စက်ဝိုင်းပုံစိုက်နည်းစနစ်

  • Thu, 30 June 2022


စိုက်ထယ်ရေးရပြီး မြေကွက်၏ဘေးနှင့်ထိပ်ဖက်တွင်(၁)ပေခန့်ချန်၍ (၄) ပေခြားပြီး အလျားလိုက်နှင့်အနံလိုက်မျဉ်းဆွဲရပါမည်။

မျဉ်း(၂)ကြောင်းဆုံရာအမှတ်အားဗဟိုပြု၍အချင်း(၃)ပေ၊အနက်(၁.၅)ပေရှိစက်ဝိုင်းပုံကျင်းတူးပြီးမျက်စေ့(၃)ခုပါသောကြံမျိုးပိုင်း(၂၀)စီကိုကျင်းအလယ်ဗဟိုပြု၍စက်ဝိုင်းပုံမျိုးပိုင်းချစိုက်ပျိုးပြီးမြေပြန်ဖုံးပေးရပါမည်။အစိုဓါတ်အုပ်မိအောင်ဆောင်ရွက်ပေးရပါမည်။လိုအပ်ပါကတစ်ကျင်းချင်း ရေလောင်းပေးရပါမည်။ 

ထွန်ယက်ခြင်း၊အထွက်ကောင်းမျိုးအသုံးပြုခြင်း၊အပင်ပြုစုခြင်း၊ခုတ်သိမ်းခြင်းများအားခင်းသစ်စိုက်နည်းအတိုင်းဆောင်ရွက်ပေးရပါမည်။ 

မြေဧရိယာတစ်ယူနစ်မှမူလပင်စည်များများရပြီးကြိတ်ဝါးကြံအလေးချိန်များများရရှိသဖြင့်ကြံအထွက်(၂ဆ - ၃ဆ)ပိုမိုရရှိခြင်း၊ဧကတိုးချဲ့စိုက်ပျိုးခြင်းထက်ထိန်းသိမ်းစီမံမှုလွယ်ကူခြင်းနှင့်လမိုင်း(၂ - ၅)နှစ်ထိထားနိုင်ပါသည်။ 

စိုက်ကျင်းတူးစရိတ်ပိုမိုကုန်ကျခြင်း၊လုပ်သားရှားပါးခြင်းတို့ကြောင့်ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်မှုမရှိခြင်းနှင့်မျိုးအသုံးပြုမှုများသောစိုက်နည်းစနစ်ဖြစ်ပါသည်။