ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီလက်ကားရည်ညွှန်းဈေးနှုန်းမြင့်တက်
- Wed, 19 April 2023
ရန်ကုန်ဈေးကွက်တွင်
စားအုန်းဆီလက်ကားရည်ညွှန်းဈေးနှုန်းမှာ သတ်မှတ်ထား သည့်နှုန်းထားအတိုင်း
ဆက်လက်တည်ရှိနေကြောင်းကို စားသုံးဆီတင်သွင်းဖြန့်ဖြူးမှု
ကြီးကြပ်ရေးကော်မတီမှ သိရှိရသည်။
ဧပြီလ (၃ ရက် - ၉ ရက်)
သတ္တပတ်အတွင်း စားသုံးဆီအခြေခံရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄,၅၄၅)
ကျပ်ဖြစ်ပြီး၊ ဧပြီလ၏ နောက်ဆုံးသီတင်းပတ် (၁၀ ရက်-၂၃ ရက်) အတွက်
ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄,၇၉၀)ကျပ်၊ ယခုသီတင်းပတ်တွင်ဈေးနှုန်း
အနည်းငယ် မြင့်တက်လာပြီး တစ်ပိဿာလျှင် (၂၄၅)ကျပ် မြင့်တက်လာခဲ့သည်။
စီးပွားရေး
နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ စားသုံးဆီ
တင်သွင်းဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီသည် မလေးရှားနိုင်ငံ နှင့်
အင်ဒိုနီးရှားနိုင်ငံရှိ သယ်ယူပို့ဆောင်စရိတ်၊ ကုန်စည်စည်းကြပ်ခွန်များ၊
ဘဏ်ဝန်ဆောင်မှုများအပါအဝင် FOB စျေးနှုန်းများကို
အနီးကပ်စောင့်ကြည့်စစ်ဆေးနေပြီး စားသုံးဆီအတွက်အပတ်စဉ် လက်ကား
ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပေးလျက်ရှိပါသည်။
ရည်ညွှန်းစျေးနှုန်း
မည်သို့ပင်ဖြစ်စေကာမူ လက်ရှိဈေးကွက် ပေါက်ဈေးမှာ တစ်ပိဿာလျှင်
ကျပ်(၆,၀၀၀-၈,၀၀၀)ကျော်အထိ မြင့်မားနေပါသည်။ အဆိုပါ စားသုံးဆီ လက်လီ၊
လက်ကားရောင်းချသူများအနေဖြင့် စျေးကစားရန်အတွက် ငွေပိုတောင်းခြင်း၊ ကုန်
ပစ္စည်းစာရင်းကို ရည်ရွယ်ချက်ရှိရှိ သိမ်းဆည်းခြင်းစသည့် မရိုးသားသော
လုပ်ဆောင် ချက်များပြုလုပ်နေသည်ကို တွေ့ရှိပါက ၎င်းတို့သည် Essential
Supplies and Service Act ဥပဒေ အရ အရေးယူခံရမည်ဖြစ်ကြောင်း MoC မှ
ကြေညာချက်ထုတ်ပြန်ခဲ့ ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာနအနေဖြင့် စားသုံးဆီရောင်းချမှုနှင့်
ပတ်သက်ပြီးစားသုံးသူများအတွက် စိုးရိမ်မှုမရှိစေရန်
ကြိုးပမ်းလျက်ရှိကြောင်း၊ ဝန်ကြီးဌာန သည် စားသုံးဆီဖူလုံမှုရရှိစေရန်နှင့်
စားသုံးသူများအတွက် သင့်လျော်သောစျေးနှုန်းများ သတ်မှတ်ပေးရန်နှင့်
ဈေးနှုန်းတည်ငြိမ်စေရေးအတွက်စျေးကွက်အား ကြီးကြပ်ကွပ်ကဲရန် ကြိုးပမ်း
လျက်ရှိပါသည်။
လက်ရှိတွင် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ
မြန်မာနိုင်ငံစားသုံးဆီ ရောင်းဝယ်ရေးအသင်းနှင့်
ညှိနှိုင်းဆောင်ရွက်ပြီးစားအုန်းဆီဈေးနှုန်းကိုအနိမ့်ဆုံးသောသတ်မှတ်
ဈေးနှုန်း ဖြင့် ဇူလိုင် (၁၇)ရက်နေ့တွင် မြို့နယ်အချို့၌ ထရပ်ကားများဖြင့်
ရွေ့လျားဈေးကွက်ပုံစံ လှည့် လည်ရောင်းချပေးခဲ့ပါသည်။
စားအုန်းဆီရည်ညွှန်းစျေးနှုန်းအပေါ်မူတည်၍ စားသုံးသူများအား မျှတသော
စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။ စားအုန်းဆီပမာဏခွဲတမ်းပေါ်မူတည်၍
ရည်
ညွှန်းဈေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသော်လည်း
ရောင်းချသည့် အရေအတွက် အကန့် အသတ်ဖြင့်သာရှိပါသည်။ ပြည်တွင်းစားသုံးဆီ
စားသုံးမှုမှာ (၁)နှစ်လျှင် တန်ချိန် (၁)သန်းခန့် ရှိသည်။ ပြည်တွင်း
စားသုံးဆီ ထုတ်လုပ်မှုမှာ တန်ချိန် (၄)သိန်းခန့်သာ ရှိသည်။
ပြည်တွင်းဈေးကွက်တွင် ဆီဖူလုံမှုရရှိရန် မလေးရှားနိုင်ငံနှင့်
အင်ဒိုနီးရှားနိုင်ငံတို့မှ နှစ်စဉ် စားသုံးဆီတန်ချိန် (၇)သိန်းခန့်
တင်သွင်းလျက်ရှိကြောင်း (၁၁-၄-၂၀၂၃)ရက်နေ့ထုတ် Global New Light of Myanmar
သတင်းအရသိရှိရပါသည်။
Source https://www.gnlm.com.mm/palm-oil-persists-hike-in-wholesale-reference-price-for-yangon-region/
တင်ပြသူ ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၉) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန