ဝါသီးနှံရေလိုအပ်ချက်
ဝါသီးနှံသည်မိုးခေါင်ရေရှားအရပ်ဒေသ၌ပေါက်ရောက်ဖြစ်ထွန်းသော်လည်းလိုအပ်သည့်အချိန်တွင်လိုအပ်သလောက်ရေရှိနိုင်ပါကအထွက်နှုန်း၊ဂွမ်းမွေးနှင့်ဝါစေ့အရည်အသွေးများကိုပါတိုးတက်ကောင်းမွန်စေပါသည်။မြေတွင်းအစိုဓာတ်လုံလောက်စွာရှိမှသာဝါပင်ကြီးထွားဖွံ့ဖြိုး၍အပိန့်အပွင့်အသီးများတင်သည်။ဝါပင်ရေအလိုအပ်ဆုံးအချိန်မှာပန်းဖြိုင်ဖြိုင်ပွင့်ချိန်ဖြစ်သည်။မိုးရွာသွန်းခြင်းမရှိပါကအပိန့်ဝင်ချိန်တွင်ရေ(၁)ကြိမ်နှင့်ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင်ရေ(၂)ကြိမ်အနည်းဆုံး(၃)ကြိမ်ပေးနိုင်မှဝါအထွက်နှုန်းကောင်းပါမည်။
ဝါသီးစကွဲပြီးနောက်ပိုင်း - (၁၀")
စုစုပေါင်းရေလိုအပ်ချက် - (၂၈"- ၃၈.၅")
မြေအမျိုးအစားအလိုက် ရေပေးသွင်းခြင်း
အပင်ကြီးထွားမှုအဆင့်အလိုက်ရေပေးသွင်းခြင်း၏အကျိုးသက်ရောက်မှု
အပိန့်စတင်ခါနီးအချိန်
- ဝါပင်ကြီးထွားဖွံ့ဖြိုးမှုကိုအထောက်အကူပြုသည်။
ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်
- ရေလိုအပ်ချက်အလွန်များသည်။ ဖြည့်တင်းမပေးနိုင်ပါကအပိန့်၊အပွင့်၊သီးနုကြွေပြီးအထွက်များစွာလျော့နည်းနိုင်သည်။
ဝါသီးကြီးထွားချိန်
- အစိုဓာတ်ဖြည့်တင်းပေးထားပါကဖွံ့ထွားသောဝါသီးရပြီးအထွက်တိုးနိုင်သည်။
ရေပေးသွင်းခြင်းနှင့်ရေထုတ်ခြင်း
- မိုးကြိုချည်မျှင်ရှည်ဝါအတွက်စိုက်ရေ(၁)ကြိမ်၊အပင်ဖြစ်ရေ(၄- ၅)ကြိမ်ပေးသွင်းရန်လိုအပ်သည်။
- မိုးနှောင်းချည်မျှင်ရှည်ဝါတွင်လိုအပ်လျှင်ဖြည့်စွက်ရေ (၂-၃)ကြိမ်ပေးသွင်းရမည်။
- ဝါပင်ရေဝပ်ဒဏ်ကိုမခံနိုင်သဖြင့် ရေပိုရေလျှံများ အမြန်ဆုံးထုတ်ပေးရမည်။
အစိုဓာတ်ထိန်းသိမ်းရန်ဆောင်ရွက်ခြင်း
- သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာထည့်၍မြေပြုပြင်ရမည်။
- ရေတား၊ ရေထိန်းကန်သင်းများပြုလုပ် ရမည်။
- ထယ်ရေးကြိုတင်ပြုလုပ်၍ မိုးရေအစိုဓာတ်ကို စုဆောင်းရမည်။
ရေသွင်းနည်းများ
ဝါသီးနှံတွင်ဘောင်နှင့်မြောင်းအလိုက်ရေသွင်းနည်း
- ရေမြောင်း၏ (၃) ပုံ (၂) ပုံခန့်သာ ရေလွှတ်ပေးပါ။
- မြောင်းလျှံအောင်ရေမသွင်းရပါ။စနယ်မြေစေး၌(၈-၁၂)နာရီခန့်၊ သဲနုန်းဖွာသောမြေ၌(၄-၈)နာရီခန့်ကြာအောင်ရေပေးသွင်းပါ။
မြောင်းနှင့်ရေပေးသွင်းခြင်းကြောင့် ရရှိသောအကျိုးကျေးဇူးများ
- မြေထဲတွင်အစိုဓာတ်ညီညာစွာရစေသည်။
- ပိုလျှံသောရေကို အလွယ်တကူထုတ်ပေးနိုင်သည်။
- မြေသိပ်မသွားဘဲဖွာနေမည်။
- လိုအပ်သောမြေအနက်ထိရေစိမ့်ဝင်နိုင်သည်။
- ရေကုန်ကျမှုသက်သာသည်။
- ရေသွင်းပြီး ကြားထွန်ဝင်ရာတွင် လွယ်ကူသည်။
- ရေသွင်းမှု ထိရောက်စေသည်။
ဝါပင်ရေလိုအပ်မှု စမ်းသပ်ခြင်း
ဝါပင်ကိုရေလို/မလိုကိုကြည့်ပြီးရေသွင်းပေးရန်လိုအပ်ပါသည်။ဝါပင်နှင့်မြေ၏အခြေအနေကိုလေ့လာ၍တောင်သူများလက်လှမ်းမီသောဝါပင်ရေလိုအပ်မှုစမ်းသပ်နည်းများမှာအရွက်အရောင်ဖြင့်တိုင်းတာခြင်း၊မြေကိုလက်ဖြင့်ဆုပ်လုံး၍တိုင်းတာခြင်း၊မြေလုံးအချင်း(Diameter)ကိုတိုင်းတာခြင်းဝါရွက်၏စုပ်အား(Sucking Force)ဖြင့်တိုင်းတာခြင်း၊မြေအစိုဓာတ်တိုင်းကိရိယာ(Tensiometer)ဖြင့်တိုင်းတာခြင်းတို့ဖြစ်ပါသည်။
အရွက်အရောင်ဖြင့်တိုင်းတာခြင်း
- ဝါရွက်အရောင်မှာဖုန်တက်သကဲ့သို့မှုန်မွဲမွဲဖြစ်နေပြီးရက်အနည်းငယ်အတွင်းစိမ်းညိုရောင်သို့ ပြောင်းလာလျှင်၊
- နေ့လည်(၁၂)နာရီမှမွန်းလွဲ(၂)နာရီခန့်အတွင်းဝါပင်ခေါင်ညွန့်၏အောက်နံပါတ်(၃)အရွက်ကိုလက်ဖြင့်ဆုပ်ကြည့်ပါကရွက်ကြောကလေးများဆက်ခနဲကျိုးမသွားဘဲပျော့ခွေနေလျှင်၊
- ဝါခင်းကိုကန့်လန့်ဖြတ်လျှောက်၍ဝါပင်(၁၀၀)လျှင်(၂၅) ပင်ထက်မနည်းဝါရွက်များပျော့ခွေနေလျှင်ရေသွင်းရန်လိုအပ်ပါသည်။
မြေကိုလက်ဖြင့်ဆုပ်လုံး၍တိုင်းတာခြင်း
- မြေကို(၆)လက်မအနက်တူးပြီးအောက်ခြေမှမြေတစ်ဆုပ်စာကိုယူ၍လက်ဖြင့်ညှစ်လိုက်ပါက-
(၁) လက်ကြားမှရေများစိမ့်ထွက်လာလျှင် အစိုဓာတ် (၇၅-၁၀၀%)
(၂) ရေမထွက်လာဘဲ မြေစိုလုံးအနေဖြင့်သာတွေ့ရပါက အစိုဓာတ် (၅၀-၇၅%)
(၃) စိုနေသော်လည်း မြေလုံးမျက်နှာပြင်တွင် ပက်ကြားအက်နေပါက အစိုဓာတ် (၂၅-၅၀%)ဖြစ်ပါသည်။
- ရေသွင်းခြင်းကိုမြေတွင်းအစိုဓာတ် ၅၀% အောက်လျော့သွားသည်အထိမစောင့်ဘဲအမြန်ရေပေးသွင်းရန်လိုအပ်ပါသည်။
မြေလုံးအချင်း (Diameter) ကို တိုင်းတာခြင်း
- ဝါပင်သက်တမ်းအလိုက်မြေနမူနာကို(၃-၆) နေရာမှယူပါ။
- အပိန့်မဝင်မီမြေအနက် (၈) လက်မ၊ ပန်းပွင့်ချိန် မြေအနက် (၁၆) လက်မ၊ဝါသီးဖြစ်ထွန်းချိန်မြေအနက်(၂၀)လက်မမှမြေနမူနာယူရန်ဖြစ်ပါသည်။
- လိုအပ်သည့်မြေတွင်းအနက်ရအောင်တူးပြီးကျင်းအောက်ခြေတွင်(၂-၃.၅)လက်မထပ်တူးပြီးမြေလက်တစ်ဆုပ်စာယူပါ။
- ခွက်တစ်ခုတွင်ရေ(၃)မီလီမီတာခန့်နှင့်မြေနမူနာတို့ကိုရောစပ်၍မြေလုံးပြုလုပ်ပါ။
မြေလုံး၏အချင်းကိုတိုင်း၍ မြေတွင်းအစိုဓာတ်ကို တွက်ချက်ခြင်း
အရွက်၏စုပ်အား
- ဝါပင်ကိုရေပေးသွင်းရန်လိုအပ်သောအချိန်မှာဝါရွက်၏စုပ်အားသည်အောက်ပါအဆင့်သို့ရောက်လျှင်ရေအမြန်ပေးသွင်းရမည်။
- အရွက်၏စုပ်အားတိုင်းကိရိယာဖြင့်တိုင်းတာရမည်။
မြေအစိုဓာတ်တိုင်းကိရိယာ(Tensiometer)
- မြေအစိုဓာတ်တိုင်းကိရိယာအမျိုးမျိုးအသုံးပြု၍လည်စမ်းသပ်နိုင်သည်။
ရေသွင်းရက်ခြားခန့်မှန်းခြင်း
ရေသွင်းချိန်နှစ်ခုကြားကာလကိုဝါစိုက်ပျိုးသည့်မြေ၏အစိုဓာတ်သိုလှောင်အား၊အမြစ်ဆင်းအနက်၊ခွင့်ပြုနိုင်သောအစိုဓာတ်ကုန်ခမ်းမှုနှင့်ဝါပင်၏နေ့စဉ်အသုံးပြုအပေါ် အခြေခံတွက်ချက်နိုင်သည်။ဥပမာ-မြေအစိုဓာတ်သိုလှောင်အားသည်မြေထုအနက်(၁)ပေတွင်(၁.၆)လက်မဖြစ်ပြီးဝါပင်၏အမြစ်ဆင်းအနက်မှာ(၃)ပေဖြစ်၍ခွင့်ပြုနိုင်သောအစိုဓာတ်ကုန်ခမ်းမှုမှာ(၆၀)ရာခိုင်နှုန်းနှင့်နေ့စဉ်ရေအသုံးပြုမှုမှာ(၀.၃)လက်မဖြစ်ပါကရေသွင်းချိန်ကာလတစ်ခုနှင့်တစ်ခုအကြားကြာမည့်ကြားကာလမှာ(၉-၁၀)ရက်ဖြစ်သည်။
တွက်ချက်နည်း - မြေ(၁)ပေတွင်ရေထိန်းအားမှာ(၁.၆)လက်မဖြစ်ပါကအမြစ်ဆင်းအနက်(၃)ပေတွင်(၄.၈)လက်မရေထိန်းနိုင်သည်။
ရေထိန်းအနက် = မြေ ၁ ပေ၏ ရေထိန်းအား X အမြစ်ဆင်းအနက်
၄.၈ လက်မ = ၁.၆ လက်မ/ပေ X ၃ပေ
ခွင့်ပြုနိုင်သောရေကုန်ခမ်းမှုမှာ(၆၀)ရာခိုင်နှုန်းဖြစ်ပါကအမှန်ပေးသွင်းရမည့်ရေမှာ(၂.၉)လက်မဖြစ်သည်။
အမှန်ပေးသွင်းရမည့်ရေ = ရေထိန်းနိုင်မည့်အနက် X ရေကုန်ခမ်းမှု
ရေသွင်းချိန်ကာလ တစ်ခုနှင့်တစ်ခုအကြား ကြာမည့်ကြားကာလမှာ (၉-၁၀)ရက် ဖြစ်သည်။