၁။ သီးနှံစိုက်စွမ်းအား
သီးနှံစိုက်စွမ်းအား(Cropping Intensity)ဆိုသည်မှာ -
မူရင်းသီးနှံစိုက်ဧရိယာအပေါ်တွင်နှစ်တစ်နှစ်အတွင်းအကြိမ်အရေအတွက်အလိုက်စိုက်ပျိုးသည့်စိုက်ဧရိယာအပါအဝင်စိုက်ပျိုးဧရိယာစုစုပေါင်းအားမူရင်းသီးနှံစိုက်ဧရိယာနှင့်စား၍(၁၀၀)နှင့်မြှောက်(%)တွက်ခြင်းဖြစ်သည်။
ဥပမာ -
၂။ သီးနှံပုံစံရေးဆွဲခြင်း
မူရင်းမိုးစပါး စိုက်ဧကအပေါ်အခြေခံ၍ သီးထပ်စိုက်ပျိုးမည့် သီးနှံကို ရွေးချယ်ရန်။
ကာလ၊ ဒေသ ၊ သီးနှံသက်တမ်း နှင့်ရေလိုအပ်ချက်များအပေါ်မူတည်၍ ရေးဆွဲရန်။
ကာလအနေဖြင့်
မိုးကာလ ------ မိုးစပါး၊ မိုးမြေပဲ ၊ မိုးနှမ်း၊ မိုးပဲတီစိမ်း၊
ဆောင်းကာလ ------ ဆီထွက်သီးနှံ ( မြေပဲ ၊ နှမ်း၊ နေကြာ )၊ ပဲမျိုးစုံ
နွေကာလ ------- နွေစပါး၊ နွေနှမ်း၊
မိုးကြိုကာလ ------- မိုးကြိုပဲတီစိမ်း၊ မိုးကြိုဝါ
ဒေသအနေဖြင့် -
အထက်မြန်မာပြည် ------ စပါး ၊ ဂျုံ ၊ ပြောင်း။
မြန်မာပြည်အလယ်ပိုင်း ------ စပါး ၊ မြေပဲ ၊ ပဲမျိုးစုံ၊ နှမ်း၊ ဝါ၊ ကြက်သွန်နီ။
အောက်မြန်မာပြည် ------ စပါး ၊ နေကြာ ၊ ပဲမျိုးစုံ ၊ဆီထွက်သီးနှံ၊ ဂုန်လျှော်၊
တောင်တန်းဒေသ ------ စပါး ၊ ကြက်သွန်ဖြူ ၊ အာလူး ။
သီးနှံသက်တမ်းနှင့် ရေရရှိမှုအပေါ် မူတည်၍ ရွေးချယ်ရန်။
မိုးစပါးရိတ်သိမ်းပြီးရေရရှိ ပါက နွေစပါးသီးထပ်ကို ရွေးချယ်ရန်။ အစိုဓါတ်နည်းပါက ပဲမျိုးစုံ၊ ဆီထွက်သီးနှံတို့ကို ရွေးချယ်စိုက်ပျိုးရန်။
ဥပမာ - မိုးစပါး - နွေစပါး (အစိုဓါတ်များ/ ရေရရှိ)
မိုးစပါး - ပဲမျိုးစုံ/ ဆီထွက်( အစိုဓါတ်နည်း)
မိုးနည်းရပ်ဝန်း(အပူပိုင်းဇုံ)ဒေသများတွင် ရေလိုအပ်ချက်နည်းသောသီးနှံများကိုသီးညှပ်စိုက်ပျိုးခြင်း၊ ရာသီသီးနှံနှင့် သစ်တော၊ ဥယျာဉ်ခြံသီးနှံများကို သီးညှပ်၊ ရောနှော(Agro Forestry) စိုက်ပျိုး ရန်။
ဥပမာ - (ပဲစဉ်းငုံ + နှမ်း+ ပဲတီစိမ်း)
(လျှော်ဖြူ၊ သရက်၊ ဇီး + မြေပဲ/ ပဲတီစိမ်း) (Agro Forestry)
(ဇီး ၊ သရက်၊ သနပ်ခါး ၊ လဲမှို့ + ပဲမျိုးစုံ) (Agro Forestry)
နမူနာ - သီးထပ်စိုက်ပျိုးခြင်းအတွက်သီးနှံပုံစံရေးဆွဲခြင်း
မူရင်းမိုးစပါးစိုက်ဧက (၁၀၀)အပေါ် အခြေခံ၍ သီးနှံပုံစံရေးဆွဲမည်ဆိုပါက စိုက်ပျိုးလိုသည့် သီးထပ်သီးနှံ အမျိုးအစားနှင့် စိုက်ပျိုးမည့်ဧကတို့ကို ဦးစွာ သတ်မှတ်ရပါမည်။
မူရင်းမိုးစပါး ဧက (၁၀၀)အပေါ်သီးထပ်စိုက်ပျိုးလိုသည့်သီးနှံစိုက်မည့်ဧက
ဥပမာ နွေစပါး ၅၀
ကုလားပဲ ၁၀၀
နွေနှမ်း ၅၀