မျိုးစေ့ထုတ်လုပ်ခြင်း

ချဉ်ပေါင်လျှော်မျိုးစေ့ထုတ်လုပ်ခြင်းကို မေလမှ ဇွန်လလယ်အထိ မိုးစိုက် စိုက်ပျိုးခြင်းနှင့်အောက်တိုဘာလမှဒီဇင်ဘာလအထိဆောင်းစိုက်ပျိုးခြင်းဖြင့်နှစ်ရာသီစိုက်ပျိုးနိုင်ပါသည်။ဆောင်းရာသီတွင်ပိုမိုသင့်လျော်ပါသည်။

ချဉ်ပေါင်လျှော် မျိုးစေ့ ထုတ်လုပ်ခြင်း နည်းလမ်း(၂)မျိုး

(၁) သမရိုးကျစိုက်ပျိုးနည်းဖြင့် မျိုးစေ့ထုတ်လုပ်ခြင်း (Conventional Method)

လျှော်မျှင်ထုတ်လုပ်ရန် စိုက်ခင်း၏ ထောင့်စွန်း (သို့မဟုတ်) သင့်တော်သောနေရာတွင်အနည်းငယ်ချန်ထားခြင်း

သမရိုးကျမျိုးစေ့ထုတ်ယူရန် အချိန်(၁၀)လ (မတ်-ဒီဇင်ဘာ)ထိ ကြာနိုင် သည်။

အချိန်ကာလကြာရှည်ခြင်းကြောင့်အပင်အားလေပြင်းတိုက်ခိုက်ခြင်း၊မိုးသည်းထန်စွာရွာသွန်းခြင်း၊ရေကြီးခြင်း၊ပိုးမွှားရောဂါကျရောက်ခြင်းတို့ကြောင့်အပင်အားနည်းလာပြီးမျိုးစေ့အရည်အသွေးကျဆင်းနိုင်သည်။

မျိုးစေ့ထုတ်ရန် အသီးကိုင်းဖြတ်ပြီး ၊ ကျန်အပိုင်းမှ လျှော်မျှင် ထုတ်ယူနိုင်သည်။ (လျှော်အရည်အသွေးညံ့)

(၂) မျိုးစေ့ ထုတ်လုပ်ခြင်းနည်းလမ်းသစ်များ( Improved Methods)

  (က) မျိုးစေ့ကိုနောက်ကျစိုက်ပျိုးနည်း ( Late Sowing Method  )

  (ခ)  ခေါင်ညွန့်(သို့မဟုတ်) ပင်စည်ကိုဖြတ်တောက်၍ စိုက်ပျိုးနည်း  ( Top Cutting Method )

  (ဂ) မျိုးစေ့များကို ပျိုးဘောင်တွင်ပျိုးထောင်၍ ရွှေ့ပြောင်းစိုက်ပျိုးနည်း   ( Seeding transplanting        Method)

(၂) (က) မျိုးစေ့ကိုနောက်ကျစိုက်ပျိုးနည်း ( Late Sowing Method  )

ပုံမှန်လျှော်မျှင်ထုတ်လုပ်ရန် စိုက်ပျိုးချိန်ထက် (၂)လခွဲ မှ (၃)လ နောက်ကျ စိုက်ပျိုးနည်း ဖြစ်သည်။

အကောင်းဆုံးစိုက်ချိန်မှာ ဇူလိုင်လလယ် မှ စက်တင်ဘာလပထမပတ်၊

ပင်ခြား တန်းကြား ၆"x ၁၂"စိုက်ပျိုးသည်။

နိုဝင်ဘာ နှင့် ဒီဇင်ဘာတွင် ရိတ်သိမ်းသည်။

(၄)လအတွင်း မျိုးစေ့ထုတ်လုပ်နိုင်သည်။

(ခ) ခေါင်ညွန့်(သို့မဟုတ်) ပင်စည်ကို ဖြတ်တောက်၍ စိုက်ပျိုးနည်း  ( Top Cutting Method )

- ခေါင်ညွန့်ခွချိန် (သို့မဟုတ်) ပန်းမပွင့်မီအချိန်တွင် အပင်ဖျားကို ၉"ဖြတ်ရမည်။

- အရွက်ကြီးများခြွေပြီး နေ့ချင်းပြီးအောင်စိုက်ရမည်။ တန်းကြား၁၂"၊ ပင်ခြား ၆" စိုက်ပျိုးပါ။

- ဇူလိုင်လလယ်မှ သြဂုတ်လလယ်အတွင်း စိုက်ရမည်။   (၄၅ဒီဂရီ) စောင်း၍ စိုက်ပျိုးရသည်။

- ၁ဧကလျှင် ဂုန်လျှော်သီးတောင့်ရှည် (၈-၁၀)တင်း၊ ဂုန်လျှော်သီးလုံးပု (၆-၈)တင်း၊ ချဉ်ပေါင်လျှော် (၉-၁၀) တင်း ထွက်ရှိနိုင်ပါသည်။


၂။(ဂ) မျိုးစေ့များကို ပျိုးဘောင်တွင် ပျိုးထောင်၍ ရွှေ့ပြောင်းစိုက်ပျိုးနည်း

 (Seedling transplanting Method ) 

ရေမဝပ်သောသဲနုန်းမြေတွင် ပေါင်း/မြက် ကင်းစင်အောင် ပြုလုပ်ပါ။ 

အလျား ၁၀' × အနံ ၃' အရွယ် ပျိုးဘောင်မှာ ချဉ်ပေါင်လျှော် မျိုးစေ့များကို ညီညာအောင် ပျိုးထောင်ပါ၊ ပျိုးဘောင်တစ်ခုအတွက် နို့ဆီဗူးတစ်ဝက် လိုအပ်ပါသည်။

ဇွန်လ (၁၅) ရက်မှ ဇူလိုင်(၁၅)ရက်အတွင်း ဆောင်ရွက်ပါ။

ပျိုးသက် (၂၅-၄၀ ) ရက်အတွင်း သြဂုတ်လ (၁၅) ရက်မှ စက်တင်ဘာလကုန် အတွင်း ပြောင်းရွေ့စိုက်ပါ။

ပျိုးပင်များကို နှုတ်ပြီးပါက အရိပ်အောက်တွင် ထားပါ၊ ညနေခင်းအချိန်တွင် ပြောင်းရွှေ့စိုက်ပါ။

အရွက်(၂-၃)ရွက် ချန်လှပ်ပြီး အောက်ရွက်ခြွေ၍ နေ့ချင်းပြီး ပြန်စိုက်ပါ။

ပင်ကြားတန်းကြား  ၆"x ၁၂" စိုက်ပျိုးပါ။

ပေါင်းရှင်းခြင်း၊ မြေသြဇာကျွေးခြင်းကို လိုအပ်သလို ဆောင်ရွက်ပါ။

ဤနည်းဖြင့် တစ်ဧက ဂုန်လျှော်သီးတောင့်ရှည် (၈-၁၂)တင်း၊ ဂုန်လျှော် သီးလုံးပု(၆-၈)တင်း၊ ချဉ်ပေါင်လျှော်(၉-၁၀)တင်း ထွက်နိုင်ပါသည်။


ဂုန်လျှော်/ချဉ်ပေါင်လျှော်မျိုးစေ့အထွက်ကောင်းစေရန်ဆောင်ရွက်ရမည့်အချက်များ

မျိုးကောင်းမျိုးသန့် သုံးစွဲပါ။

ထယ်ရေးနက်နက် နှင့် ညက်ညက်ရအောင် သုံးစွဲပါ။

သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲပါ။

ဓါတ်မြေသြဇာ စနစ်တကျ အချိုးညီညီ သုံးစွဲပါ။

စိုက်ပျိုးနည်းစနစ်အလိုက် သတ်မှတ်ချိန်တွင် စိုက်ပျိုးပါ။

သတ်မှတ်ပင်ကြား၊ တန်းကြား အကွာအဝေးထား၍ စိုက်ပျိုးပါ။

ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းပါ။

အသီးများ ၆၀-၇၀% အညိုရောင်ပြောင်းချိန်တွင် စတင်ရိတ်သိမ်းပါ။

ပင်စည် အစိမ်းရောင် မှ အဝါရောင်ပြောင်းချိန်ရိတ်သိမ်းခြင်းသည် အကောင်းဆုံး ဖြစ်သည်။

ရိတ်သိမ်းပြီးအပင်များအား တလင်း(သို့မဟုတ်) တာပေါ်လင်ပေါ်တွင် (၂-၄)ရက် နေလှန်းပါ။ လှန်းနေစဉ်အတွင်း မိုးမစိုအောင် ဂရုစိုက်ပါ။

နယ်လှေ့ပြီး မျိုးစေ့များအားခြောက်သွေ့သောနေရာတွင် လေလုံသောပုံးများ၊ အိုးများဖြင့် သိုလှောင်ထားပါ။ ကွန်ကရစ်ခင်းနှင့်တိုက်ရိုက်မထိစေရ။