ပျိုးဖျာလိပ် ပျိုးထောင်နည်းဖြင့်စိုက်ပျိုးခြင်း
- Sun, 8 January 2023
ပျိုးထောင်ရန် ရေလုံလောက်မှုမရှိသော နေရာဒေသများတွင် ပျိုးထောင်စိုက်ပျိုးလိုလျင်သော်လည်းကောင်း၊ ပေါင်းမြက်၏ ယှဉ်ပြိုင်မှုလျော့နည်းစေရန် ပျိုးသက်နုနုဖြင့်စိုက်ပျိုးလိုလျင်သော်လည်းကောင်း၊ ရေကြီးနစ်မြုပ်ဖြစ်ပေါ်၍ စိုက်ခင်းပျက်စီးသွားသဖြင့် အချိန်တိုအတွင်း ပြန်လည်စိုက်ပျိုးလိုလျင်သော်လည်းကောင်း အလွန်အသုံးဝင်သည့် ပျိုးထောင်စိုက်ပျိုးနည်းတစ်ခု ဖြစ်ပါသည်။ ပျိုးဖျာလိပ် (Dapog)ပျိူးထောင်နည်းဖြင့် စိုက်ပျိုးနည်းစနစ်သည် ဧရိယာကျဉ်းကျဉ်းဖြင့် ပျိုးထောင်နိုင်ခြင်း၊ပျိုးနှုတ်စရာမလိုအပ်ဘဲ ဖျာလိပ်ကဲ့သို့လိပ်၍ စိုက်ခင်းသို့ လွယ်ကူစွာသယ်ယူ၍ စိုက်ပျိုးနိုင်ခြင်း၊ လုပ်အားကို လျော့ချနိုင်၍ ကုန်ကျစရိတ်သက်သာခြင်း၊ အချိန်တိုအတွင်း စိုက်ပျိုးနိုင်ခြင်းကြောင့် လက်ခံဆောင်ရွက်သင့်သော နည်းစနစ်တစ်ခု ဖြစ်ပါသည်။
စိုက်ပျိုးနည်း၏ အကျိုးကျေးဇူးများ
ရေဝပ်သည့်နေရာမှလွဲ၍ နေရာမရွေး ပျိုးထောင်နိုင်ပါသည်။ ပျိုးခင်းကုန်ကျစရိတ် သက်သာစေပါသည်။ ပျိုးသက်ရက်တိုတိုနှင့် စိုက်ပျိုးနိုင်ပါသည်။ ရေကြီး၊မိုးခေါင်လျင်ပြန်လည်စိုက်ပျိုးရန် သင့်တော်သော နည်းစနစ်ဖြစ်ပါသည်။ ပျိုးနှုတ်ရန်မလိုသည့်အတွက် ပျိုးပင်ထိခိုက်မှု လျော့နည်းစေပါသည်။ ပျိုးဖျာလိပ်ပျိုးခင်းမှ လိုအပ်သလောက်သာဖြတ်၍ အလွယ်တကူ သယ်ယူနိုင်သည်။ ကောက်ပင်လှန်ချိန် မြန်စေပါသည်။ ပျိုးခင်းနေရာအတွက် မြေဧရိယာကျဉ်းကျဉ်းသာ လိုအပ်ပါသည်။
၁။စပါးမျိုးရွေးချယ်ခြင်းနှင့်ပျိုးထောင်ခြင်း
ရာသီဥတုဒဏ်ခံနိုင်သည့် အပင်ပေါက်စွမ်းအားကောင်းပြီး၊ အထွက်ကောင်းသည့် သက်တမ်းတို မျိုးသန့်စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရပါမည်။ စိုက်ခင်း တစ်ဧကစာအတွက်(၃ပေ×၈ပေ) ပျိုးပေါင်(၆)ပေါင်ပျိုးခင်း လိုအပ်မည်ဖြစ်ပါသည်။ပျိုးခင်းတွင် ပလပ်စတစ်(သို့)ငှက်ပျောရွက်ခင်းပေးပါ။ ပျိုးခင်းပတ်လည်တွင် ငုတ်ရိုက်၍ သစ်သားချောင်း(သို့)ဝါးခြမ်းဖြင့် (၃)လက်မအမြင့် ဘောင်ကာပေးပါ။ ပျိုးဘောင်အတွင်းသို့ နွားချေးဆွေးနှင့် သဲ(သို့)နွားချေးဆွေးနှင့် စက်ဖွဲပြာဆတူရော၍ (၂)လက်မအထူဖြန့်ခင်းပါ။မျိုးသန့်စပါး(၁)တင်းကို (၂၄)နာရီ ရေစိမ်၍ စာပါးစပ်ပြူအောင် မျိုးအုပ်ပါ။ မျိုးစေ့ကို ညီညာစွာကြဲပက်ပြီး ၊တစ်နေ့လျင် ရေ(၂)ကြိမ်ဖျန်းပေးပါ။ မျိုးစေ့ချပြီး(၅)ရက်အထိ တစ်နေ့တစ်ကြိမ် ပျဉ်ပြားဖြင့် ညင်သာစွာဖိပေးပါ။ ပျိုးသက်(၉-၁၄)ရက်အတွင်း ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။
၃။ မြေဩဇာကျွေးခြင်း
တစ်ဧကအတွက် မြေခံအဖြစ် သဘာဝမြေဩဇာ/နွားချေးဆွေးလှည်း(၅)စီးခန့်နှင့် (၁၅-၁၅-၁၅)ကွန်ပေါင်းမြေဩဇာ (၅၀)ကီလိုဂရမ်တစ်အိတ် အသုံးပြုပါ။ ပုလဲဓါတ်မြေဩဇာအား အပင်ပွားစီးချိန်နှင့် အနှံမထွက်မီ(၅)ရက်အလိုတွင် အိတ်ဝက်စီ(တစ်အိတ်/ဧကနှုန်း)၊ မှို့ကပ်ချိန်တွင် ပိုတက်ရှ်မြေဩဇာ တစ်ဧကတစ်စိတ်(၁/၄အိတ်)/ဧကနှုန်း ထည့်သွင်းပေးပါ။ သီးနှံအကြွင်းအကျန်များနှင့် နွားချေးတို့ကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင် ထည့်ပါက အပင်၏အနည်းလိုအာဟာရဓါတ်များကို ပံ့ပိုးပေးသည့်အပြင် မြေ၏ရေထိန်းစွမ်းအားကိုပါ တိုးတက်စေသည်။ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာထည့်သွင်းခြင်း မြေဆီလွှာဓါတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေး၍ထောက်ခံချက်ပေးထားသော ဓါတ်မြေဩဇာနှုန်းထားအတိုင်း ထည့်သွင်းအသုံးပြုသင့်ပါသည်။
၄။ ရေသွင်းရေထုတ်ပြုလုပ်ခြင်းနှင့်ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း
ရေသွင်းရေထုတ်ကို လိုအပ်သလို ဆောင်ရွက်ပေးရမည်။ မှို့ကပ်ချိန်နှင့်ရင့်မှည့်ချိန်အကြားတွင် သွင်းရေလုံလောက်စွာ ရရှိရန်လိုပါသည်။ ရိတ်သိမ်းရာတွင် လွယ်ကူစေရန်ပန်းပွင့်စုံပြီးနောက်(၂၀‒၂၅)ရက်အတွင်း ရေထုတ်ပေးရပါမည်။ ပေါင်းမြက်ထူထပ်ပါက စပါးအထွက်နှုန်းကို ထိခိုက်စေသည့်အတွက် ထိထိရောက်ရောက် ပေါင်းနှိမ်နင်းရန်လိုအပ်ပါသည်။ လူအားဖြင့်လည်း ပေါင်းမြက်နှိမ်နင်းနိုင်သည်။ ကြားပေါင်းလိုက်ကိရိယာဖြင့် ပေါင်းမြက်နှိမ်နင်းနိုင်သည်။ပေါင်းပင်အမျိုးအစားပေါ်မူတည်၍ မှတ်ပုံတင်ထားသေ ာပေါင်းသတ်ဆေးကို ဆေးညွှန်းအတိုင်းတိကျစွာအသုံးပြုပါ။
၄။ပိုးမွားရောဂါကာကွယ်နှိမ်နင်းခြင်း
ပိုးမွားရောဂါ ကျရောက်ဖျက်ဆီးမှုရှိ/မရှိကို အမြဲမပြတ် ကွင်းဆင်းကင်းထောက်စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။ ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာနေရာဖြစ်သော ပေါင်းပင်နှင့် ပင်ကြွင်းပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။
၅။ ရိတ်သိမ်းခြင်း