ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နေပြည်တော် တွင် တည်ဆောက်လျက်ရှိသည့် ISO အသိအမှတ်ပြု ဓာတ်ခွဲခန်း တည်ဆောက်ရေး လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နေပြည်တော် တွင် တည်ဆောက်လျက်ရှိသည့် ISO အသိအမှတ်ပြု ဓာတ်ခွဲခန်း တည်ဆောက်ရေး လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း သည် နိုဝင်ဘာလ ၂၄ ရက် ညနေပိုင်းတွင်
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင် ညွှန်ကြားရေးမှူး ဦးသိန်းတန် နှင့် တာဝန်ရှိသူများလိုက်ပါလျက်

နေပြည်တော် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေး သိပ္ပံကျောင်းဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ

စံချိန်စံညွှန်း သတ်မှတ်ရေးအဖွဲ့ ISO အသိအမှတ်ပြု ဓာတ်ခွဲခန်း တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ

တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ယွန်းပိုးသံစဉ်ကုမ္ပဏီ မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ် က သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်

Covid ကာလ ကျန်းမာရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ယခုတည်ဆောက်လျက်ရှိသည့် ISO အသိအမှတ်ပြု ဓာတ်ခွဲခန်း တွင် ပိုးမွှားရောဂါ ဆိုင်ရာများ၊ စိုက်ပျိုးရေး သွင်းအားစု တင်သွင်းတင်ပို့ခြင်းဆိုင်ရာ ထောက်ခံချက် ထုတ်ပေး နိုင်ရေးအတွက် လိုအပ်သော ဓာတ်ခွဲ အတည်ပြုခြင်းဆိုင်ရာလုပ်ငန်းများ၊ ပြည်ပပို့ကုန်များတွင် ဓာတု ဓာတ်ကြွင်း ပါဝင်မှု စစ်ဆေးခြင်းဆိုင်ရာများ စသည့် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲက ဆောင်ရွက်လျက်ရှိသည့် ဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် တည်ဆောက် ခြင်း ဖြစ်ကြောင်း အလားတူ ISO အသိအမှတ်ပြု ဓာတ်ခွဲခန်း ကို မန္တလေးမြို့တွင် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။