စပါးကြဲပက်စိုက်ပျိုးနည်း (အခြောက်/အစို) Broadcasting (Wet/Dry)
- Sat, 25 June 2022
စပါးကြဲပက်စိုက်ပျိုးနည်း (အခြောက်/အစို) Broadcasting (Dry/Wet)
မိုးဦးကာလနှင့် မိုးလယ်ကာလ ၊မိုးခေါင်သော အခါတွင်လည်းကောင်း၊ ရေကြီးနစ်မြုပ်ဖြစ်တတ်သော ရေနက်ကွင်းများတွင်လည်းကောင်း၊ ဒီရေအတက်အကျရှိသော နေရာများတွင်လည်းကောင်း၊ သွင်းရေရရှိရန် မလွယ်ကူသော မိုးရေသောက် ကုန်းမြင့်ပိုင်းလယ်များတွင်လည်းကောင်း၊ အချိန်လု၍ စိုက်ပျိုးရန်လိုအပ်သည့် ကာလများတွင်လည်းကောင်း၊ ဒေသအလိုက် သင့်တော်သည့် စိုက်ပျိုးနည်းများအနက် စပါးကြဲပက်စိုက်ပျိုးနည်းစနစ်သည် ဆောင်ရွက်သင့်သော စိုက်နည်းစနစ်ဖြစ်ပါသည်။ စပါးကြဲပက်စိုက်ပျိုးနည်းသည် အချိန်တိုအတွင်း၊ လုပ်သားနှင့်ရေလိုအပ်ချက် နည်းနည်းဖြင့်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ ကုန်ကျစရိတ်လျော့နည်းစေသည့် နည်းစနစ်ဖြစ်၍ စပါးအခြောက်ကြပက်စိုက်ပျိုးခြင်းနှင့် အစိုကြဲပက်စိုက်ပျိုးခြင်း (၂)နည်း ရှိပါသည်။
၁။ စပါးမျိုးရွေးချယ်ခြင်း နှင့်မြေပြုပြင်ခြင်း
၂။ မျိုးစေ့ချခြင်း
တစ်ဧကအတွက် မျိုးသန့်စပါးမျိုးစေ့ (၂)တင်း အသုံးပြုရမည်။ အခြောက်ကြဲပက်စိုက်ပျိုးရာတွင် မျိုးစေ့ကို အခြောက်အတိုင်း ကြဲပက်ပြီး ကြမ်းရိုက်၍ ဖုံးအုပ်ရမည်။ အစိုကြဲပက်စိုက်ပျိုးရာတွင်စပါးစေ့များကို (၂၄)နာရီကြာ ရေစိမ်၍ ရေပေါ်ပေါ်သော မျိုးစေ့များကို ဖယ်ရှားကာ (၂၄)နာရီကြာ မျိုးအုပ်ရမည်။ မျိုးစပါးကို စာပါးစပ်ပြူအနေအထားတွင် ကြဲပက်ရမည်။ မျိုးစေ့ကြဲပက်ရာတွင်ညီညာစေရန် ဂရုပြုရမည်။ မျိုးစေ့ကြဲပက်စက်ကိရိယာကို အသုံးပြု၍လည်း စိုက်ပျိုးနိုင်သည်။ မျိုးစေ့ချပြီးချိန်မှ (၅)ရက်အတွင်း ကြွက်၊ငှက်၊တိရိစ္ဆာန်တို့၏ ဖျက်ဆီးခြင်းမှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်။ အပင်ပေါက်ပြီးနောက် (၁)လအတွင်း ကောက်ပင်ဖာခြင်းလုပ်ငန်းကို ဆောင်ရွက်ရပါမည်။
၃။ မြေဩဇာကျွေးခြင်း
၄။ ရေသွင်းရေထုတ်ပြုလုပ်ခြင်းနှင့်ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း
ရေသွင်းရေထုတ်ကို လိုအပ်သလို ဆောင်ရွက်ပေးရမည်။ အပင်ပေါက်ပြီး(၂)ပတ်အတွင်း ရေမမြုပ်စေရန် သတိပြုရမည်။ မှို့ကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြားတွင် သွင်းရေလုံလောက်စွာ ရရှိရန်လိုပါသည်။ ရိတ်သိမ်းရာတွင် လွယ်ကူစေရန် ပန်းပွင့်စုံပြီးနောက် (၂၀-၂၅)ရက် အတွင်းရေထုတ်ပေးရပါမည်။ ပေါင်းမြက်ထူထပ်ပါက စပါးအထွက်နှုန်းကို ထိခိုက်စေသည့်အတွက် ထိထိရောက်ရောက် ပေါင်းနှိမ်နင်းရန် လိုအပ်ပါသည်။ မြေကို ကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းမြက်များအား နှိမ်နင်းနိုင်သည်။ လက်ဖြင့်ပေါင်းမြက်နုတ်ခြင်း၊ ပေါင်းသတ်ဆေးဖြင့်ဖြစ်စေ ပေါင်းမြက်နှိမ်နှင်းခြင်းကို အပင်ပေါက်ပြီး (၁) ပတ်မှ (၁)လအတွင်း ဆောင်ရွက်ရပါမည်။ စပါးမျိုးစေ့မကြဲမီနှင့် စပါးပင်ပေါက်ပြီး ပေါင်းပင်အမျိုးအစားပေါ်မူတည်၍ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်းအတိုင်း တိကျစွာအသုံးပြုပါ ။
၅။ ပိုးမွားရောဂါကာကွယ်နှိမ်နင်းခြင်း
၆။ ရိတ်သိမ်းခြင်း
စပါးနှံ၏ (၈၀‒၈၅)ရာခိုင်နှုန်း ရင့်မှည့်ချိန် (မောင်းညိုချိန်)တွင် အလေအလွင့်အနည်းဆုံး နည်းလမ်းဖြင့် ရိတ်သိမ်းပြီး ချက်ချင်းချွေလှေ့၍ အခြောက်ခံပါ။ စပါးအစိုဓါတ်သည်မျိုးအတွက်(၁၃)ရာခိုင်နှုန်းနှင့် စားသုံးမည့်စပါးအတွက် (၁၄)ရာခိုင်နှုန်း လိုအပ်ပါသည်။