ကုလားပဲအဝင်နည်း၍ ဈေးနှုန်းမြင့်တက်လာ

  • Wed, 26 April 2023

ကုလားပဲအဝင်နည်း၍ ဈေးနှုန်းမြင့်တက်လာ


ကုလားပဲ ဝင်ရောက်မှုနည်း၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း မန္တလေး ကုန်စည်ဒိုင်အရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် ကုလားပဲ အမျိုးအစားပေါ်မူတည်၍ (၅၆.၂၅-၅၇.၂၅) ပိဿာအိတ် တစ်အိတ်လျှင် ကျပ်(၂၀၁,၀၀၀-၂၀၆,၅၀၀)ကြား ပေါက်ဈေးရှိပြီး ဧပြီလ (၂၂)ရက်နေ့တွင် (၅၆.၂၅-၅၇.၂၅)ပိဿာအိတ် တစ်အိတ်လျှင် ကျပ်(၂၀၇,၀၀၀-၂၁၉,၀၀၀)သို့ မြင့်တက်ခဲ့သဖြင့် သီတင်းပတ် (၃)ပတ်အတွင်း (၅၆.၂၅-၅၇.၂၅)ပိဿာအိတ် တစ်အိတ်လျှင် ကျပ်(၁၁,၀၀၀-၁၄,၀၀၀) သိသိသာသာ တိုးလာခဲ့သည်ကို ကိန်းဂဏန်းများအရ သိရှိရပါသည်။

ကုလားပဲသည် ဆောင်းသီးနှံ တစ်ခုဖြစ်ပြီး အများအားဖြင့် အောက်တိုဘာလ နှင့် နိုဝင်ဘာလတွင် စိုက်ပျိုးပါသည်။ ရိတ်သိမ်းရာသီမှာ ဇန်နဝါရီလမှ ဧပြီလအထိ ဖြစ်ပါသည်။ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကုလားပဲ အများစုကို စိုက်ပျိုး လျက် ရှိပါသည်။

မြန်မာနိုင်ငံတွင် အဓိကအားဖြင့် စပါး၊ ပြောင်း၊ ဝါ၊ ကြံ နှင့် ပဲမျိုးစုံ စိုက်ပျိုးပါသည်။ ဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ်မှုမှာ ပဲမျိုးစုံ ဖြစ်ပြီး စုစုပေါင်း စိုက်ပျိုး သီးနှံ၏ (၃၃%)ခန့် ရှိပြီး စိုက်ပျိုးထုတ်လုပ်သည့်ဧရိယာ၏ (၂၀%)ခန့် ရှိပါသည်။ ၎င်းတို့အနက် မတ်ပဲ၊ ပဲစဉ်းငုံနှင့် ပဲတီစိမ်းသီးနှံမှာ ပဲမျိုးစုံ စိုက်ဧက၏ (၇၂%)ခန့် ပါဝင်ပါသည်။ အခြားပဲများဖြစ်သည့် မြေပဲ၊ ကုလားပဲ၊ ပဲပုပ်၊ ပဲလွန်း၊ ပဲလိပ်ပြာနှင့် မြေထောက်ပဲများကိုလည်း မြန်မာနိုင်ငံတွင် စိုက်ပျိုး ကြပါသည်။ စိုက်ပျိုးရေးသည် မြန်မာနိုင်ငံစီးပွားရေး၏ ကျောရိုးဖြစ်ပါသည်။

စိုက်ပျိုးရေး ထွက်ကုန်အများစုတွင် ပဲမျိုးစုံသည် အဓိကသီးနှံတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကုလားပဲကို ပြည်တွင်းစားသုံးမှု ဖူလုံသည့်အပြင် ပြည်ပဈေးကွက်များသို့ တင်ပို့လျက် ရှိကြောင်း (၂၂-၃-၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.gnlm.com. mm ၏ သတင်းအချက်အလက် များအရ သိရှိရပါ သည်။

Source    https://www.gnlm.com.mm/small-supply-of-chickpeas-pushes-up-prices/

တင်ပြသူ    ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၆) ရက်    
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ