မြန်မာနိုင်ငံ ရေထွက်ကုန်စည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၄၀) ရရှိ
- Thu, 1 June 2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ (ဧပြီလ ၁ ရက်မှ မေလ ၁၂ ရက်အထိ) ရေထွက်ကုန်စည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၄၀.၉၈) သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်စaည်များကို ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။
ရေထွက်ကုန်ပစ္စည်းများ ပုံမှန်အတိုင်း တင်ပို့နေသော်လည်း ပို့ကုန်တင်ပို့နိုင်မှုအခြေ အနေသည်ကိုဗစ်အကြိုကာလက အခြေအနေကဲ့သို့ ပြန်လည်တင်ပို့နိုင်ခြင်းမရှိသေးပါ။ ပြီးခဲ့ သည့်ကာလတူဘဏ္ဍာရေးနှစ် တွင် ရေထွက်ကုန်စည် တင်ပို့မှုမှ မေရိကန်ဒေါ်လာ (၆၄.၀၇) သန်းကျော်ကောက်ခံရရှိ ခဲ့သည်။
ငါး၊ ပုစွန်၊ ကဏန်း စသည့် ရေထွက်ကုန်ပစ္စည်းများကို မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်နှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အခြား အိမ်နီးချင်းနိုင်ငံများသို့ ပုံမှန်တင်ပို့လျက်ရှိပါသည်။
ငါးနှင့် ပုစွန် မွေးမြူရေးခြံပေါင်း (၄၈၀,၀၀၀) အပြင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် အအေး ခန်းစက်ရုံပေါင်း (၁၂၀) ကျော်ရှိပြီး ငါးသလောက်၊ ကကတစ်၊ ငါးမြစ်ခြင်း၊ ငါးကြင်း နှင့် ငါးဇင်ရိုင်း စသည့် ငါးအမျိုးအစား (၂၀) ကျော်ကိုတင်ပို့လျက်ရှိကြောင်းကို (၂၆-၅-၂၀၂၃) ရက် နေ့ထုတ်Global New Light Of Myanmar သတင်းအရသိရှိရပါသည်။
Source https://www.gnlm.com.mm/myanmar-earns-us40-mln-from-fishery-product-exports/
တင်ပြသူ ဒေါ်အေးအေးခိုင် ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ မေလ (၃၁) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန