ပုံမှန်စိုက်နည်းစနစ်

  • Thu, 30 June 2022

မြေပြင်ပြီးပါက နွားထယ်ဖြင့် အသွား/ အပြန်ထယ်ကြောင်းပေးပြီး  နွားဂျူတ်ဖြင့် အသွား/အပြန် စိုက်မြောင်းဖော်ရပါမည်။ 

မြေကောင်းလျှင် (၃.၅)ပေ - ၄ပေ၊ မြေညံ့က(၂.၅)ပေ- (၃)ပေစိုက်တန်းအကွာအဝေး ထားပေးရပါမည်။

စိုက်မြောင်းအနက် (၁၀)လက်မ မှ (၁၄)လက်မတူးကာ(၃)ဆစ်ပါကြံမျိုးပိုင်းများကိုနှစ်ပါးသွား(သို့)တေ့ဆက်(သို့)နဘေထပ်ချစိုက်ပျိုးရပါမည်။ 

စက်ကိရိယာဝယ်ယူ/ ငှားရမ်းရန်ခက်ခဲသောတောင်သူများအတွက်သမရိုးကျနွားဖြင့်စိုက်ပျိုးနိုင်ပါသည်။ 

သမ ရိုးကျစိုက်ပျိုးခြင်းကြောင့် မျှော်မှန်းအထွက်နှုန်းမရရှိဘဲ အထွက်နှုန်းနည်း၍အကျိုးအမြတ်ရရှိမှုနည်းပါးပါသည်။