ပိုးစာပင်မျိုးများ

  • Wed, 11 January 2023

ပိုးစာပင်(Mulberry)

Phylum - Phaenerogamme

Class - Dicotyledonae

Order  - Rosales

Family -       Moraceae

Genus  -  Morus

Species -  Morus  alba

ကမ္ဘာပေါ်တွင်ပိုးစာပင်မျိုးစိတ်(species)(၆၈)မျိုးခန့်ရှိပြီးမျိုးကွဲ(varieties)ပေါင်းများစွာရှိသည့်အနက်မြန်မာနိုင်ငံတွင်ဒေသမျိုးများအပြင်ထိုင်း၊ဗီယက်နမ်နှင့်တရုတ်မျိုး စုစုပေါင်းမျိုးကွဲ(၁၃)မျိုးထိန်းသိမ်းထားရှိပြီးဖြစ်ပါသည်။

မြန်မာမျိုးများ - မြန်မာရွက်ကြီး၊မြန်မာလက်ခြား၊ပေါက်ခေါင်းမျိုး

ထိုင်းမျိုးမျိုးများ         - BR-60 ၊BR-11 ၊ထိုင်းရွက်ဝိုင်း ၊ထိုင်းလက်ခြား

ဗီယက်နမ်မျိုးများ - S-28 ၊Triploid ၊Bodai

တရုတ်မျိုးများ - CIFG ၊KSS ၊ Bosun


မြန်မာနိုင်ငံ၏ရေမြေဒေသနှင့်သင့်လျော်ပြီး စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသော ပိုးစာမျိုး (၄) မျိုးမှာ-

မြန်မာရွက်ကြီး- မြန်မာရွက်ကြီးမျိုးမှာအမြစ်ဖွံ့ဖြိုးမှုကောင်းမွန်ပြီးရာသီဥတုနှင့်ပိုးမွှားရောဂါဒဏ်များကိုခံနိုင်ရည်ရှိပါသည်။ပင်စည်ရိုးတံအရောက်မှာညိုရင့်ပြီးအသားမာကျောသဖြင့်ပင်စည်ထိုးပိုးကျရောက်မှုဒဏ်ကိုခံနိုင်ရည်ရှိပါသည်။အရွက်ထိပ်ဖျားချွန်၍အပင်အောက်ပိုင်းအရွက်များသည်ရွက်နားဟိုက်ပါဝင်မှုများကာလက်ခြာပုံသဏ္ဍာန် ဖြစ်ပေါ်နေတတ်ပြီးအထက်ပိုင်းသို့ရောက်သောအခါရွက်နားဟိုက်ပါဝင်မှုနည်းသွားသည်။ပုံမှန်အရွက်မျက် နှာပြင်အပြည့်အတိုင်းပြန်တွေ့ရတတ်ပါသည်။ဆစ်ကြားကျဲသော်လည်းအရွက်အရွယ်အစားကြီးမားကျယ်ပြန့်ပြီးရွက်သားထူသဖြင့်အရွက်ထွက်နှုန်းကောင်းမွန်ပါသည်။ဖားဥမှိုရောဂါကျရောက်မှုလည်းနည်းပါးပါသည်။ရိုးတံများမှာသွယ်၍ထောင်မတ်နေတတ်ပြီးမိုးရာသီတွင်မြေပြင်သို့ကိုင်းညွှတ်နေတတ်ပါသည်။အပင်ပုံသဏ္ဍာန်မှာခြုံပုတ်ပုံစံလုံးဝန်းနေပါသည်။တစ်ပင်မှတစ်နှစ်လျင်အရွက်ပေါင်ချိန်(၃.၅)မှ(၇)ပေါင်ထိထွက်ရှိပါသည်။



BR-60 (ထိုင်းမျိုး)-(၁၉၉၆-၁၉၉၇)ခုနှစ်တွင်ထိုင်းနိုင်ငံမှ BR-11,15,16,32,51,60 စသည့်မျိုးများကိုမျိုးကိုင်းတင်သွင်းစိုက်ပျိုးခဲ့ပါသည်။၎င်းမျိုးများအနက်(BR-60)မျိုးမှာမြန်မာနိုင်ငံ၏ရေမြေရာသီဥတုတွင်စိုက် ပျိုးဖြစ်ထွန်းမှုအကောင်းဆုံးမျိုးဖြစ်ပါသည်။အရွက်ထွက်မြန်ခြင်း၊အရွက်ဧရိယာကြီးမားကျယ်ပြန့်ပြီးရွက်သားထူခြင်း၊ဆစ်ကြားတို၍အရွက်သိပ်သည်းမှု(canopy)များပြားခြင်းတို့ကြောင့်အရွက်ထွက်နှုန်းကောင်း မွန်ပါသည်။ပိုးစာပင်တစ်ပင်မှတစ်နှစ်လျင်ပိုးစာရွက်(၁၀)ပေါင်ထိထွက်ရှိနိုင်ပါသည်။အရွက်ရောင်မှာအစိမ်းရောင်ဖျော့ပြီးပင်စည်ရိုးတံမဖြောင့်တန်း၍တုတ်ခိုင်သည်။သို့ရာတွင်ပင်စည်အတွင်းသားမှာပွသဖြင့်ပင် စည်ထိုးပိုးဒဏ်ခံနိုင်ရည်နည်းပြီး၊မြစ်ပုတ်ရောဂါကျရောက်လွယ်သည်။အရွက်ရင့်များ၏အောက်မျက်နှာပြင်တွင်ဖားဥမှိုရောဂါကျရောက်တတ်ပါသည်။



 S-28 (ဗီယက်နမ်မျိုး)-(၁၉၉၀)ခုနှစ်တွင်ဗီယက်နမ်နိုင်ငံမှတင်သွင်းစိုက်ပျိုးခဲ့သောမျိုးဖြစ်ပါသည်။မြန်မာနိုင်ငံ၏ရေမြေရာသီဥတုနှင့်များစွာလိုက် လျောညီထွေမှုရှိပါသည်။အပင်ပုံစံမှာမြန်မာရွက်ကြီးနှင့်ဆင်တူမှုရှိပါသည်။ ပင်စည်ကိုင်းမှာစိမ်းညိုရောင်ရှိပြီးအသားမာကျောသည်။ဆစ်ကြားတိုပြီးအရွက်မျက်နှာပြင်ကြီးမားကျယ်ပြန့်ကာရွက်နားဟိုက်လုံးဝမပါရှိပေ။အရွက်ထွက်ပုံမှာရွက်ညှာမှအထက်သို့ထောင် ၍ထွက်လေ့ရှိပြီး ရွက်သားမှာမြန် မာရွက်ကြီးထက်များစွာနူးညံ့ကာအရည်ရွမ်းသည်။ရိုးတံများမှာတောင့်တင်းထောင်မတ်ပြီးကွေးညွှတ်ဝိုက်ကျခြင်းမရှိပေ။အရွက်ထွက်နှုန်းမှာတစ်ပင်မှတစ်နှစ်လျှင်(၇)ပေါင်ခန့်ထွက်ရှိပြီးတစ်နှစ်ပတ်လုံးရေပေးသွင်းနိုင်ပါက(၁၀)ပေါင်ထိထွက်ရှိနိုင်ပါသည်။


KSS(တရုတ်မျိုး)- KSS မျိုးသည် တရုတ်စပ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင်စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသောမျိုးဖြစ်ပါသည်။ အရွက်ပုံသဏ္ဍန်အနည်းငယ်ဝိုင်းပြီးအစိမ်းရင့်ရောင်ရှိပါသည်။အရွက်သားထူပြီးဆစ်ကြားတိုသဖြင့်အရွက်ထွက်နှုန်းအလွန်ကောင်းမွန်ပါသည်။ရွက်သားအနည်းငယ်ကြမ်းပြီး ရေဓာတ်ခမ်းခြောက်လွယ်သဖြင့် အရွက်သက်တမ်းမှာ(၂)လကျော်လာလျင်ဝါ၍ကြွေကျတတ်ပါသည်။သို့ပါ၍ သွင်းအားစုထည့်ပြီးကိုင်းဖြတ်ပြုပြင်ကြိမ်ရေတိုးပြီးရေသွင်းနိုင်ပါကတစ်နှစ်ပတ်လုံးပိုးစာရွက်ရရှိအောင်ဆောင်ရွက်သဖြင့်ပိုးမွေးကြိမ်ရေတိုးမြှင့်မွေးမြူနိုင်သည့်မျိုးဖြစ်ပါသည်။