ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း သုံးပတ်အတွင်း ကျဆင်းခဲ့

  • Thu, 18 May 2023

ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း သုံးပတ်အတွင်း ကျဆင်းခဲ့



ရန်ကုန်ဈေးကွက်တွင် စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်းမှာ မေလ(၁၄) ရက် နေ့အထိ သုံးပတ်အတွင်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀) ကျပ် သိသိသာသာကျဆင်းခဲ့ ကြောင်း စားသုံးဆီတင်သွင်းဖြန့်ဖြူးရေး ကြီးကြပ်မှုကော်မတီမှ သိရှိရ ပါသည်။

ဧပြီလ(၁၀-၂၃) ရက်အထိ တစ်ပိဿာလျှင် (၄,၇၉၀) ကျပ် သတ်မှတ်ထားပြီး ဧပြီလ၏နောက်ဆုံးသီတင်းပတ်(မေလ၁ရက်နေ့အထိ) စားအုံးဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄,၆၈၀) ကျပ် နှုန်းဖြင့် လျှော့ချခဲ့ပါသည်။ ထို့နောက် မေလ (၂-၇) ရက် သီတင်းပတ်အတွင်း တစ်ပိဿာလျှင် (၄,၅၇၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းဆက်လက်ကျဆင်းခဲ့သည်။ ယခုသီတင်းပတ် (မေလ၈-၁၄ရက်နေ့အထိ)အတွက် တစ်ပိဿာဈေးနှုန်း (၄၅၀၀) ကျပ်နှုန်းသတ်မှတ်ထားပြီး သုံးပတ်အတွင်း တစ်ပိဿာလျှင် (၂၉၀)ကျပ် သိသိသာသာကျဆင်းသွားကြောင်း ကိန်းဂဏန်း အချက်အလက် များအရ တွေ့ရှိရပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ စားသုံးဆီ တင်သွင်းဖြန့်ဖြူးမှု ကြီးကြပ်ရေး ကော်မတီသည် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံရှိ FOB ဈေးနှုန်းများ (သယ်ယူပို့ဆောင်စရိတ်၊ ကုန်စည်စည်းကြပ်ခွန်နှင့်ဘဏ်ဝန်ဆောင်မှုများအပါ အဝင်)ကို အနီးကပ်စောင့်ကြည့်နေလျက်ရှိပြီး စားသုံးဆီအတွက်လက်ကားရည်ညွှန်းဈေးနှုန်း ကို အပတ်စဉ်ထုတ်ပြန်လျက်ရှိပါသည်။ ရည်ညွှန်းစျေးနှုန်းများ မည်သို့ပင်ထုတ်ပြန် ထားသော် လည်း လက်ရှိဈေးကွက် ပေါက်ဈေးမှာ တစ်ပိဿာလျှင်  (၆,၀၀၀-၇,၀၀၀) ကျပ် ကျော်အထိ မြင့်မားလျက်ရှိနေပါသည်။

အဆိုပါ စားသုံးဆီလက်လီ/လက်ကားရောင်းချသူများအနေဖြင့် ဈေးနှုန်းများပို၍ သတ်မှတ်ခြင်း၊ ကုန်စည်ဈေးနှုန်းစာရင်းများကို ရည်ရွယ်ချက်ရှိရှိ သိမ်းဆည်း ခြင်းနှင့် ဈေးကစားရန်အတွက်မရိုးမသားလုပ်ဆောင်ချက်များပြုလုပ်သည်ကို တွေ့ရှိပါက ၎င်းတို့သည် Essential Supplies and Service Act ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်  စားသုံးဆီရောင်းချမှု နှင့်ပတ်သက်၍ စားသုံးသူများဘက်မှ စိုးရိမ်းပူပန်မှုမရှိစေရေး အတွက်ကြိုးပမ်းလျက်ရှိပါသည်။ ဝန်ကြီးဌာနသည် စားသုံးဆီဖူလုံမှုရရှိစေရန်၊ စားသုံးသူများအတွက် သင့်လျော်သောစျေးနှုန်း များသတ်မှတ်ပေးရန်နှင့် ဈေးနှုန်းတည်ငြိမ်စေရန် စျေးကွက်အားကြီးကြပ်ကွပ်ကဲနိုင်ရေး အတွက် ကြိုးပမ်းလျက်ရှိပါသည်။

လက်ရှိကာလတွင်ဆီတင်သွင်းသည့်ကုမ္ပဏီများအနေဖြင့်  မြန်မာနိုင်ငံစားသုံးဆီ ရောင်းဝယ်ရေးအသင်းနှင့်ညှိနှိုင်းကာ စားသုံးဆီများကို ကုန်ကားများဖြင့်လှည့်လည်ရောင်းချ ပေးလျက်ရှိပြီး ဇူလိုင်လ (၁၇) ရက်နေ့မှာမြို့နယ်အချို့၌အနည်းဆုံးဈေးနှုန်းဖြင့်  ပြန်လည် ရောင်းချပေးခဲ့ပါသည်။ စားအုန်းဆီရည်ညွှန်းစျေးနှုန်းပေါ်မူတည်၍ စားသုံးသူများအတွက် သင့်တင့်မျှတသောစျေးနှုန်းပေး၍ တိုက်ရိုက်ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြပါသည်။ ရည်ညွှန်းဈေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးလျက်ရှိသော်လည်း (စားအုန်းဆီ ခွဲတမ်းပေါ်မူ တည်၍) ရောင်းလိုအားပမာဏမှာအကန့် အသတ်ဖြင့်သာရှိပါသည်။

ပြည်တွင်းစားသုံးဆီ သုံးစွဲမှုမှာ (၁)နှစ်လျှင် တန်ချိန် (၁) သန်းခန့်ရှိပါသည်။ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုမှာ တန်ချိန် (၄)သိန်းခန့်သာရှိသဖြင့် ပြည်တွင်းဈေးကွက်တွင် ဆီဖူလုံမှုရရှိရန်အတွက် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ နှစ်စဉ်စားသုံးဆီတန်ချိန်(၇) သိန်းခန့် တင်သွင်းလျက်ရှိကြောင်းကို (၉-၅-၂၀၂၃) နေ့ထုတ် Global New Light of Myanmar သတင်းအရ သိရှိရပါသည်။

Source    https://www.gnlm.com.mm/yangon-region-palm-oil-wholesale-reference-price-sets-for-three-week-fall/

တင်ပြသူ    ဒေါ်အေးအေးခိုင် ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မေလ (၁၇) ရက်
စစ်ဆေးသူ    ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ