စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ
(ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွမ်းသီးနှံ)
ပဲတီစိမ်း မတ်ပဲ ပဲလွမ်း
မြန်မာအမည် - ပဲတီစိမ်း - မတ်ပဲ - ပဲလွမ်း
အင်္ဂလိပ်အမည် - Green gram - Black gram - Cowpea
- Mungbean
သိပ္ပံအမည် -Vigna radiata (L.) -Vigna mungo (L.) -Vigna sinensis
မျိုးရင်း - Leguminaceae - Leguminaceae - Leguminaceae
မြန်မာနိုင်ငံတွင် (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ်၌ ပဲမျိုးစုံ စိုက်ဧကစုစုပေါင်း (၁၁.၅) သန်းရှိပြီး မိုးပဲမျိုးစုံ (၄.၀၄ဧကသန်း)၊ ဆောင်းပဲမျိုးစုံ (၇.၄၇ဧကသန်း) စိုက်ပျိုးပြီး စုစုပေါင်း ပဲမျိုးစုံအထွက် မက်ထရစ်တန်ချိန် (၆.၃၇၇သန်း) ထုတ်လုပ်နိုင်ခဲ့၍ နိုင်ငံခြားသို့ မက်ထရစ်တန်ချိန် (၁.၂၃သန်း) တင်ပို့နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ပဲမျိုးပေါင်း (၁၈) မျိုး ခန့် စိုက်ပျိုးလျက်ရှိပြီး(၂၀၁၅-၂၀၁၆) ခုနှစ်တွင် ပဲတီစိမ်းစိုက်ဧက(၂.၉၉သန်း) ၊ မတ်ပဲ စိုက်ဧက (၂.၈သန်း) ၊ ပဲလွမ်းစိုက်ဧက (၀.၃၅သန်း) စိုက်ပျိုးနိုင်ခဲ့ပါသည်။ ပဲတီစိမ်းသီးနှံကို မိုးရာသီ၊ ဆောင်းရာသီ၊ မိုးကြိုရာသီများ၌ စိုက်ပျိုးပြီး မတ်ပဲ၊ ပဲလွမ်းသီးနှံများကို ဆောင်းရာသီတွင် စိုက်ပျိုးလေ့ရှိပါသည်။
ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီ၍ ဒေသရေမြေရာသီဥတုနှင့် သင့်လျော်သည့် ပဲမျိုးကောင်းမျိုးသန့်များ အသုံးပြုရမည်။ စိုက်ပျိုးမည့်သီးနှံမျိုးနှင့် စိုက်ပျိုးနည်းစနစ်များ သည် ပိုးသတ်ဆေးအသုံးပြုမှု အနည်းဆုံးဖြစ်သင့်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်း စေနိုင်မည့် နည်းစနစ်များနှင့် တွဲဖက်အသုံးပြုဆောင်ရွက်ရမည်။
အောက်ပါလင့်တွင် အပြည့်အစုံရရှိရင် pdf file ကို ဒေါင်းလုပ်ဆွဲယူနိုင်ပါသည်။
http://www.doa.gov.mm/doa/index.php?route=product/product&path=33_18&product_id=194
Registration is free and easy!