ချဉ်ပေါင်လျှော်သည် တစ်နှစ်ခံ(သို့မဟုတ်)နှစ်နှစ်ခံပင်မျိုးဖြစ်၍ အပင်အမြင့်မှာတစ်မီတာခွဲမှလေးမီတာခွဲထိရှိပြီး အဖြူ၊အဝါ၊ခရမ်းနှင့်ခရမ်းအရင့်ရောင်ပန်းပွင့်သည်။ မူရင်းဒေသများမှာ အာဖရိကနိုင်ငံ၊ အန်ရီလာဒေသဆူဒန်နိုင်ငံအနောက်ပိုင်းတွင်ဘီစီ(၄၀၀၀)ခန့်မှစ၍ အိမ်သုံးပစ္စည်းများတွင်သုံးစွဲခဲ့ကြောင်းသိရှိရသည်။မြန်မာနိုင်ငံတွင် ချဉ်ပေါင်လျှော်ကို (၂၀၀၁)ခုနှစ်မှ စတင်စိုက်ပျိုးခဲ့ပါသည်။(၁၉၆၃)ခုနှစ်၌ စိုက်ပျိုးရေးမစ်ရှင်အဖွဲ့သည်ထိုင်းနိုင်ငံမှချဉ်ပေါင်လျှော်(Kenaf/Roselle)မျိုး(၂)မျိုး၏မျိုးစေ့(၂)တန်တင်သွင်းလာခဲ့၍အောင်လံ၊ မကွေး၊ မင်းဘူး၊ ပခုက္ကူ၊ ကျောက်ဆည်၊ ရမည်းသင်းနှင့်ရှမ်းပြည်နယ်တို့တွင်ဧက(၂၀၀၀၀)ခန့်စတင်စိုက်ပျိုးခဲ့ပါသည်။မြန်မာပြည်အလယ်ပိုင်းနှင့်အထက်ပိုင်းဒေသများ၌စိမ်ရေရှားပါးမှုကြောင့်ချဉ်ပေါင်လျှော်စိုက်ဧကများကျဆင်းလာခဲ့သော်လည်းယခုအခါကမ္ဘာပေါ်တွင်ချဉ်ပေါင်လျှော်သီးနှံ၏ဈေးကွက်ရရှိမှု၊အသုံးဝင်မှု၊အရေးပါမှုနှင့်အကျိုးကျေးဇူးများကိုသိရှိလာသဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်စိုက်ပျိုးလျက်ရှိပါသည်။
ရာသီဉတု
ချဉ်ပေါင်လျှော်သည်ပူအိုက်စွတ်စိုသောရာသီဉတုတွင်ဖြစ်ထွန်း၍နေ့အလင်းရောင်(၁၃)နာရီရလျင်ပိုမိုဖြစ်ထွန်းသည်။အပူချိန်( ၂၂-၃၀°C)၊မိုးရေချိန်လစဉ်ပျမ်းမျှမိုးရေချိန်(၀.၄"မှ၁၃")ရရှိရန်နှင့်အစိုဓါတ်(၆၀-၈၀) %ရှိရန်လိုအပ်ပါသည်။
မြေအမျိုးအစား
မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သည်။သဲမြေမှ စနယ်မြေအထိစိုက်ပျိုးနိုင်သော်လည်း pH 5.5-6.5 အတွင်း သဲနုန်း၊ နုံးမြေစေးတို့တွင် စိုက်ပျိုးဖြစ်ထွန်းသည်။မြစ်ဝကျွန်းပေါ်ဒေသ၊ နုန်းတင်မြေနု၊ မြစ်ရိုးချောင်းရိုးများမိုးအခါရေအနည်းငယ်လွမ်းသည့်ကုန်းမြေတို့တွင်လည်းစိုက်ပျိုးနိုင်သည်။
ချဉ်ပေါင်လျှော်မျိုးများ
MK1,MK2, MK3, MK4, MK5,RL,Yezin1,အူပေါက်၊ မြှားနီ၊ တာကီ၊ Roselle, K30,Thi တို့ဖြစ်ကြပါသည်။