ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ  နိုင်ငံတကာမှလယ်ယာကဏ္ဍမိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများဆွေးနွေးခြင်းသတင်း

နေပြည်တော်၊ ဇူလိုင်လ (၁၃)ရက်

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ(၁၃)ရက်နေ့ နံနက်(၉)နာရီ အချိန်တွင်  အသက်မွေးဝမ်းကျောင်း နှင့် စားနပ်ရိက္ခာဖူလုံရေးရံပုံငွေအဖွဲ့(LIFT Fund), ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO), အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်‌ရေးအေဂျင်စီUSAIDမှ အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့် မိတ်ဖက်အဖွဲ့ဝင်များအား ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌တွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း လုပ်ငန်းများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

            အလားတူ မွန်းလွဲ(၂)နာရီအချိန်တွင်  အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Mark Sofer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ သားငါး ကဏ္ဍဖွံ့ဖြိုးရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများနှင့် စီမံကိန်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ မြန်မာ့လယ်ယာ ထွက်ကုန်များ အရည်အသွေး ပြည့်မီစွာ နိုင်ငံတကာစျေးကွက်သို့ ချိတ်ဆက်တင်ပို့နိုင်ရေး အစီအမံများအား နှစ်ဖက်  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။