖြစ်သည်။ ဤကိစ္စ အတွက် ထောက်ပံ့ရေးကွင်းဆက်ရှိ သက်ဆိုင်သူများအနေဖြင့် ပေါင်းစပ်ကြိုးပမ်းအားထုတ် ရန် လိုအပ်ပါသည်။
သင့်တင့်သည့်ဈေးနှုန်းနှင့် မှန်ကန်သည့်ပစ္စည်းကို ဝယ်ယူလိုသူများအနေဖြင့်လည်း တစ်ဦးချင်းဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ ဆန်လက်ကားဗဟိုဌာနသို့ ဆက်သွယ်မှာယူနိုင်ပါသည်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက ဖော်ပြပါလိပ်စာအတိုင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံ
ဆက်သွယ်နိုင်ကြောင်းကို (၇.၆.၂၀၂၃) ရက်နေ့က ထုတ်ဝေခဲ့သည့် Global New Light of Myanmar ၏ သတင်းဆောင်းပါးမှတဆင့် သိရှိခဲ့ရသည်။
Source https://cdn.myanmarseo.com/file/client-cdn/gnlm/wp-content/uploads/2023/06/7-June-2023
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၄) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထ-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန