အီတလီသံပုရာသီးထွက်ရှိမှု ကျဆင်းနေသောကြောင့် တင်သွင်းမှုများပြား
- Mon, 26 June 2023
ပြည်တွင်း သံပုရာထွက်ရှိမှုကန့်သတ်ချက်ကြောင့် လက်ရှိတွင် ပြန်လည်ရောင်းချ သူများသည် ပြည်ပမှ တင်သွင်းသည့် ထုတ်ကုန်များကို ပိုမိုနှစ်သက်ကြပါသည်။
ယခုအချိန်သည် အီတလီသံပုရာသီးများအတွက် အချိန်ကောင်းမဟုတ်ကြောင်း၊ အဓိကအကြောင်း အရင်းနှစ်ခုရှိကြောင်း၊ ပထမတစ်ခုမှာ ဂရိ၊ တူရကီနှင့် အာဂျင်တီးနားတို့မှ (၅၅ %) ခန့် ဈေးအလွန် ချိုသာသော သံပုရာသီးများ မြောက်မြားစွာ ထုတ်လုပ်နေခြင်း ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင် ၎င်းတို့၏ ထုတ်ကုန်များသည် လွန်ခဲ့သည့် လအနည်းငယ် အတွင်း မကြာခဏ မိုးရွာသွန်းမှုကြောင့် ပုံမှန်မဟုတ်သော ရာသီဥတုနှင့် ရင်ဆိုင်နေရပြီး ကွင်းပြင်များတွင် စိုက်ပျိုးထားသော သံပုရာပင် များ၏ သက်တမ်းကို ထိခိုက်စေခဲ့ကြောင်း Rocca Imperiale (Cosenza) မှ အီတလီ နိုင်ငံတောင်ပိုင်းရှိ ဒေသအများစုတွင် သံပုရာသီး အဓိကစိုက်ပျိုး ထုတ်လုပ်သူတစ်ဦးက အစီရင်ခံပါသည်။
မိုးများပြီး စိုထိုင်းဆမြင့်မားခြင်းကြောင့် စူပါမားကက်များသို့ ပို့ဆောင်သော ထုတ်ကုန် များတွင် ချို့ယွင်းချက်များဖြစ်ပေါ်လာတတ်၍ နိုင်ငံခြားသွင်းကုန်များကို တင်သွင်းရန်အခွင့် အရေးပေးသလိုဖြစ်နေကြောင်း၊ ၎င်းသည် အီတလီထုတ်လုပ်သူများအတွက် နိုင်ငံခြား ပြိုင်ဘက်များနှင့် တူညီသောဈေးနှုန်းရရှိရန် မဖြစ်နိုင်ကြောင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ်လည်း ကာမိမည်မဟုတ်ကြောင်း ပြောကြားပါသည်။
ဂရိ၊ တူရကီနှင့် အာဂျင်တီးနားတို့မှ ရောက်ရှိလာသော ထုတ်ကုန်များကို လွန်ခဲ့သည့် (၄)ပတ်က ရရှိခဲ့ကြောင်း၊ ကံမကောင်းစွာဖြင့် အီတလီသံပုရာသီးရာသီသည် နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီး ပြည်ပသံပုရာသီးများသည် ယခုအချိန်မှ စတင်မှာဖြစ်ပြီး လတ်ဆတ်၍ အရည်အသွေးမြင့်မားကြောင်း၊ ပြည်တွင်းသံပုရာသီးများသည် ယခုအချိန်တွင် ဦးစားပေးရွေးချယ်မှုမဟုတ်ကြောင်း (၃၁.၅.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော fresh plaza website ဆောင်းပါးအရသိရှိရပါသည်။
Source https://www.freshplaza.com/europe/article/9533651/too-many-imported-lemons-as-italian-supplies-remain-low/
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၇) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန