(၂၀၂၃)ခုနှစ်တွင် ရုရှားသည် ဥဇဘက်ကစ္စတန်မှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်သွင်းမှုကို တိုးမြှင့်မည်ဖြစ်
- Thu, 1 June 2023
ရုရှားနိုင်ငံသည် ပြည်ပမှ အဓိကတင်သွင်းသည့်သီးနှံများမှာ နိုင်ငံအတွင်း မစိုက်ပျိုးသော သစ်သီးဝလံများနှင့် ရာသီဥတုအခြေအနေနှင့် စိုက်ပျိုးရာသီအရ အကန့်အသတ်ရှိသော သစ်သီး ဝလံနှင့် ဟင်းသီးဟင်းရွက်များကို တင်သွင်းရခြင်းဖြစ်ပါသည်။
ရုရှားမှ အဓိကတင်သွင်းသည့်သီးနှံအများစုမှာ စပျစ်သီး(၃၉%)ဖြင့်လည်းကောင်း၊ တည်သီး (၁၅%) ဖြင့်လည်းကောင်းနှင့် မက်မွန်သီး (၁၁%) တို့ဖြစ်ပါသည်။ ပုံမှန်အားဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ဥဇဘက်ကစ္စတန်မှ သစ်သီးနှင့် ဟင်းသီးဟင်းရွက် အဓိကတင်သွင်းပါသည်။
အဓိကတင်သွင်းသည့်ရာသီမှာ နွေရာသီလများဖြစ်ပြီး မက်မွန်သီးမျိုးရင်းဝင်သီးနှံများဖြစ်သော (ချယ်ရီသီးများ၊ မက်မန်းသီး၊ မက်မွန်သီး၊ ဇီးသီး) နှင့် ဖရဲသီးများဖြစ်ပြီး စပျစ်သီးမှည့် ရာသီအစောပိုင်းတွင်လည်း အဓိကတင်သွင်းလျက်ရှိပါသည်။
သီးနှံရာသီကုန်ကာလတွင် ရုရှားစတိုးဆိုင်များတွင် သီးနှံရောင်းချမှု အဆက်မပြတ်စေရန် အတွက် ဥဇဘက်ကစ္စတန်နိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်သွင်းမှုကို ဆက်လက်လုပ်ဆောင်နေပါတယ်ဟု Magnit လက်လီဆိုင်ခွဲ၏ မဟာဗျူဟာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒါရိုက်တာ Andrey Bodrov က ပြောကြားခဲ့ပါကြောင်း(၂၄.၅.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော Fresh Plaza ကွန်ရက်၏ ဆောင်းပါးအရသိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9532128/india-onion-exports-up-64-in-fy23/
https://www.freshplaza.com/asia/article/9532073/russia-will-increase-imports-of-fruits-and-vegetables-from-uzbekistan-in-2023/
တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ မေလ (၂၈) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန