Breba သဖန်းသီးရာသီသည် ယမန်နှစ်ကထက် ဝယ်လိုအားမြင့်မားပြီး ဈေးကောင်းကောင်းဖြင့် ဈေးကွက်စတင်ဖွင့်လှစ်
- Mon, 26 June 2023
စပိန်နိုင်ငံ Alicante ပြည်နယ်ရှိ Elche မြူနီစီပယ် ဧရိယာအတွင်းတွင် ပုံမှန် အဆက်မပြတ် မိုးရွာသွန်းမှုဖြည်းညှင်းစွာ လျော့ကျသွားသည့်ဖြစ်စဉ်ကြောင့် အသီးများ၏ အရည်အသွေးကို ထိခိုက်မှုမရှိစေဘဲ အသီးခူးဆွတ်ခြင်းလုပ်ငန်းကို ရက်အနည်းငယ်ကြာ ဆောင်ရွက်လျက် ရှိပါသည်။ မိုးရွာသွန်းမှုသည် breba သဖန်းသီးများပေါ် ဆိုးကျိုး သက်ရောက်မှု မရှိသော်လည်း အစောဆုံး အသီးများသည် ခြောက်သွေ့မှုဒဏ်ကို ရင်ဆိုင် ရမည်ဖြစ်ပြီး အရွယ်အစား လည်း အနည်းငယ်သေးငယ်သွားမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် လက်ရှိကာလတွင် ယမန်နှစ် အလားတူကာလထက် breba သဖန်းသီးများ လျော့နည်း ခူးဆွတ်နေရကြောင်း Cambayas သမဝါယမအသင်းအဖွဲ့၏ အရောင်းမန်နေဂျာ Susi Bonet က ပြောပါသည်။
သို့သော်လည်း ယခုသီတင်းပတ်ကုန်ခါနီးတွင် အရှိန်အဟုန်ဖြင့်ပြန်လည် ခူးဆွတ် လာမည်ဖြစ်ပြီး စူပါမားကတ်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ယခု ရက်အနည်းငယ်အတွင်း လက်ကားဈေးကွက်သို့ တိုက်ရိုက်ရောင်းချမည်ဖြစ်ကြောင်း၊ နောက် သီတင်းပတ်အတွင်း ပမာဏများစွာဖြင့် ဈေးကွက် စတင်နိုင်မည်ဖြစ်ကြောင်း သူမက ပြောကြားပါသည်။
လက်ရှိရာသီတွင် သဖန်းသီးထုတ်လုပ်မှု ပမာဏသည် ကီလို (၃၀၀,၀၀၀) နှင့် (၃၅၀,၀၀၀) အကြားရှိမည်ဖြစ်ပြီး (၂၀၂၂) ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက တူညီသော ပမာဏဖြစ် လိမ့်မည်ဟု Cambayas မှ မျှော်လင့်ထားပါသည်။
ထုတ်လုပ်မှုကုန်ကျစရိတ်များ တိုးလာခဲ့သော်လည်း ပြီးခဲ့သည့်ရာသီအစနှင့် နှိုင်းယှဉ် ပါက ဝယ်လိုအားများလာ၍ စျေးနှုန်းပိုကောင်း လာသောကြောင့် ကုန်ကျစရိတ် တိုးလာမှုကို ကာမိစေပြီး အမြတ်အစွန်းရရှိနိုင်လိမ့်မည်ဟု Susi Bonet မှ ပြောပါသည်။
ဤသမဝါယမအသင်းအဖွဲ့၏ အရောင်းကိုယ်စားလှယ်၏အဆိုအရ breba သဖန်းသီး ရာသီသည် တိုတောင်းပြီး (၃)ပတ်သာကြာမြင့်ကာ ယခုနှစ်တွင် စပိန်ရှိ အခြား သဖန်းသီး ထုတ်လုပ်သည့်ဒေသများနှင့် ဈေးကွက်ပြိုင်ဆိုင်ရမှုမရှိကြောင်း၊ ဤထုတ်ကုန်၏ ၀ယ်လိုအား သည် တစ်နှစ်ထက်တစ်နှစ် တိုးလာကြောင်း ၎င်းကပြောပါသည်။ ဇူလိုင်လနောက်ပိုင်းတွင် အခြားဒေသမှ စိုက်ပျိုးထုတ်လုပ်မှုပမာဏအများအပြားဖြင့် ပုံမှန် သဖန်းသီးရာသီ ဈေးကွက် ယှဉ်ပြိုင်မှု စတင်မည်ဖြစ်ကြောင်းသိရှိရပါသည်။
Cambayas ၏ သဖန်းသီးများကို စပိန်ဈေးကွက်အတွက် အဓိက ရည်ရွယ်ထား သော်လည်း ယခုနှစ်တွင် ၎င်းတို့ ထုတ်လုပ်မှု၏ (၂၀%) ခန့်ကို ပြင်သစ်နှင့် နယ်သာလန်သို့ တင်ပို့ရန် စီစဉ်ထားကြောင်း (၃၁.၅.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော Fresh Plaza ကွန်ရက်၏ ဆောင်းပါးအရသိရှိရပါသည်။
Source https://www.freshplaza.com/europe/article/9533654/breba-fig-season-starts-with-high-demand-and-better-prices-than-last-year/
တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ ဇွန်လ (၇) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန