ကြံစိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ်
- Thu, 30 June 2022
စိုက်ထယ်ရေးရပြီးမြေကွက်တွင်ထွန်စက်နောက်တွဲကြံစိုက်စက်ဖြင့်စိုက်ပျိုးနိုင်ပါသည်။ကြံစိုက်စက်ဖြင့်စိုက်ပျိုးပါကစက်မှမြောင်းဖော်ခြင်း၊ကြံချောင်းအားပိုင်းဖြတ်ပေး၍မျိုးပိုင်းချခြင်း၊ဓါတ်မြေသြဇာထည့်သွင်းပေးခြင်း၊မြေပြန်ဖုံးခြင်း၊ကြမ်းရိုက်ခြင်းများတစ်ပါတည်းဆောင်ရွက်ပေးပါသည်။
စိုက်ထယ်ရေးရပြီး မြေတွင် (၅)ပေ မှ (၅)ပေခွဲ စိုက်တန်း အကွာအဝေးထား၍မျိုးပိုင်းချစိုက်ပျိုးပါသည်။
စိုက်မြောင်းအတွင်း ကြံမျိုးပိုင်း(၂)တန်း ချပေးသွားပါသည်။ တစ်နေ့လျှင်(၃ မှ ၅)ဧကခန့်ပြီးပါသည်။
ကြံစိုက်စက်အတွက် ထွန်စက်မောင်း (၁) ဦး၊ ကြံမျိုးပိုင်းထည့်ပေးလုပ်သား (၂)ဦးသာလိုပါသည်။
မျိုးနှုန်း၊ ဓါတ်မြေသြဇာနှုန်းထားနှင့် အပင်ပြုစုခြင်း၊ ခုတ်သိမ်းခြင်းများအား ခင်းသစ်စိုက်နည်းစနစ်အတိုင်းဆောင်ရွက်ပေးရပါမည်။
အချိန်ကုန်သက်သာခြင်း၊ကုန်ကျစရိတ်လျော့နည်းခြင်း၊ လုပ်သားရှားပါးမှုနှင့်လုပ်အားခကြီးမြင့်မှုတို့အထောက်အကူဖြစ်ခြင်း၊ အထွက်ကောင်းသဖြင့်လမိုင်း/လမက်ထိ ခံစားခွင့် ရရှိနိုင်ခြင်းနှင့်ရိုးပြန်ထိုးစိုက်ချိန်အစိုဓါတ်လျော့နည်းမှုကျော်လွှားနိုင်ပါသည်။
ကြံမျက်လုံးဖူးကျန်းမာသန်စွမ်းမှုမရွေးချယ်နိုင်ခြင်း၊ မျိုးချောင်းချသည့်လုပ်သားများကျွမ်းကျင် မှုရှိရန်လိုအပ်ခြင်း၊ စက်ကိရိယာဝယ်ယူရန်ကုန်ကျစရိတ်များခြင်း၊ ထယ်ရေးကောင်းပြီးနက်ရန်လိုအပ်ခြင်း၊ မျိုးပိုင်းထိခိုက်နိုင်ခြင်း၊ ကြံပင်ဖြောင့်တန်းမှုမရှိပါကအသုံးပြုရန်ခက်ခဲခြင်းနှင့် Seed Treatment လုပ်ရန် မလွယ်ကူနိုင်ပါ။