မြန်မာ-ထိုင်းနယ်စပ်ဂိတ်ဖြစ်သည့် မော်တောင်းဂိတ် မှ မေလအတွင်း သီးဝလံတင်ပို့မှု အများဆုံးဖြစ်

  • Mon, 26 June 2023

မြန်မာ-ထိုင်းနယ်စပ်ဂိတ်ဖြစ်သည့် မော်တောင်းဂိတ် မှ မေလအတွင်း သီးဝလံတင်ပို့မှု အများဆုံးဖြစ်


မြိတ်နှင့် မိုင် (၁၂၀) ကွာဝေးသော မြန်မာ-ထိုင်းနယ်စပ်ရှိ မော်တောင်းဂိတ်မှတဆင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်သို့ သစ်သီးဝလံအများစုကို မေလအတွင်း တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

မော်တောင်းနယ်စပ် မှ မြိတ်မြို့သို့ ကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်ရန် (၃)နာရီခန့်သာ ကြာသောကြောင့် လတ်ဆတ်သော သစ်သီးဝလံများကို ဝယ်ယူစားသုံးနိုင်သည်ဟုသိရှိရပါ သည်။

အများဆုံး တင်သွင်းသော သစ်သီးများမှာ ပန်းသီး၊ လိမ္မော်သီး၊ ရေငန်းသီး၊  ပိန္နဲသီးနှင့် လောင်ဂန်သီးတို့ဖြစ်ပြီး လက်ရှိဈေးကွက်ပေါက်ဈေးမှာ ပန်းသီး(၁)ကီလိုဂရမ်လျှင် (၁၉.၄၄) ဘတ်၊ လိမ္မော်သီး(၁)ကီလိုဂရမ်လျှင် (၉.၆၉) ဘတ်၊ ရေငန်းသီး(၁)ကီလိုဂရမ်လျှင် (၆.၄၅) ဘတ်နှင့် လောင်ဂန်သီး(၁)ကီလိုဂရမ်လျှင်(၆.၈၁) ဘတ်ဖြင့်  သစ်သီးဝလံ (၂၄) တန် ကိုမေလ(၁)ရက်နေ့မှ(၃၀) ရက်နေ့အထိ မော်တောင်းနယ်စပ်ဂိတ်မှ တင်သွင်းခဲ့ပါသည်။

မော်တောင်းနယ်စပ်မှ ကြက်သွန်နီ၊ ငှက်ပျောသီး၊ ရေထွက်ကုန်စည်၊ ပုစွန်၊ ဂဏန်း၊ တံမြက်စည်းနှင့် အခြားထွက်ကုန်များ ထိုင်းနိုင်ငံသို့ မေလ တတိယပတ်အတွင်း တင်ပို့ခဲ့ပြီး အဓိက တင်ပို့သည့် ကုန်ပစ္စည်းများမှာ ပုစွန်ကြော်၊ ကြွေပြား၊ သစ်သီးဝလံနှင့် ငါးသေတ္တာများ ဖြစ်ကြောင်းကို (၅-၆-၂၀၂၃)ရက်နေ့ထုတ် Global New Light of Myanmar သတင်းအရသိရှိရပါသည်။

Source    https://www.gnlm.com.mm/myanmar-thailands-mawtaung-border-exports-most-fruits-in-may/#article-title

တင်ပြသူ     ဒေါ်အေးအေးခိုင် ၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ ဇွန်လ (၇) ရက်
စစ်ဆေးသူ    ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ