ရွှေဘိုပေါ်ဆန်းစပါး(အသစ်) အမြင့်ဈေးဖြင့် ဆက်လက်တည်ရှိ
- Wed, 26 April 2023
ရွှေဘိုပေါ်ဆန်းစပါးအသစ် တင်း(၁၀၀)လျှင် ငွေကျပ်(၂.၇)သန်းနှုန်းဖြင့် ဈေးဆက်လက် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။
၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစတင်၍ ရိတ်သိမ်းပြီးခါစ ရွှေဘိုပေါ်ဆန်း စပါးဈေးနှုန်းသည် ဈေးကွက်အတွင်း တင်း(၁၀၀)လျှင် ကျပ်(၁.၆)သန်း ဈေးရှိခဲ့ရာမှ ဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လာပြီး တင်း(၁၀၀)လျှင် ငွေကျပ် (၂.၇)သန်းနှုန်းအထိ ရောက်ရှိခဲ့သည်။
ရွှေဘိုပေါ်ဆန်း စပါးဈေးနှုန်း တဟုန်ထိုး မြင့်တက်လာသကဲ့သို့ ရွှေဘိုပေါ်ဆန်း ဆန်ဈေးသည်လည်း မြင့်တက်လျက်ရှိပြီး ရန်ကုန်ဈေးကွက်တွင် ဆန်(၁)အိတ်လျှင် ငွေကျပ် (၉၇,၀၀၀)အထိ မြင့်တက်သွားခဲ့သည်။
မြောင်းမြ နှင့် ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် (၈၀,၀၀၀)ကျပ်၊ ဖျာပုံပေါ်ဆန်း (၇၅,၀၀၀)ကျပ်၊ ဒေးဒရဲပေါ်ဆန်း (၇၃,၀၀၀)ကျပ်၊ ကျားပျံ (၈၀,၀၀၀)ကျပ်၊ ခွန်နီ (၆၈,၀၀၀) ကျပ်၊ ငစိန် (၅၄,၀၀၀)ကျပ်၊ သက်တမ်းတို (ရက် ၉၀)မျိုး(၆၁,၀၀၀)ကျပ်၊ ဧည့်မထ (၅၄,၀၀၀) ကျပ်၊ ပေါ်ကျွဲ (၆၈,၀၀၀)ကျပ်၊ နှစ်သီးစားစနစ်ဖြင့် စိုက်ပျိုးသော ဆန်ဈေးနှုန်းမှာ (၅၅,၀၀၀) ကျပ် နှင့် ပေါ်ဆန်းဆန်သစ် (၇၄,၀၀၀)ကျပ် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်း ဝါးတန်းဆန် လက္ကားကုန်စည်ဒိုင်မှ သိရှိရပါသည်၊၊
ဩဂုတ်လ (၃) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန် စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဝါးတန်း ဆန်လက္ကားကုန်စည်ဒိုင်နှင့် ဘုရင့်နောင် ဆန်လက္ကားကုန်စည်ဒိုင်တို့မှ ကုန်သည်ပွဲစားများ ပူးပေါင်း၍ စားသုံးသူများအတွက် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၇၅,၀၀၀)ကျပ်နှုန်း နှင့် အခြားဆန်မျိုးများကိုလည်း မျှတသော ဈေးနှုန်းများဖြင့် ဝါးတန်းလက္ကားကုန်စည်ဒိုင်၌ ရောင်းချပေးခဲ့သည်၊၊
ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင်ငွေကျပ် (၅၂,၀၀၀-၅၅,၀၀၀)နှုန်း၊ ကျားပျံ တစ်အိတ်လျှင် (၅၅,၀၀၀-၆၀,၀၀၀) ကျပ်နှုန်းဖြစ်ပြီး ရက်(၉၀)ဆန် တစ်အိတ်လျှင် (၃၅,၀၀၀-၃၇,၀၀၀)ကျပ်နှုန်းဖြင့် ဝါးတန်းလက္ကားကုန်စည်ဒိုင်၌ ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်၊၊
အိမ်ထောင်စု(၁)စုလျှင် ဆန်တစ်အိတ်သာ ဝယ်ယူနိုင်ပြီး ကုန်သည်များ နှင့် လက်လီ ရောင်းချသူများအနေဖြင့် ဝယ်ယူခွင့်မရှိကြောင်း (၂၁.၄.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်၊၊
Source https://www.gnlm.com.mm/new-shwebo-pawsan-paddy-persists-on-high-side/
တင်ပြသူ ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၆)ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု- ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန