စပါးသီးနှံတွင်ကျရောက်တက်သောပေါင်းပင်များ
- Sun, 8 January 2023
၁။အမည် ‒ ဘဲစာမြက်
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ Echinochloa crus-galli (L.P Beaur)
လက္ခဏာရပ်
ပင်စည်သေးငယ်သော တစ်နှစ်ခံ မြက်မျိုးရင်းပင်ဖြစ်ပြီး စပါးပင်နှင့်အလွန်တူသော်လည်း အရွက်နှင့်ရွက်ပြားကြားတွင် ရွက်ဆွယ်မပါဝင်ပါ။ ၎င်းပေါင်းပင်သည် ပန်းရောင်ပင်စည် အရွက်နှင့် ပန်းပွင့်ရှိသော တစ်နှစ်ခံပင်ဖြစ်သည်။ အရွက်နှင့်ရွက်ပြားကြားတွင် ရွက်စွယ်နှင့်ရွက်လျှာမရှိပါ။ ၎င်းပေါင်းပင်သည် အစိုဓာတ်ရှိ၍ တဝက်တပျက်ခြောက်သွေ့သော မြေတွင် ပေါက်နိုင်သည်။
ကျရောက်ချိန်
စိုစွတ်သောမြေတွင် ပေါက်ရောက်နိုင်ပြီး ရေအနက်(၆)စင်တီမီတာ အောက်တွင်ပင် အသက်ရှင်နိုင်သည်။ဤပေါင်းမျိုးအစားသည် စိုက်ခင်းနှင့်ကြဲခင်း နှစ်မျိုးလုံးတွင် ကျရောက်နိုင်သည်။
ကာကွယ်နှိမ်နှင်းနည်း
ပေါင်းပင်ကိုယှဉ်ပြိုင်နိုင်ရန် အပင်ပေါက်ကောင်းသော မျိုးကောင်း/သန့်စပါးကို အသုံးပြုခြင်း၊ပေါင်းမြက်ကင်းစင်စေရန် စပါးစေ့များကို သန့်စင်ရာတွင် လေမှုတ်စက်ပါသော ချေလှေ့စက်ဖြင့်သန့်စင်အောင်ပြုလုပ်ပါ။ပထမအကြိမ်တွင် အလျားလိုက်ထယ်ထိုး၍ မြေပြင်ရန်နှင့်ပေါင်းစေ့များ မျိုးညှောင့်ပေါက်ပြီးနောက် ဒုတိယအကြိမ်ကန့်လန့်ဖြတ် ထယ်ထိုး၍ပေါင်းပင်များကိုမြှုပ်ပစ်ပါ။ အစိုစိုက်ခင်းများအတွက် သင့်တော်သောရေသွင်း/ထုတ် ပြုလုပ်ခြင်းတို့ လုပ်ဆောင်ပေးရမည်။ စပါးစေ့ကြဲပြီးနောက် ရေအားလုံးထုတ်၍ မြေပက်ကြားအက်သည့်အထိအခြောက်ခံပြီး ရေကိုချက်ချင်းသွင်းပါ ။၎င်းလုပ်ငန်းစဉ်များကို စပါးမျိုးစေ့ချပြီး (၇)ရက်အတွင်း ဆောင်ရွက်ပါ။ ပေါင်းသတ်ဆေးကို အညွှန်းအတိုင်းသုံးပါ။
၂။အမည် ‒ ကချေသည်မြက်
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ (Wrinkle duck-beak) (IschaemumrugosumSalisb)
လက္ခဏာရပ်
တစ်နှစ်ခံ မြက်မျိုးရင်းပင်ဖြစ်သည်။၎င်း၏ပင်စည်များသည် မြေကြီးမှထောင်မတ်၍ ပေါက်သည်။ပန်းခိုင်သည် ပန်းပွင့်များပြွတ်သိပ်နေပြီး အမွှေးတိုင်နှင့်တူသည်။
ကျရောက်ချိန်
အစိုဓာတ်ရှိသောမြေတွင်ပေါက်ရောက်နိုင်ပြီးအစိုစိုက်နှင့်အခြောက်စိုက်စပါးခင်းနှစ်မျိုးလုံးတွင်တွေ့နိုင်သည်။
၃။အမည် ‒ ဒေါင်းမြီးပျံ
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ Leptochloa Chinensis (L) Nees
လက္ခဏာရပ်
တစ်နှစ်ခံမြက်မျိုးရင်းပင်ဖြစ်သည်။အရွက်နှင့်ရွက်ပြားကြားတွင်ရွက်စွယ်(၂)ခုစီရှိသည်။
ကျရောက်ချိန်
အစိုဓါတ်ရှိသောမြေတွင်ပေါက်ရောက်နိုင်ပြီးအခြောက်စိုက်နှင့်အစိုစိုက်စပါးခင်း(၂)မျိုးလုံးတွင်တွေ့နိုင်သည်။
၄။အမည် ‒ လေးခွမြက်
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ Dactylocteniumaegyptium (L) P.Beauv
လက္ခဏာရပ်
တစ်နှစ်ခံမြက်မျိုးရင်းပင်ဖြစ်သည်။အချွန်နှစ်ခွပါသောရွက်စွယ်ရှိသည်။
ကျရောက်ချိန်
ယာမြေများတွင်ပေါက်ရောက်နိုင်ပြီး စနယ်အခြောက်မြေမျိုးတွင် တွေ့ရှိရသည်။၎င်းပေါင်းပင်ကို အခြောက်စိုက်စပါးခင်းများ တွင်တွေ့နိုင်သည်။
၅။အမည် ‒ ခွေးမှီးပုတ်မြက်
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ Knotroot foxtail (SetariageniculataBeauv)
လက္ခဏာရပ်
တစ်နှစ်ခံချုံပုတ်ပင်ဖြစ်ပြီး(၅၀‒၁၅၀)စင်တီမီတာမြင့်သည်။စပါးနှင့်တပြိုင်နက်အညှောင့်ပေါက်သည်။
ကျရောက်ချိန်
အစိုဓာတ်ရှိသောမြေတွင်ပေါက်ရောက်နိုင်သည်။ယာစပါးခင်းများတွင် တွေ့ရသည်။
၆။အမည် ‒ လက်သဲခွမြက်
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ Finger grass (DigitariaCiliaris Retz:) Koel
လက္ခဏာရပ်
အနှံများစုနေသောပန်းခိုင်ရှိပြီးတစ်နှစ်ခံမြက်မျိုးရင်းစပါးပင်ဖြစ်သည်။
ကျရောက်ချိန်
ယာမြေများ၊ခြောက်သောစနယ်မြေများတွင် ပေါက်ရောက်နိုင်သည်။အခြောက်စိုက်စပါးခင်းများတွင်တွေ့ရသည်။
၇။အမည် ‒ မြက်ကြိမ်
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ Couch panium or Torpedo grass (Panicum repens)
လက္ခဏာရပ်
တစ်နှစ်ခံမြက်မျိုးရင်းပင်ဖြစ်ပြီးခြောက်သွေ့ခြင်း၊ရေဝပ်ခြင်း၊အက်စစ်ဆာလဖိတ်မြေများကိုခံနိုင်ရည်ရှိသည်။
ကျရောက်ချိန်
ယာမြေများ၊ခြောက်သွေ့သော မြေနှင့်ရေလွှမ်းသောမြေအမျိုးမျိုးတွင် ပေါက်ရောက်နိုင်သည်။ အခြောက်စိုက်စပါးခင်းများတွင် တွေ့ရသည်။
၈။အမည် ‒ လယ်ပဒူ
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒Goose Weed (sphenocleazeylanica) Gaertn
လက္ခဏာရပ်
ရွက်ပြန့်တစ်နှစ်ခံပေါင်းပင်ဖြစ်သည်။ရေအောက်ရှိအပင်၏အောက်ပိုင်းပင်စည်ကိုအဖြူရောင်အမြှုပ်များနှင့်ရစ်ပတ်ထားသည်။
ကျရောက်ချိန်
အစိုဓာတ်ရှိသော၊ရေလွှမ်းသောမြေများတွင်ပေါက်ရောက်သည်။အခြောက်စိုက်စပါးခင်းများတွင်တွေ့ရသည်။
ကာကွယ်နှိမ်နှင်းနည်း
မျိုးစေ့ကိုအခြားမျိုးစေ့များမပါအောင်သန့်စင်ပါ။ပေါင်းစေ့နှင့်ယှဉ်ပြိုင်နိုင်ရန်မျိုးညှောင့်ပေါက်ကောင်း၍ကြီးထွားလွယ်သော၊သန့်စင်သည့်စပါးမျိုးကိုစိုက်ပျိုးပါ။ပေါင်းမျိုးစေ့များမပါဝင်နိုင်အောင်စပါးစေ့များကိုခြွေလှေ့စက်ဖြင့်လေမှုတ်သန့်စင်ပါ။
၉။အမည် ‒ ကတောက်ဆက်
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ Pidrerel weed (Monochoria vaginalis) (Bum.F)
လက္ခဏာရပ်
တစ်နှစ်ခံရွက်ပြန့်ပေါင်းပင်ဖြစ်သည်။ရွက်ရိုးတံနှင့်အရွက်များသည်ဖားငယ်၏ခြေချောင်းများနှင့်တူသည်။ဗေဒါပင်နှင့်ဆင်တူသည်။
ကျရောက်ချိန်
အစိုဓာတ်ရှိသောမြေ၊ရေလွှမ်းသောမြေများတွင်ပေါက်ရောက်နိုင်သည်။အစိုစိုက်၊အခြောက်စိုက်စပါးခင်းများတွင်တွေ့ရသည်။
၁၀။အမည် ‒ ဝက်ကျွတ်
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ Spreading Dayflower (CyamotisoxillaxiesRoem&Schult)
လက္ခဏာရပ်
အရွက်သည်ရှည်၍ချွန်ပြီးတစ်နှစ်ခံရွက်ပြန့်ပေါင်းပင်ဖြစ်သည်။အရည်ရွှမ်းသောမြေလျှောက်ပင်စည်ရှိသည်။
ကျရောက်ချိန်
ယာမြေများနှင့်စိုစွတ်သောနေရာများတွင်ပေါက်ရောက်နိုင်သည်။
၁၁။အမည် ‒ လယ်လေးညင်း
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ Primrose Willow (JussiaeaLifolia)
လက္ခဏာရပ်
ဖြောင့်တန်းသောပင်စည်ရှိပြီး (၂၅-၇၅)စင်တီမီတာရှည်သည်။
ကျရောက်ချိန်
ရေလွှမ်းသောနေရာများတွင် ကောင်းစွာပေါက် ရောက်နိုင်သည်။
၁၂။အမည် ‒ လိပ်ရင်ဘတ်
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ Horse Purslane (Trianthemaportulacastrum)
လက္ခဏာရပ်
ရည်ရွမ်းသောတစ်နှစ်ခံရွက်ပြန့်ပေါင်းဖြစ်သည်။ပင်စည်နှင့်အရွက်များသည်မြေပေါ်တွင်ပြန့်နေသည်။
ကျရောက်ချိန်
အခြောက်စိုက် စပါးခင်းများတွင်တွေ့ရသည်။
၁၃။အမည် ‒ မှိုနတို
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ Water clover (Marsilesacremata)
လက္ခဏာရပ်
သက်တမ်းတစ်နှစ်ထက်ပိုသောရှည်လျားသေးသွယ်သည့်ပေါင်းပင်ဖြစ်သည်။ရွက်မွှာ(၄)ခုရှိသည်။
ကျရောက်ချိန်
ရေလွှမ်းသောမြေနှင့်စိုထိုင်းသောမြေတွင်ပေါက်သည်။လယ်စပါးခင်းတွင်တွေ့ရသည်။
ကာကွယ်နှိမ်နှင်းနည်း
ပေါင်းပင်များကို ဖုံးသွားရန်ထယ်ထိုးပါ။ ပေါင်းသတ်ဆေးကို အညွှန်းပါအတိုင်း(သို့)ဆန်စပါးဌာနမှထောက်ခံအကြံပြုချက် (သို့)အစိုးရမှညွှန်းကြားထားသော နည်းလမ်းများအတိုင်းဆောင်ရွက်ပါ။
၁၄။အမည် ‒ မြက်မုံညှင်းစိမ်း
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ (Cyporusdifformis)
လက္ခဏာရပ်
သုံးမြှောင်ပုံပင်စည်နှင့်တစ်နှစ်ခံပေါင်းပင်ဖြစ်သည်။ပန်းပွင့်သည်အစိမ်းရောင်ဖြစ်ပြီးလွှသွားပုံသဏ္ဍာန်ရှိသည်။
ကျရောက်ချိန်
စိုထိုင်းသောမြေတွင်ပေါက်ရောက်သည်။ရွေ့ပြောင်းစိုက်စပါးခင်း၊အစိုစိုက်နှင့်အခြောက်စိုက်စပါးခင်းတို့တွင်တွေ့ရသည်။
ကာကွယ်နှိမ်နှင်းနည်း
ပေါင်းပင်နှင့်ယှဉ်ပြိုင်နိုင်ရန် အပင်ပေါက်နှုန်းကောင်းပြီး သန်စွမ်းသောအပေါက်မြန်သည့် မျိုးကောင်း/သန့်များကို သုံးစွဲပါ။ ချွေလှေ့ပြီး ပေါင်းများကို ဖယ်ထုတ်ထားသော မျိုးသန့်ကိုသုံးပါ။ပထမအကြိမ်ထယ်ထိုးပြီး ပေါင်းပင်များပေါက်လာပါက ဒုတိယအကြိမ်ထယ်ထိုးပါ။ ပေါင်းသတ်ဆေးအသုံးပြုရာတွင် အညွှန်းပါအတိုင်း (သို့) ဆန်စပါးဌာနမှထောက်ခံအကြံပြုချက်အတိုင်းအသုံးပြုရန်နှင့် အစိုးရမှညွှန်ကြားထားသော အခြားနည်းလမ်းများအတိုင်းဆောင်ရွက်ပါ။
၁၅။အမည် ‒ မြက်မုံညင်းအဝါ
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ Umberlla sedge (or) rice flat Sedge (Cyperus iria)
လက္ခဏာရပ်
တစ်နှစ်ခံပေါင်းပင်ဖြစ်သည်။ပေါင်းပင်ငယ်၏ထိပ်ဖျားသည်လှံသွားသကဲ့သို့ ချွန်နေသည်။ပန်းပွင့်များသည်သေးငယ်ပြီးအဝါရောင်နှင့်အညိုရောင်ဖြစ်သည်။
ကျရောက်ချိန်
စိုထိုင်းသောမြေစေးနှင့်သဲမြေတွင်ပေါက်သည်။ရွှေ့ပြောင်းစိုက်ပျိုးသောစပါးခင်း၊အစိုစိုက်စပါးခင်းနှင့်အခြောက်စိုက်စပါးခင်းတို့တွင် တွေ့ရသည်။
၁၆။အမည် ‒ မြက်ကွမ်းသီးလေး
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ Lesser fimbristy Lis, grass –like fimbristy (Fimbristylismiliaea (L))
လက္ခဏာရပ်
တစ်နှစ်ခံပေါင်းပင်ဖြစ်သည်။အပင်ပေါက်လေးများ၏ပင်ပွားများသည်ယပ်တောင်ကဲ့သို့ပြန့်ထွက်နေသည်။ပန်းခိုင်မှပန်းပွင့်များသည်အညိုရောင်အစုလိုက်ပုံသဏ္ဍာန်ရှိသည်။
ကျရောက်ချိန်
အစိုဓာတ်ရှိသောမြေတွင်ပေါက်ရောက်သည်။အစိုဓာတ်နှင့်အခြောက်စိုက်စပါးခင်းတို့တွင်တွေ့ရသည်။
၁၇။အမည် ‒ စပါးရိုင်း
ကျရောက်ချိန်
စပါးခင်းတွင်စပါးရိုင်းအနည်းငယ်စတင်ပေါက်သည်ကိုတွေ့ရသည်။၎င်းစပါးရိုင်းပင်များကိုသီးနှံနှစ်ရာသီ‒သုံးရာသီအထိရှင်းလင်းဖယ်ရှားမှုမပြုလျှင်စပါးရိုင်းပင်သန်းပေါင်းများစွာထိတိုးပွားလာပြီးစပါးပင်အားလုံးကိုဖုံးသွားနိုင်သည်။
ကာကွယ်နှိမ်နှင်းနည်း
စိုက်ပျိုးရာသီတစ်ရာသီစပါးမစိုက်ဘဲစပါးရိုင်းများအပေါက်ခံပြီးအပင်ငယ်စဉ်(သို့)ပန်းမပွင့်မီထယ်ထိုးပြီးရေလွှမ်းသတ်ခြင်း၊ပေါင်းသတ်ဆေးဖျန်းသတ်ခြင်းပြုလုပ်ကာစပါးရိုင်းများပန်းပွင့်ခြင်းကိုတားဆီးပေးခြင်းဖြစ်သည်။ပေါင်းသတ်ဆေးများသည်ပေါင်းသာမကစပါးပင်ကိုလည်းသေစေနိုင်သောကြောင့်စိုက်ပျိုးရေးဌာနမှထောက်ခံထားသောနည်းလမ်းများအတိုင်းသုံးစွဲပါ။