ဂုန်လျှော်ကို ကိုလိုနီခေတ်တွင်အိနိ္ဒယလယ်သမားများက မြစ်ဝကျွန်းပေါ်ဒေသ များနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် စတင်စိုက်ပျိုးခဲ့ကြောင်းနှင့်ဂျပန်ခေတ်တွင်ထိုင်ဝမ်မှ ဂုန်လျှော် မျိုးစေ့တင်သွင်း စိုက်ပျိုးခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ ၁၉၅၂-၅၃ ခုနှစ်တွင် ဂုန်လျှော် စိုက်ပျိုးရေးစီမံကိန်းနှင့် ဂုန်နီစက်ရုံ စီမံကိန်းစတင် ဆောင် ရွက်ခဲ့ပြီး ပြည်တော်သာစီမံကိန်းဖြင့် ဂုန်လျှော်ဧက (၁၅၀၀)အား စနစ်တကျ စတင် စိုက် ပျိုးခဲ့ပါသည်။ ၁၉၇၂-၇၃ခုနှစ် လယ်ယာစိုက်ပျိုးရေးကော်ပိုးရေးရှင်း (လယ်၊စိုက်၊ရှင်း)၊ ၁၉၇၈-၇၉ခုနှစ်တွင် ဂုန်လျှော်လုပ်ငန်းကိုစက်မှု(၁)ဝန်ကြီးဌာနသို့ လွှဲပြောင်းခဲ့ပါသည်။၁၉၉၄-၁၉၉၅ခုနှစ်တွင် ဂုန်လျှော်စိုက်ပျိုးထုတ်လုပ်ခြင်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြောင်းလဲတာဝန်ယူခဲ့ပြီးနောက် ၂၀၀၁-၂၀၀၂ ခုနှစ်တွင် (၁၂၄၈၉၄) ဧကစိုက်ပျိုး၍လျှော်ပိဿာ(၂၄၂)သိန်း ဝယ်ယူရရှိခဲ့ပါသည်။ ဂုန်လျှော်ကို ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးတို့တွင် စိုက်ပျိုးလျက် ရှိပြီး မျိုးသန့်ပွားများခြင်းနှင့် ဂုန်လျှော်၊ ချဉ်ပေါင်လျှော်ဆိုင်ရာသုတေသနလုပ်ငန်းများကိုဂုန်လျှော်သုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးခြံ (၈)ခြံတွင် ဆောင်ရွက်လျက်ရှိပါသည်။
၂။ မြန်မာနိုင်ငံရှိဂုန်လျှော်နှင့်လျှော်မျှင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး/ မျိုးသန့်ခြံများ