ဂျပန်တောင်သူတစ်ဦးမှ တစ်လုံးလျှင် ကန်ဒေါ်လာ (၂၃၀) ဖြင့် ရောင်းချရသော သရက်သီးများ ထုတ်လုပ်
- Thu, 18 May 2023
ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးကျွန်းတွင် Hiroyuki Nakagawa အမည်ရှိ ဂျပန်တောင်သူ တစ်ဦးသည် ရင့်မှည့်နေသော သရက်သီးများကို ခူးဆွတ်ထုပ်ပိုးပြီး တင်ပို့ရန် အသင့်ရှိနေ ပါသည်။ Nakagawa သည် (၂၀၁၁)ခုနှစ်မှစတင်၍ ဂျပန်နိုင်ငံ မြောက်ဘက်စွန်းရှိ နှင်းထူထပ်သော Tokachi ဒေသတွင် သရက်သီးများကို စိုက်ပျိုးခဲ့ပြီး တစ်လုံးလျှင် ဒေါ်လာ (၂၃၀)ဖြင့် ရောင်းချ ခဲ့ပါသည်။ သူ၏ ရေရှည်တည်တံ့သောစိုက်ပျိုးရေး စမ်းသပ်မှုတစ်ခုသည် တစ်နေ့တွင် ကမ္ဘာ့ စျေးအကြီးဆုံး သရက်သီးများထွက်ရှိလာမည်ဟု မထင်ခဲ့ပေ။
ဆောင်းရာသီတွင် အသီးအနှံများ စိုက်ပျိုးနိုင်သည်ဟု အခိုင်အမာဆိုခဲ့သော မီယာဇာ ကီစီရင်စုတောင်ပိုင်းမှ သရက်သီးတောင်သူတစ်ဦး၏ လမ်းညွှန်မှုအောက်တွင် Nakagawa သည် ၎င်း၏ကိုယ်ပိုင်ခြံကို တည်ထောင်ခဲ့ပြီး Noraworks Japan ကို စတင်တည်ထောင်ခဲ့ ပါသည်။ နှစ်အနည်းငယ်အကြာတွင် သူသည် သူ၏ သရက်သီးအမှတ်တံဆိပ်ကို “Sun in the Snow” ဟုအမည်ရသည့် Hakugin no Taiyo အမှတ်တံဆိပ်အဖြစ် မှတ်ပုံတင်ခဲ့ပါသည်။
Nakagawa ၏ သရက်စိုက်ပျိုးနည်းပညာ လျှို့ဝှက်ချက်မှာ မွေးရပ်မြေဖြစ်သော ဟော့ကိုင်းဒိုးကျွန်း၏ ဆီးနှင်းများနှင့် ရေပူစမ်းများ၏ သဘာဝအရင်းအမြစ်နှစ်ခုကို အသုံး ပြုခြင်း ဖြစ်ပါသည်။ သူသည် ဆောင်းရာသီမှ နှင်းများကို သိမ်းဆည်းကာ နွေရာသီတွင် ၎င်း၏ ဖန်လုံအိမ်များကို အေးမြစေရန် အသုံးပြုကာ အသီးအနှံများ ပန်းပွင့်ခြင်းကို နှောင့်နှေးစေ ပါသည်။ ထို့နောက် ဆောင်းရာသီတွင် ဖန်လုံအိမ်နွေးထွေးစေရန် သဘာဝရေပူစမ်းစွမ်းအား များကို အသုံးပြုကာ ရာသီချိန်မဟုတ်သောကာလ၌ သရက်သီးပေါင်း (၅၀၀၀)ခန့် ခူးဆွတ်နိုင်ခဲ့ပါကြောင်း (၁၀.၅.၂၀၂၃) ရက်နေ့တွင် ထုတ်ဝေခဲ့သော Fresh Plaza ကွန်ရက်၏ ဆောင်းပါးအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9527774/japanese-farmer-produces-mangoes-that-sell-for-230-each
တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ မေလ (၁၇) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန