ဂုန်လျှော်ကို ကိုလိုနီခေတ်တွင်အိနိ္ဒယလယ်သမားများက မြစ်ဝကျွန်းပေါ်ဒေသ များနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် စတင်စိုက်ပျိုးခဲ့ကြောင်းနှင့်ဂျပန်ခေတ်တွင်ထိုင်ဝမ်မှ ဂုန်လျှော် မျိုးစေ့တင်သွင်း စိုက်ပျိုးခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ ၁၉၅၂-၅၃ ခုနှစ်တွင် ဂုန်လျှော် စိုက်ပျိုးရေးစီမံကိန်းနှင့် ဂုန်နီစက်ရုံ စီမံကိန်းစတင် ဆောင် ရွက်ခဲ့ပြီး ပြည်တော်သာစီမံကိန်းဖြင့် ဂုန်လျှော်ဧက (၁၅၀၀)အား  စနစ်တကျ စတင် စိုက် ပျိုးခဲ့ပါသည်။ ၁၉၇၂-၇၃ခုနှစ် လယ်ယာစိုက်ပျိုးရေးကော်ပိုးရေးရှင်း (လယ်၊စိုက်၊ရှင်း)၊ ၁၉၇၈-၇၉ခုနှစ်တွင် ဂုန်လျှော်လုပ်ငန်းကိုစက်မှု(၁)ဝန်ကြီးဌာနသို့ လွှဲပြောင်းခဲ့ပါသည်။၁၉၉၄-၁၉၉၅ခုနှစ်တွင် ဂုန်လျှော်စိုက်ပျိုးထုတ်လုပ်ခြင်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြောင်းလဲတာဝန်ယူခဲ့ပြီးနောက် ၂၀၀၁-၂၀၀၂ ခုနှစ်တွင် (၁၂၄၈၉၄) ဧကစိုက်ပျိုး၍လျှော်ပိဿာ(၂၄၂)သိန်း ဝယ်ယူရရှိခဲ့ပါသည်။ ဂုန်လျှော်ကို ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးတို့တွင် စိုက်ပျိုးလျက် ရှိပြီး မျိုးသန့်ပွားများခြင်းနှင့် ဂုန်လျှော်၊ ချဉ်ပေါင်လျှော်ဆိုင်ရာသုတေသနလုပ်ငန်းများကိုဂုန်လျှော်သုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးခြံ (၈)ခြံတွင် ဆောင်ရွက်လျက်ရှိပါသည်။

၂။ မြန်မာနိုင်ငံရှိဂုန်လျှော်နှင့်လျှော်မျှင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး/ မျိုးသန့်ခြံများ

ရာသီဥတု 
ဂုန်လျှော်သည် အပူချိန် (၁၈ - ၃၃)စင်တီဂရိတ် ၊ မိုးရေချိန် (၆၀ - ၁၂၀)လက်မနှင့်စိုထိုင်းဆ(၇၀-၈၄%)၊ပူအိုက်စွတ်စိုသောရာသီဥတုတွင် ဖြစ်ထွန်းသည်။ နေ့အလင်းရောင်(၁၃) နာရီရလျှင် ပိုမိုဖြစ်ထွန်းသည်။

မြေအမျိုးအစား
PH ၅.၅ - ၆.၅ အတွင်း သဲနုံး၊ နုံးမြေစေးတို့တွင်ဖြစ်ထွန်းသည်။ မြစ်ဝကျွန်းပေါ်ဒေသ နုံးတင်မြေနုတွင် ပိုမိုဖြစ်ထွန်းသည်။

ဂုန်လျှော်မျိုးများ
သီးလုံးပု(White Jute )-   (MJC1, BC99 , BC115, Yezin-1, 2, 3, 4, 5, , 7)
သီးတောင့်ရှည် (Tossa Jute ) -  BO 23, 25 , JRO 524 

ဂုန်လျှော်သီးလုံးပုနှင့် သီးတောင့်ရှည် နှိုင်းယှဉ်ချက်


ဂုန်လျှော်သီးလုံးပုအသီး                    ဂုန်လျှော်သီးတောင့်ရှည်အသီး