မြန်မာနိုင်ငံမှ ဒူဘိုင်းသို့ မန်ကျည်းမှည့်(အစို) တန်ချိန်( ၅၀၀) လစဉ် တင်ပို့
- Mon, 26 June 2023
UAE မှ ဒူဘိုင်းကုမ္ပဏီတစ်ခုသည် မြန်မာနိုင်ငံမှ မန်ကျည်းမှည့်အစို တန်ချိန် (၅၀၀)ကို လစဉ်၀ယ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ သိရှိရပါသည်။
ဒူဘိုင်းမှ Hermab Group သည် မြန်မာနိုင်ငံမှ မန်ကျည်းမှည့်(အစို) တန်ချိန် (၅၀၀)ကို လစဉ်ဝယ်ယူရန် အဆိုပြုထားရာ စားသုံးသူရေးရာဦးစီးဌာနမှ အလားအလာရှိသော ကုမ္ပဏီများနှင့် ၎င်းတို့၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များကို ရန်ကုန်တိုင်းဒေသကြီး ကုန်သည် များနှင့် (ဘုရင့်နောင်) စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းထံ မေးမြန်းခဲ့ပါသည်။
ဒူဘိုင်းသို့ မန်ကျည်းမှည့်(အစို) တင်ပို့လိုသော စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းဆိုင်ရာအချက်အလက်အပါအဝင် အဆိုပြုချက်အစီရင်ခံစာများကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် တင်သွင်းရန် အကြောင်းကြားအပ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် မန်ကျည်းသီးကို ပြည်တွင်းစားသုံးရုံသာမက ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပါ ပို့ဆောင်ရောင်းချလျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များ နှင့် (ဘုရင့်နောင်) စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း မန်းကျည်းမှည့်(အစို) တစ်ပိဿာလျှင် (၁၄၀၀-၂၅၀၀)ကျပ်ပေါက်ဈေးရှိကြောင်းကို (၄-၆-၂၀၂၃)ရက်နေ့ထုတ် Global New Light of Myanmar သတင်းအရသိရှိရပါသည်။
Source https://www.gnlm.com.mm/myanmar-to-ship-500-tonnes-of-fresh-tamarind-to-dubai-monthly/#article-title
တင်ပြသူ ဒေါ်ဉမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ ဇွန်လ (၇) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန