(က) ဝါပင်တွင် ကျရောက်လေ့ရှိသောဖျက်ပိုးများ
ဝါပင်တွင် ကျရောက်လေ့ရှိသောဖျက်ပိုးများမှာအောက်ပါအတိုင်းဖြစ်ပါသည်-
ဝါပင်အရွက်ပိုင်းတွင် စုပ်စားသောဖျက်ပိုးများ-
(၁) ဖြုတ်စိမ်း (Jassid)
(၂) ပျ (Aphid)
(၃) လှေး (Thrips)
(၄) ယင်ဖြူ (White Fly)
(၅) မွှားပင့်ကူနီ (Red Spider Mite)
(၆) ပိုးစေးနဲ (Mealy bug)
ရွက်စားပိုးများ-
(၁) ရွက်စားပိုး (Cotton Leafworm)
(၂) ရွက်လိပ်ပိုး (Leaf Roller)
သီးပွင့်အင်္ဂါတွင်ကျရောက်သောဖျက်ပိုးများ-
(၁) အမေရိကန်သီးလုံးဖောက်ပိုး (American Bollworm)
(၂) ပန်းရောင်သီးလုံးဖောက်ပိုး (Pink Bollworm)
(၃) စက်ပြောက်သီးလုံးဖောက်ပိုး (Spotted Bollworm)
(၄) ပင်စည်ထိုးကျိုင်း (Cotton Stem Weevil)
(ခ) ပိုးမွှားကင်းထောက်မှတ်တမ်းယူခြင်း(Pest scouting data)
ဝါပင်ပေါ်တွင်တင်ရှိလာသောသီးပွင့်အင်္ဂါများပျက်စီးစေပြီးဝါအထွက်နှုန်းကိုဆွဲချစေမည့်ဖျက်ပိုးများ၏ဦးရေလှုပ်ရှားမှုကိုသိရှိရန်နှင့်လိုအပ်သည့်နှိမ်နင်းမှုဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်ပိုးမွှားကင်းထောက်မှတ်တမ်းယူခြင်းကိုမဖြစ်မနေဆောင်ရွက်ရပါမည်။ပိုးမွှားကာကွယ်နှိမ်နင်းမှုကဏ္ဍတွင်အားနည်းချက်ရှိလျှင်မျှော်မှန်းဝါထွက်လက်လွတ်ဆုံးရှုံးနိုင်သည့်အတွက်(၃-၅)ရက်ခြားတစ်ကြိမ်ပုံမှန်စစ်ဆေးပြီးစနစ်တကျပိုးမွှားကာကွယ်နှိမ်နင်းရေးမျက်ခြေမပြတ်ဆောင်ရွက်သွားရပါမည်။ပိုးဦးရေထူးကဲပြင်းထန်လှုပ်ရှားဖြစ်ပေါ်လာမှုကိုကင်းထောက်မှတ်တမ်းယူခြင်းဖြင့်သာအချိန်နှင့်တပြေးညီသိရှိနှိမ်နှင်းနိုင်ပါသည်။
(ဂ) စီးပွားရေးကျော်လွန်စည်း (ETL - Economic Threshold Level)
သီးနှံခင်းထဲတွင်အင်းဆက်ပိုးမွှားများ၏အရေအတွက်သည်အမြဲတမ်းပြောင်းလဲမှုများရှိနေသည်။၎င်းအင်းဆက်ပိုးမွှားများကိုကာကွယ်နှိမ်နင်းခြင်းမပြုခဲ့လျှင်အင်းဆက် ပိုးအရေအတွက်သည် တစ်ချိန်ချိန်တွင်သီးနှံအထွက်နှုန်းကိုစီးပွားရေးအရထိခိုက်ကျဆင်းစေနိုင်သည်။ထိုသို့စီးပွားရေးအရထိခိုက်ပျက်စီးစေနိုင်သည့် အင်းဆက်ဖျက်ပိုး အရေအတွက်ကိုစီးပွားရေးကျော်လွန်စည်းဟုခေါ်သည်။
ဝါသီးနှံဖျက်ပိုးများ၏ စီပွားရေးကျော်လွန်စည်း
၁။ ဖြုတ်စိမ်း - ၂ - ၄ ကောင်/ရွက်
၂။ ပျ - ၁၀ ကောင်/ရွက် (သို့) ထိခိုက်အပင် ၁၀
၃။ ယင်ဖြူ - ၅ ကောင်/ရွက်
၄။ မွှားပင်ကူနီ - ၁၀ ကောင်/cm2
၅။ သရစ် - ၁၀ ကောင်/ရွက်
၆။ ဝါပိုးနီ - ၂၄ ကောင်/၂၄ ပင်
၇။ ရွက်စားပိုး - ၃ မြုံ - ၈ မြုံ/၁၀၀ မီတာ (သို့) 1 Larva/plt
၈။ ပိုးစေးနဲ - စိုက်ခင်းအတွင်းစတွေ့လျှင်တွေ့ခြင်း
၉။ အမေရိကန်သီးလုံးဖောက်ပိုး - ၅၀၀၀ ဥ/ဧက, ၃၀၀၀ လောက်ကောင်/ဧက
၁၀။ ပန်းရောင်သီးလုံးဖောက်ပိုး - ၁၀% ပိုးပါသီးလုံး
(ဃ) ကင်းထောက်မှတ်တမ်းယူရာတွင် လိုက်နာရမည့်အချက်များ
(၁)မှတ်တမ်းစတင်ယူရမည့်ရက် − ဝါပင်ရက်သား (၂၀-၂၅) ရက်သားမှစတင်၍ မှတ်တမ်းယူရန်
(၂)မှတ်တမ်းယူရမည့်အချိန် - မနက် (၆-၁၀) နာရီအတွင်းအပြီးဆောင်ရွက်ရန်
(၃)မှတ်တမ်းယူရမည့်အကြိမ်- (၃-၅) ရက်ခြားတစ်ကြိမ်နှုန်းဖြင့် ဝါတစ်ရာသီတွင် စုစုပေါင်း (၁၈) ကြိမ်ခန့် ဆောင်ရွက်ရန်
(၄)မှတ်တမ်းယူရမည့်ပုံစံ- မှတ်တမ်းယူမည့် အကွက်၏နှုတ်ခမ်းသားမှ (၁၅-၂၀) ပေခန့် အကွာစိုက်ကြောင်းအတိုင်း (N, M, W) ပုံစံလမ်းလျှောက်၍ မှတ်တမ်းကောက်ရန်
အကွက်ပုံစံ စတုဂံပုံဖြစ်လျင်
Zigzag ပုံသဏ္ဍာန်
(ဆ-၁) ၃' x ၃' (၂) ပင်ချန်စနစ်
(ဆ-၂) ၂.၅' x ၂.၅' (၂) ပင်ချန်စနစ်