ကြံတစ်ဆစ်ချင်း ပျိုးထောင်စိုက်နည်းစနစ်

  • Thu, 30 June 2022

ကြံတောင်သူများသမရိုးကျစိုက်ပျိုးလျှက်ရှိသည့် ကြံဆစ်ပိုင်းများအားမြေကြီးပေါ်တုံးလုံးလဲစိုက်ပျိုးခြင်းအစားကြံမျက်လုံးဖူး(၁)ဖူးပါသောကြံဆစ်ပိုင်းအား(၂၅)ရက်မှ(၃၀) ရက်သားထိပျိုးထောင်၍စိုက်ခင်းထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးခြင်းဖြစ်ပါသည်။ 

မျိုးအတွက်ကုန်ကျစရိတ်သက်သာခြင်း၊ဆစ်ကြားကြံအပိုင်းအစများကြိတ်ဝါးကြံအဖြစ်ပေးသွင်းနိုင်ခြင်း၊အပင်ပေါက်နှုန်းညီညာကောင်းမွန်ခြင်း၊ပင်ပွားညီပြီးများခြင်း၊ စိုက်ခင်းမြေပြုပြင်ချိန်ပိုမိုရရှိခြင်း၊မြေသြဇာထိရောက်စွာအသုံးပြုနိုင်ခြင်း၊လေနှင့်နေရောင်ခြည်ပိုမိုရရှိခြင်း၊ထိရောက်စွာပေါင်းနှိမ်နင်းနိုင်ခြင်းနှင့်ရေသွင်း၊ရေထုတ်လွယ်ကူပါသည်။  

ပျိုးထောင်စရိတ်လုပ်အားခပိုမိုကုန်ကျခြင်းနှင့်စိုက်ခင်းသို့ရွှေ့ပြောင်းစိုက်ချိန်တွင်ဂရုတစိုက်ပြုစုရပါမည်။