ကွမ်းခြံများတွင် ကွမ်းရွက်အထွက်နည်းသောကြောင့် ကွမ်းရွက်ဈေးနှုန်းမြင့်တက်

  • Thu, 25 May 2023

ကွမ်းခြံများတွင် ကွမ်းရွက်အထွက်နည်းသောကြောင့် ကွမ်းရွက်ဈေးနှုန်းမြင့်တက်


(Mocha) မိုခါ-ဆိုင်ကလုန်းမုန်တိုင်း၏ နောက်ဆက်တွဲအကျိုးဆက်များကြောင့် ကွမ်း ရွက်အထွက်နှုန်းကျဆင်းခြင်း နှင့် အခြားသောအဆင်မပြေမှု အကြောင်းအရင်းများကြောင့် ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်ကြောင်းကို ပွဲစားများကထောက်ပြထားပါသည်။

ကွမ်းရွက်ဈေးနှုန်းမှာ တစ်ပိဿာလှျင် (၁၆,၀၀၀) ကျပ်ခန့် ပေါက်ဈေးရှိခဲ့ရာမှ ကွမ်းရွက်အထွက်နှုန်းနည်းပြီးနောက် လက်လီဈေးကွက်တွင် တစ်ပိဿာလျှင် (၃၅,၀၀၀- ၄၀,၀၀၀) ကျပ်အထိ မြင့်တက်လာခဲ့ပါသည်။

“ယခုအချိန်ကာလသည် ကွမ်းရွက်ဈေးနှုန်း နှစ်စဉ်ကျဆင်းလျက်ရှိသည့်ကာလဖြစ် သော်လည်း ယခုနှစ်တွင် ကွမ်းရွက်ဈေးနှုန်းမှာအရှိန်အဟုန်ဖြင့် မြင့်တက်လျက်ရှိကြောင်း” ခြံပိုင်ရှင်တစ်ဦးက ပြောခဲ့ပါသည်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် ကွမ်းခြံများပျက်စီးခဲ့ပြီး၊ စိုက်ခင်းများအတွင်းပိုးမွှား ဖျက်ဆီးမှုကြောင့်အရွက်များ ဝါလာခြင်း၊ တွန့်လိမ်ကောက်ကွေ့လာခြင်းနှင့် ကျုံ့၍သေးငယ် သွားခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်စေခဲ့ပါသည်။ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ ပိုးမွှားရောဂါဝင်ရောက်ခြင်းနှင့် ကွမ်းစိုက်တောင်သူ အရေအတွက်လျော့နည်းလာခြင်းတို့ကြောင့် အထွက်နှုန်းကျဆင်းခဲ့ကြောင်း စိုက်ပျိုးရေးပညာရှင်များကပြောကြားခဲ့ပါသည်။

ကွမ်းရွက်ရောင်းလိုအားထက် ဝယ်လိုအားမြင့်မားလျက်ရှိသောကြောင့် ကွမ်းရွက် ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ (၂၀၂၂) ခုနှစ်၊ ဇွန်လလယ်တွင် ကွမ်းရွက်ဈေးနှုန်းသည် တစ်ပိဿာလျှင် (၉,၅၀၀-၁၀,၀၀၀)ကျပ်အထိမြင့်တက်ခဲ့ပြီး၊ ရောင်းလိုအားနည်းပါးခြင်းသည် ဈေးနှုန်းမြင့်တက်ခြင်း၏ အခြေခံအကြောင်းအရင်းတစ်ခုဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ကွမ်းစိုက်တောင်သူများ အခက်တွေ့နေကြောင်း တောင်သူဦးဝင်းနိုင်ကပြောကြောင်းကို (၁၈-၅-၂၀၂၃) ရက်နေ့ထုတ် Global New Light Of Myanmar သတင်းအရသိရှိ ရပါသည်။
 
Source    https://www.gnlm.com.mm/low-output-of-betel-farms-drives-leaf-price-up/#article-title

တင်ပြသူ    ဒေါ်အေးအေးခိုင် ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မေလ (၂၄) ရက်
စစ်ဆေးသူ    ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ