သီးနှံပုံစံ (Cropping Pattern) ဆိုသည်မှာ -
သီးနှံစိုက်ပျိုးရေးစနစ်တွင် ပါဝင်ပြီး တစ်နှစ်အတွင်းနေရာတစ်ခုတည်းတွင်သီးနှံများ(၂)ကြိမ်မှ(၃)ကြိမ်ထက်မနည်းပုံစံချ*စိုက်ပျိုးပြီး သီးနှံစိုက်ဧကအပါအဝင်သီးနှံအထွက်နှင့်သီးနှံစိုက်စွမ်းအားတိုးတက်အောင်ပြုလုပ်ခြင်း ဖြစ်သည်။ * (ပုံစံချ - မြန်မာနိုင်ငံ၏ နွေ၊ မိုး၊ ဆောင်း ရာသီဥတု(၃)ခုတွင် ရာသီချိန်ကာလနှင့်ကိုက်ညီသောမိုးသီးနှံ၊ ဆောင်းသီးနှံ၊ နွေသီးနှံတို့အတွက်စိုက်ပျိုးမည့်သီးနှံနှင့်စိုက်ပျိုးမည့်အချိန်ကာလအားကြိုတင်ရေးဆွဲသတ်မှတ်ခြင်းဖြစ်ပါသည်။)
ဥပမာ - မိုးရာသီ ဆောင်းရာသီ နွေရာသီ
သုံးသီးစိုက်သီးနှံပုံစံ မိုးစပါး - ကုလားပဲ - နွေစပါး
မိုးစပါး - မြေပဲ - နွေနှမ်း
နှစ်သီးစိုက်သီးနှံပုံစံ မိုးစပါး - ချည်မျှင်ရှည်ဝါ
သီးနှံပုံစံအမျိုးအစားများ
(၁) သီးထပ်စိုက်ပျိုးခြင်း ( Sequential Cropping )
(၂) သီးညှပ်စိုက်ပျိုးခြင်း ( Inter Cropping )
(၃) သီးကြိုစိုက်ပျိုးခြင်း ( Relayed Cropping )
(၄) တစ်မျိုးတည်းဆက်တိုက်စိုက်ပျိုးခြင်း ( Mono Cropping )
(၅) သီးသန့်စိုက်ပျိုးခြင်း ( Sole Cropping )
(၆) အကန့်လိုက်စိုက်ပျိုးခြင်း ( Strip Cropping or Alley Cropping )
(၇) သီးလှည့်စိုက်ပျိုးခြင်း ( Crop Rotation )
(၈) သီးနှံစုံစိုက်ပျိုးခြင်း ( Multiple Cropping ) စသည်တို့ဖြစ်ပါသည်။