ရောဂါပိုးမွှားနှင့်သတိပြုဆောင်ရွက်ရမည့်အချက်များ
- Fri, 13 January 2023
ပိုးမွှားများ
ပိုးစာပင်တွင်ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားအမျိုးအမည်ပေါင်း(၂၇)မျိုးခန့်ရှိရာ အောက်ပါပိုးမွှားများမှာ အများဆုံးကျရောက်တတ်သော ပိုးမွှားများဖြစ်ပါသည်။
- ပျပိုးများ (Aphids)
- ဖြုတ်ပိုးများ (Jassids)
- သရစ်ပိုးများ (Thrips)
- ယင်ဖြူများ (White Flies)
- ပင်စည်းထိုးပိုးများ(Stem borers)
- ပုရစ်များ (Crickets)
- ခြများ (Mites)
ရောဂါများ
ပိုးစာပင်တွင်ကျရောက်တတ်သောရောဂါများမှာ
- ရွက်ပြောက်ရောဂါ (Leaf spot disease)
- ဖားဥမှိုရောဂါ (Powdery mildew disease)
- သံချေးရောဂါ (Rust disease)
- မြစ်ပုတ်ရောဂါ (Root - rot disease)
- ထိပ်ဖျားခြောက်ရောဂါ (Taing blight disease)
- ဘက်တီးရီးယားဘလိုက်ရောဂါ (Bacterial blight disease)
- မိုက်ကိုပလာစမာရောဂါ(Mycoplasma disease)
- ရွက်ဝါဗိုင်းရပ်ရောဂါများ (Mosaic virus disease)
- နီမတုတ်ရောဂါ (Nematode disease)
မြန်မာနိုင်ငံတွင်အဓိကကျရောက်တတ်သော ရောဂါများမှာဖားဥမှိုရောဂါ၊မြစ်ပုတ်ရောဂါတို့ဖြစ်ပြီး သံချေးရောဂါနှင့်ဘက်တီးရီးယားရွက်ခြောက်ရောဂါများလည်းအနည်းငယ်တွေ့ရှိရတတ်ပါသည်။
သတိပြုဆောင်ရွက်ရမည့် အချက်များ
(က) အရွက်ထွက်နှုန်းကောင်းမွန်သည့်မြန်မာရွက်ကြီးမျိုး၊ BR-60 ထိုင်းမျိုး၊ S-28 ဗီယက်နမ်မျိုးနှင့်တရုတ် hybrid seed များကိုရွေးချယ်စိုက်ပျိုးပါ။
( ခ) အသင့်တော်ဆုံးအပူချိန်(၂၀ºCမှ၃၀ºC)အတွင်းနှင့်ပျမ်းမျှမိုးရေချိန်(၄၀"-၁၀၀")အတွင်းရရှိသောဒေသများတွင်စိုက်ပျိုးပါ။
( ဂ) ပိုးစာပင်ကိုင်းဖြတ်ချိန်ဇွန်- ဇူလိုင်နှင့်ဒီဇင်ဘာလများတွင်ပိုးစာကိုင်းပျိုးထောင်ခြင်းနှင့်Hybrid seedများကိုမတ်-ဧပြီလများတွင်ပျိုးထောင်ခြင်းဆောင်ရွက်ပါ။
(ဃ) ပိုးစာပင်စိုက်ပျိုးမည့်ကျင်းများကို(၂')ပတ်လည်(၁.၅')အနက်ရှိကျင်းများစိုက်ကျင်း (သို့) (၁.၅'အကျယ်၁.၅'အနက်)ရှိစိုက်မြောင်းများဖော်၍ပိုးစာပင်တန်းကြားပင်ကြားကို(၅'×၂'၊၆'/၂'၊၃'×၈")(၁')စိုက်ပျိုးနည်းစနစ်များကိုမျိုးအလိုက်အသုံးပြုနိုင်ပါ သည်။
(င) ထယ်ရေးနက်နက်နှင့်ထွန်ရေးနက်နက်ရရှိစေရန်ထယ်(၂)စပ်ထွန်(၄)စပ်ဆောင်ရွက်၍(၁)ဧကလျှင်ကြက်ချေးမြေဆွေး(သို့မဟုတ်)နွားချေး(၁၀)တန်ခန့်ကိုမြေခံအဖြစ်ထည့်ပေးပါ။
(စ) ပိုးစာပျိုးပင်သက်တမ်း(၆လမှ၁နှစ်သား)ရှိသည့်ပိုးစာပျိုးပင်များကိုအစိုဓာတ်ကောင်းစွာရရှိချိန်မေလနှင့်ဇွန်လအတွင်းအပြီးစိုက်ပျိုးပါမည်။
(ဆ) ပိုးစာပျိုးပင်များကိုမစိုက်ပျိုးမီအရွက်ဖယ်ရှားခြင်းအမြစ်ပွားများဖယ်ရှား ခြင်းနှင့်ရေသောက်မြစ်ကို(၈"မှ၁၂") ခန့်ချန်၍ဖြတ်ပေးခြင်းတို့ဆောင်ရွက်ပါ။
(ဇ) ပိုးစာပင်စိုက်ပျိုးပြီးရက်သတ္တပတ်၃ပတ်ခန့်အကြာတွင်ပထမအကြိမ်ပေါင်းရှင်းခြင်းဆောင်ရွက်ပါ။ပင်သေပင်ပျောက်ရှိကပြန်၍ဖာထေးစိုက်ပါ။
(ဈ) ပထမအကြိမ်ပေါင်းရှင်းပြီး(၁)လခန့်အကြာဒုတိယအကြိမ်ပေါင်းရှင်းခြင်းနှင့်အတူပုလဲဓါတ်မြေသြဇာထည့်သွင်းပေးပါ။
(ည) အစိုဓါတ်နည်းသည့်ရာသီများတွင်ပိုးစာတန်းကြားများတွင်ကောက်ရိုး၊ ပြောင်းရိုး၊မြက်ခြောက်အစရှိသည်တို့ကိုအသုံးပြုပြီးmulchingပြုလုပ်ခြင်းကိုဆောင်ရွက်ပါ။
(ဋ) သစ်စိမ်းမြေသြဇာအဖြစ်နွယ်မတက်သည့်ပဲပုတ်၊ပိုက်ဆံလျှော်၊စသည့်သီးနှံများကိုအသုံးပြုစိုက်ပျိုးပါ။
(ဌ) မြေဆီသြဇာထက်သန်မှုအခြေအနေကိုလိုက်၍ယေဘုယျအားဖြင့်ပိုးစာပင်(၁)ဧကလျှင်ယူရီးယား(၁၁၂/၂၂၄)ပေါင်၊တီစူပါ(၅၆/၁၁၂)ပေါင်၊ပိုတက်ရှ်(၅၆/၁၁၂)ပေါင်နှင့်နွားချေး(သို့)ကြက်ချေးမြေဆွေး(၁၀) တန်ခန့်ထည့်သွင်းပေးပါ။
(ဍ) ခြောက်သွေ့ရာသီတွင်ရေရရှိနိုင်ပါက(၄-၅)ရက်ခြာ(၁)ကြိမ်ရေသွင်းပေးပါ။
(ၓ) ပိုးစာခင်းများကိုဇွန်၊ဇူလိုင်လများတွင်မြေပြင်မှ(၉"၁၂")အမြင့်တွင်ပင်ခြေကိုင်းဖြတ်ခြင်း(base-cut)(၁)ကြိမ်နှင့်ဒီဇင်ဘာ-ဇန်နဝါရီလများတွင်ထိပ်ဖျားပိုင်းကိုင်းဖြတ်ခြင်း (topping)(၁)ကြိမ်ပြုလုပ်ပြီးအပင်ပုံသွင်းပါ။
(ဏ) ပိုးစာရွက်များကို ပိုးမွေးမြူရေးနည်းစနစ်နှင့် ပိုးကောင်၏အရွယ်၊အဆင့်ပေါ်မူတည်၍ အရွက်ခူးကျွေးခြင်း၊ ကိုင်းဖြတ်ကျွေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။