စားအုန်းဆီဈေးကွက်ပေါက်ဈေးသည် ရည်ညွှန်းဈေးနှုန်းထက် (၂,၀၀၀) ကျပ် မြင့်တ

  • Mon, 26 June 2023

စားအုန်းဆီဈေးကွက်ပေါက်ဈေးသည် ရည်ညွှန်းဈေးနှုန်းထက် (၂,၀၀၀) ကျပ် မြင့်တ



၂၀၂၃ခုနှစ်၊ ဇွန်လ(၁၀)ရက်တွင် ရန်ကုန်လက်ကား ဈေးကွက်အတွင်း စားအုန်းဆီ ဈေးနှုန်းသည် တစ်ပိဿာလျှင် (၆၀၀၀)ကျပ်နှုန်းဖြင့် အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး ရည်ညွှန်းဈေးနှုန်း နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် (၂၂၀၀)ကျပ် သိသိသာသာမြင့်တက်ခဲ့ပါသည်။


၂၀၂၃ခုနှစ်၊ ဧပြီလ (၁၀ရက်မှ ၂၃ရက်အထိ) တစ်ပတ်အတွင်း စားအုန်းဆီ လက်ကား ရည်ညွှန်းဈေးနှုန်းမှာ  တစ်ပိဿာလျှင် (၄,၇၉၀)ကျပ် သတ်မှတ်ထားရာမှ တစ်ပိဿာလျှင် (၃,၇၉၀)ကျပ်သို့ ကျဆင်းသွားကာ (၁)လအတွင်း တစ်ပိဿာလျှင် (၁,၀၀၀)ကျပ် ဈေးနှုန်း ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။


 ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၈)ရက်နေ့တွင် နိုင်ငံတကာ စားအုန်းဆီဈေးနှုန်းသည် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁,၀၂၅)နှုန်းဖြင့် ဈေးနှုန်းမြင့်မားလျက်ရှိပြီး ဇွန်လ (၁၀)ရက်နေ့တွင် (၁)တန် ဈေးနှုန်း အမေရိကန်ဒေါ်လာ (၇၉၇.၅)သို့ သိသိသာသာ ကျဆင်းခဲ့ပါသည်။ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၂၈)ကျဆင်းခဲ့ကြောင်းကို ကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါ သည်။ ရန်ကုန်ဈေးကွက်အတွင်း လက်ကားရည်ညွှန်းဈေးနှုန်းနှင့် နိုင်ငံတကာ စားအုန်းဆီ ဈေးနှုန်း ကျဆင်းသွားသော်လည်း ဈေးကွက်ပေါက်ဈေးမှာတစ်ပိဿာလျှင် (၆၀၀၀-၆၁၀၀)ကျပ် ဈေးနှုန်းရှိပြီး ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း စားသုံးဆီကုန်သည် တစ်ဦးကပြောကြားခဲ့ပါသည်။


ဇွန်လ(၆)ရက်မှ (၉)ရက်အတွင်း စားအုန်းဆီ တန်ချိန်(၁၁,၀၀၀)ခန့် တင်သွင်းခဲ့ပါသည်။ နိုင်ငံတကာ စားအုန်းဆီဈေးနှုန်းနှင့် ရည်ညွှန်းဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားပြီး ပြည်ပ နိုင်ငံများမှ စားအုန်းဆီများ ဆက်တိုက်ဝင်ရောက်မှုရှိလာသော်လည်း စျေးကွက်ပေါက်ဈေးမှာ မြင့်မားနေဆဲဖြစ်ပါသည်။ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် စျေးကွက်ပေါက်ဈေး တစ်ပိဿာလျှင် ဈေးနှုန်း (၅,၁၅၀)ကျပ်သာရှိခဲ့ပြီး ထိုအချိန်က နိုင်ငံတကာဈေးနှုန်းမှာ (၁)တန်လျှင် (၉၆၅) ဒေါ်လာနှင့် ရည်ညွှန်းဈေးနှုန်း တစ်ပိဿာလျှင် ဈေးနှုန်း (၄၃၆၀)ကျပ် သတ်မှတ်ထားခဲ့ပါသည်။


ရန်ကုန်တိုင်းဒေသကြီးအတွက် စားအုန်းဆီနှင့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများကို သက်ဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်ခဲ့ပါသည်။ စက်သုံးဆီများကို နေ့စဉ် သတ်မှတ်နှုန်းထား အတိုင်း ဝယ်ယူနိုင်ပါသည်။ သို့သော်လည်း စားအုန်းဆီကိုမူ ရည်ညွန်းဈေးနှုန်းဖြင့် ဝယ်ယူ နိုင်ခြင်းမရှိဘဲ ဈေးကွက်ပေါက်ဈေးသည် ရည်ညွန်းဈေးနှုန်းထက် တစ်ပိဿာလျှင် (၂၂၀၀)ကျပ် ပို၍မြင့်မားလျက်ရှိ ကြောင်းကို (၁၂-၆-၂၀၂၃)ရက်နေ့ထုတ် Global New Light of Myanmar သတင်းအရသိရှိရပါသည်။


Source https://www.gnlm.com.mm/palm-oil-market-price-rises-by-above-k2000-more-than-reference-price/


တင်ပြသူ ဒေါ်ဉမ္မာထွန်း၊စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၄) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ