စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ  (နှမ်းသီးနှံ)

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (နှမ်းသီးနှံ)

မြန်မာအမည်                      -        နှမ်း

အင်္ဂလိပ်အမည်                   -        Sesame

သိပ္ပံအမည်                         -        Sesamun indicum L.

မျိုးရင်း                                     -           Pedaliaceae

 

နိဒါန်

မြန်မာနိုင်ငံတွင် နှမ်းစိုက်ဧကစုစုပေါင်းမှာ နှစ်စဉ်ပျမ်းမျှ (၄.၀၅) ဧကသန်းကျော် ရှိရာ၊ မိုးနှမ်းစိုက်ဧက (၂.၈၇) ဧကသန်း၊ ဆောင်းနှမ်း (၀.၉၁) ဧကသန်း၊ နွေနှမ်း (၀.၂၇) ဧကသန်း စိုက်ပျိုးလျှက်ရှိပါသည်။ နှမ်းသီးနှံကို မြန်မာနိုင်ငံအလယ်ပိုင်းမှ အပူပိုင်းဒေသ ဖြစ်သော စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးများနှင့် အောက်မြန်မာနိုင်ငံ ပဲခူးတိုင်း ဒေသကြီးများတွင် အများဆုံးစိုက်ပျိုးပါသည်။ မြန်မာနိုင်ငံ၏ နှမ်းသီးနှံထုတ်လုပ်နိုင်မှု တန်ချိန် (၉.၃၈) သိန်းကျော်ရှိပြီး၊ နိုင်ငံခြားတင်ပို့မှုအခြေအနေမှာ (၂၀၁၅-၂၀၁၆) ခုနှစ် စာရင်းများအရ နှမ်းတင်ပို့မှုတန်ချိန် (၀.၉၅) သိန်းကျော်တင်ပို့နိုင်ခဲ့ပါသည်။

နှမ်းသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဆိုသည်မှာ မြေပြုပြင်စိုက် ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုအနည်းဆုံးဖြစ်စေရန် လိုက်နာ ရမည့်နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်းလမ်းညွှန်မှုများဖြစ်ပါသည်။ နှမ်းသီးနှံကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် စိုက်ပျိုးထုတ်လုပ်မည် ဆိုပါက အောက်ပါစိုက်ပျိုးရေးဆိုင်ရာအချက်များ ကိုလိုက်နာဆောင်ရွက်ရမည်။

အောက်ပါလင့်တွင် အပြည့်အစုံရရှိရင် pdf file ကို ဒေါင်းလုပ်ဆွဲယူနိုင်ပါသည်။

http://www.doa.gov.mm/doa/index.php?route=product/product&path=33_18&product_id=195